ကြည့်ရဆိုးတဲ့ဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်းစိတ်ညစ်နေရပြီလား။ ဒါဆိုရင်တော့ မျက်နှာပေါ်က ဝက်ခြံတွေကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကိုတင်ဆက်ပေးချင်ပါတယ်။

သွားတိုက်ဆေး

Source : San Diego Periodontics

သွားတိုက်ဆေးဟာလည်း ဝက်ခြံကုသတဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အရင်ဆုံး မျက်နှာကိုသန့်စင်အောင် ဆေးကြောပြီး ဝက်ခြံရှိတဲ့နေရာလေးတွေမှာ သွားတိုက်ဆေးအနည်းငယ်စီ လိုက်လိမ်းပေးရပါမယ်။ ညဘက်အိပ်ခါနီးအသုံးပြုရင်တော့ ပိုကောင်းပါတယ်။ တစ်ညလုံးလိမ်းထားလို့လည်းရတာမလို့ မနက်ရောက်တဲ့အခါ ဝက်ခြံလေးတွေ ညိုးခြောက်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ခရမ်းချဉ်သီး

Source : The Commercial Appeal

ဝက်ခြံကို နိုင်တဲ့သဘာဝနတ်ဆေးတစ်မျိုးကတော့ အားလုံးသိတဲ့ခရမ်းချဉ်သီးပါ။ အရင်ဆုံး ခရမ်းချဉ်သီးကို စင်ကြယ်အောင် ဆေးကြောပြီး ကြေညက်နေတဲ့ အနေအထားရအောင် ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ ထို့နောက် အဲ့ဒီကြိတ်ထားတဲ့ ခရမ်းချဉ်သီးထဲကို သံပရာသီးတစ်စိတ်ခန့် ညှစ်ထည့်ပေးရပါမယ်။ ပြီးရင်တော့ မျက်နှာပေါ်အနှံ့ လိမ်းပြီး သဘက်ခပ်ပါးပါးလေးနဲ့ မျက်နှာပေါ် နာရီဝက်ခန့် အုပ်ထားပေးပါ။ နာရီဝက်ပြည့်ရင်တော့ မျက်နှာသစ်လို့ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ်ကို (၂) ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ငှက်ပျောသီး

Source : Fun Times Guide

ငှက်ပျောသီးအခွံဟာ မျက်နှာပေါ်က အမဲစက်နဲ့ ဝက်ခြံတွေကို ကောင်းစွာကုသပေးနိုင်တဲ့ သဘာဝနည်း ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ပထမဦးဆုံး ငှက်ပျောသီးအခွံရဲ့ အတွင်းဘက်ကနေ မျက်နှာတစ်ဝက် စက်ဝိုင်းပုံပွတ်လိမ်းပေးပါ။ မျက်နှာအနှံ့ပွတ်လမ်းပြီးရင်တော့ နာရီဝက်ခန့်ထားရပါတယ်။ နာရီဝက်ပြည့်ရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ်ကို (၃) ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေ အဆီဖုတွေကို သိသိသာသာလျော့နည်းလာစေမှာပါ။