တစ်ခါတစ်လေ လူတွေက အမှားတွေလုပ်ပြီး တခြားလူတွေကို အပစ်ပုံချတတ်ကြတယ်။ ဒီလိုနဲ့ သူတို့နားက လူတွေကို အဝေးရောက်အောင်တွန်းဖယ်ကြကာ တစ်ယောက်ထဲအထီးကျန်လာပြီး ဘဝရှေးဆက်ဖို့အခတ်အခဲတွေနဲ့ ကြုံလာတတ်ကြပါတယ်။ ဒီနေ့ kwee page ရဲ့ဆောင်းပါးမှာတော့ အောင်မြင်မှုတွေကို နှေးကွေးစေသော ရိုးရှင်းတဲ့အကြောင်းအရာလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
မရေရာသောအိပ်မက်များ
Source: A conscious Rethink
လူတော်တော်များများက စိတ်ကူးယဉ်အိပ်မက်တွေမက်ရတာကြိုက်ကြတယ်။ အိပ်မက်ထဲမှာ ဖြစ်ချင်တာဖြစ်ခွင့်ရှိသလို လုပ်ချင်တာလည်းလုပ်ခွင့်ရှိကြတာကိုး။ ဒါပေမယ့် တစ်ချို့သောလူတွေက အစွန်းဖက်ရောက်သွားတတ်ကြတယ်။ စိတ်ကူးယဉ်အိပ်မက်ထဲကနေ ထွက်မလာချင်ကြတော့ဘူး။ စိတ်ကူးယဉ်ကမ္ဘာထဲမှာနေပြီး ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီရောက်အောင် အားထုတ်ကြိုးပမ်းမူ တစ်စုံတစ်ရာ လုပ်ဆောင်မှုမရှိတော့ဘူး။ ဘာမှမလုပ်ပဲ တစ်နေရာတည်းမှာ ရပ်နေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အမြဲတမ်းလုပ်နေကျအလုပ်တွေထက် အရင်ကမလုပ်ဖူးတာတခုခုကို လုပ်ကြည့်လိုက်ပါ။ ထူးခြားမှုတွေ ခံစားရပါလိမ့်မယ်။
ရည်မှန်းချက်ပန်းတိုင်အပေါ် အာရုံစိုက်မှုနည်းပါးခြင်း
Source: Shutterstock
“နောက် (၅) မိနစ်နေရင် facebook ပိတ်ပြီးအလုပ်လုပ်တော့မယ်။” ဆိုတဲ့ အတွေးမျိုးကို လူတိုင်းနီးပါးတွေးမိကြပါလိမ့်မယ်။ နည်းပညာတွေ တိုးတတ်လာမှုကြောင့် ကမ္ဘာတစ်လွှားက စိတ်ဝင်စားစရာအကြောင်းတွေကို အချိန်နဲ့အမျှ သိခွင့်ရှိလာကြပါပြီ။ တစ်ချို့တွေကို လူမှုကွန်ယက်အသုံးပြုမူကို အချိန်အကန့်အသက်ဖြင့် လုပ်နိုင်ကြပေမယ့် တစ်ချို့တွေကတော့ မူးယစ်ဆေးစွဲသလိုမျိုး စွဲလမ်းနေကြပါတယ်။
တစ်ခါတစ်လေ လုပ်စရာအလုပ်တွေကို ပစ်ထားပြီးတော့တောင် အသုံးပြုတတ်ကြတယ်။ လူမူကွန်ယက်ကို အရေးပါတဲ့ သတင်းအချက်အလက်တွေစုစည်းဖို့နဲ့ မိမိအတွက်အဖိုးတန်တဲ့ ပညာရပ်တွေ ဆည်းပူးလေ့လာဖို့အတွက် အသုံးပြုသင့်ပါတယ်။ ပြီးတော့ အလုပ်အကိုင်ပျက်၊ အစားအသောက်ပျက်တဲ့အထိ အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
တာဝန်ယူမှု မရှိခြင်း
Source: On-Brand Partners
ဘဝမှာ ဖြစ်ပျက်လာတဲ့အရာအားလုံးဟာ ကျွန်တော်တို့ရဲ့အမှားမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်ပျက်လာတဲ့အရာတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အခြားလူတွေကို အပြစ်တင်ခြင်းက အခြေအနေကို ပြောင်းလဲမသွားစေပါဘူး။ ဒါပေမယ့် တာဝန်အပြည့်ယူခြင်းက ကျွန်တော်တို့ရဲ့ အနာဂက်ကိုတောက်ပလာနိုင်စေပါတယ်။ အမှားကိုဝန်ခံရဲပြီး အမှန်ကိုပြင်လိုတဲ့စိတ်ဟာ အောင်မြင်မှုပန်းတိုင်အတွက် အလွန်အရေးပါပါတယ်။
အတုအယောက်ပန်းတိုင်များ
Source: Planning The Future
သင့်ရဲ့အိပ်မက်တွေက ရည်မှန်းချက်ပန်းတိုင်အဖြစ် ပြောင်းလဲသွားသင့်ပါတယ်။ မိမိရှိမှာ ဘယ်လိုအရည်အချင်းတွေရှိလဲ ဘယ်လိုကုန်းကြမ်းတွေရှိနေလဲဆိုတာကို သေချာနားလည်အောင်ပြုလုပ်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အချိန်ဘယ်လောက်ယူရမလဲ စသဖြင့် တွတ်ချက်ထားသင့်ပါတယ်။ အတုအယောင် ပန်းတိုင်တွေက အောင်မြင်မှုကို ဆုတ်ယုတ်စေတဲ့ အတားအဆီးတွေပဲဖြစ်ပါတယ်။