ဝက်ခြံအမျိုးအစားထဲမှာ မလွှဲမသွေရှောင်လွှဲမရနိုင်လောက်အောင် တွေ့ကြုံခံစားကြရတာကလည်း ဆားဝက်ခြံတွေပါပဲ။ ဆားဝက်ခြံတွေဟာ မျက်နှာရှိဆဲလ်အသေများနဲ့ အဆီဓာတ်များပေါင်းစပ်ပြီး ဖြစ်လာတတ်တဲ့ အမည်းရောင်အဆံများ ဖြစ်ပါတယ်။ လက်နဲ့ညှစ်ထုတ်လျှင်လည်း အမာရွတ်များကျန်ရှိတတ်ပြီး အသားရေကိုထိခိုက်ပျက်စီးစေတတ်တာကြောင့် ဆားဝက်ခြံပြဿနာကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်အောင် နည်းလမ်းတွေမျှဝေပေးလိုက်ပါတယ်နော်။

(၁) ပုံမှန်ဂျီးချွတ်သန့်စင်ပေးပါ

 Best Exfoliators & Scrubs For Men:
Photo : Tools of Men

မျက်နှာအသားအရေပေါ်တွင် ကြမ်းတမ်းစေမည့်အဆံများပါသော ဂျီးချွတ်ဆေးမျိုးထပ် အားပျော့တဲ့Acidများဖြစ်သော AHA ,PHA ပါတဲ့ Chemical ဂျီးချွတ်ဆေးမျိုးသုံးပေးခြင်းက အသားအရေရဲ့အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်သေတွေကိုအကောင်းဆုံးဖယ်ရှားပေးနိုင်တဲ့အတွက် ဆားဝက်ခြံတွေကို အမြန်ဆုံးရှင်းထုတ်ပေးနိုင်မှာအသေချာပါပဲ။

(၂) သဘာဝရွှံစေးပါဝင်သော Clay mask များဖြင့်ပေါင်းတင်ပါ

 couple man and woman smiling while standing in bathroom with face mask

Photo : Rolling Stone

Exfoliater လို့ခေါ်တဲ့ ဂျီးချွတ်ဆေးတွေသုံးပြီးရာတွင် မျက်နှာမှာရှိတဲ့ ချွေးပေါက်များပွင့်သွားပြီး အညစ်ကြေးများကင်းစင်နေ၍ ထိုအချိန်တွင် Clay mask သုံးပေးလိုက်ပါ။ ဒါဆိုရင် Clay mask မှာပါတဲ့ အာနိသင်များက ချွေးပေါက်ထဲထိဝင်ရောက်နိုင်ပြီး ဆားဝက်ခြံဖြစ်စေသောအဆီ၊ အညစ်အကြေးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။

(၃) နေရောင်ကာခရင်မ် ပုံမှန်လိမ်းပါ

Man applying beauty product in the bathroom

Photo : iStock

ချွေးပေါက်များထဲရှိ အညစ်အကြေးများကိုပါ ဖယ်ရှားပြီးချိန်တွင် ကျွန်တော်တို့မျက်နှာအသားရေသည် အထိအခိုက်မခံနိုင်အောင် နုနယ်သောအခြေနေဖြစ်ပါတယ်။ အဲ့အတွက် နေရောင်ခြည်ကိုပုံမှန်ထပ် ကာကွယ်နိုင်စေမည့် Sunscreen များလိမ်းပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာ နောက်ထပ်ဖုန်မှုန့်၊ အညစ်အကြေးများသာမက နေရောင်ခြည်ဒဏ်ကိုပါကာကွယ်နိုင်ပြီး ဖြူစင်ကြည်လင်တဲ့ အသားရေကိုပိုင်ဆိုင်နိုင်မှာပါ။

(၄) အသားရေခြောက်စေသော ပစ္စည်းများအား အလွန်အကြွံသုံးခြင်းမှ ရှောင်ရှားပါ

The Best Men's Face Scrubs And Why & How You Should Use Them - Grooming Lounge

Photo : Grooming Lounge

အသားအရေပြဿနာများအတွက်ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအများစုသည် မျက်နှာမှသဘာဝအဆီဓာတ်ကို လျော့နည်းစေသောနည်းဖြင့် ဝက်ခြံကဲ့သို့ပြသနာများကိုဖြေရှင်းတတ်ကြသည်။ ရေတိုရလဒ်အနေဖြင့် စိတ်ကျေနပ်စရာကောင်းသော်လည်း ရေဓာတ်၊ အဆီဓာတ် မညီမျှတော့လျှင် အဆီထုတ်နှုန်းပိုမြင့်လာပြီး ဆားဝက်ခြံသာမကအခြားသောပြသနာများကိုဖြစ်စေနိုင်ပါသည်။

Featured Photo : Newsweek