ယနေ့ခေတ်မှာ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေလည်း ဓာတ်ပုံရိုက်ခံရတာဝါသနာပါလာကြပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေကတော့ မိန်းကလေးတွေလောက် ဓာတ်ပုံရိုက်တဲ့အခါ သက်တောင့်သက်သာမဖြစ်ကြပါဘူး။ဒါကြောင့်ဒီနေ့မှာတော့ ယောက်ျားလေးတွေ ဓါတ်ပုံရိုက်တဲ့အခါ အဆင်ပြေစေဖို့ အခြေခံကျတဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။
(၁) ခြေချောင်းအကွာအဝေးကစပါ
တကယ်လို့သင်က မတ်တပ်ရပ်ဓာတ်ပုံရိုက်တဲ့အခါ သင့်ခြေထောက်ကို ပခုံးအကျယ်အတိုင်းအပြင်ဘက်ချဲ့ ထားရပါမယ်။ ခြေထောက်တွေက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာကိုပြပါတယ်။ အဲ့လိုမဟုတ်ဘဲ ခြေထောက်တွေ ကအတွင်းဘက်ညွှန်ပြနေမယ်ဆိုရင် ပင်ပန်းနေတယ် ဒါမှမဟုတ် တခါတရံကလေးဆန်သလိုဖြစ်နေပါတယ်။
(၂) အသက်ရှူသွင်းပြီး ရိုက်ပါ
အသက်ရှူလိုက်တဲ့အခါ ကျွန်တော်တို့် ရင်ဘက်ကပိုကျယ်သွားပြီး အစာအိမ်ကကျုံံ့သွားတဲ့အတွက် ရင်အုပ်ပိုကျယ်ပြီး ဗိုက်ချပ်သွားသလို ကိုယ်နေဟန်ထားကိုလဲ မတ်စေပါတယ်။ ဒါကြောင့် ကင်မရာဖလက်မီးမပွင့်ခင် အသက်ရှူ သွင်းထားပြီးရိုက်ပါ။
(၃) ပခုံးတွေကို ဖြေလျော့ထားပါ
ဓာတ်ပုံထဲက သင့်ရဲ့ပုံကသက်တောင့်သက်သာဖြစ်နေပုံပေါက်ဖို့ သင့်ပခုံးတွေကိုဖြေလျော့ထားဖို့လိုပါတယ်။ ဒါမှ သဘာဝဆန်တဲ့ပုံပေါက်စေမှာပါ။
(၄) လက်တွေကို ဘေးဘက်မချထားပါနဲ့
ဓာတ်ပုံရိုက်နေစဉ် သင့်လက်တွေကိုဘာလုပ်ရမှန်းမသိရင် လက်တဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ထား မျိုးလုပ်လို့ရပါတယ်။ ဒါဆို ရှက်ကိုးရှက်ကန်းဖြစ်နေပုံပေါက်တာကိုသက်သာအောင် ကူညီပေးပါတယ်။