တစ်ခါတစ်လေ ဘာလုပ်လုပ် အဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့လာရတဲ့အချိန်မှာ တချို့လူတွေက အပြစ်တင်တတ်ကြတယ်။ တချို့က စွန့်ခွာသွားတတ်ကြပါတယ်။ ဒီအခြေအနေမှာ စိတ်ဓာတ်ကျပြီး လက်မြှောက်အရှုံးပေးလိုက်တဲ့ သူတွေရှိသလို ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်သွားတဲ့ သူတွေလဲရှိပါတယ်။အခုပြောပြမှာကတော့ အောင်မြင်မှုတွေကို နှောင့်နှေးစေတဲ့ အကြောင်းအရင်းတွေဘဲ ဖြစ်ပါတယ်။

ချစ်တဲ့သူတွေဆီက အားပေးထောက်ခံမှုကို မရခြင်း

Source: HuffPost

အရေးကြီးဆုံးအချက်ပါဘဲ။ ချစ်တဲ့သူတွေဆီက အားပေးထောက်ခံမှု မရဘဲ အထင်အမြင်လွဲမှားနေမယ်ဆိုရင် ဘယ်အရာမှ အဆင်ပြေချောမွတ်နေမှာ မဟုတ်ပါဘူး။ စိတ်မကြည်မသာနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်ပေါ် အာရုံမစိုက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲ့တာကြောင့် ကိုယ်ချစ်တဲ့သူတွေနဲ့ အရင်ဆုံး ညှိနှိုင်းတိုင်ပင်ပြီး သူတို့ဆီက သဘောတူညီမှုနဲ့ အားပေးထောက်ခံမှုကို ရယူသင့်ပါတယ်။

အတွေးလွန်ခြင်း

Source: Who is mike vestii

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ဘယ်လိုပြဿနာကြုံရမယ်။ ဘယ်လိုအခက်အခဲတွေရှိမယ်။ ဘယ်လို ရှုံးနိမ့်နိုင်မယ် စတဲ့ မကောင်းတဲ့ ဘက်ကို အတွေးလွန်သွားတဲ့ခါ စိတ်ဓာတ်ကျပြီး ဒီအလုပ်အပေါ် မျှော်လင့်ချက်ထားနိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် အဆိုးနဲ့အကောင်း နှစ်ဖက်လုံးမျှတွေးပြီး အလုပ်တစ်ခုကို ပျော်ရွှင်စွာ လုပ်သင့်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း

Source: Youmatter

တချို့သူတွေက လုပ်ငန်းမအောင်မြင်တဲ့ခါ ဒါဟာ အစိုးရကြောင့် ၊ မိဘကြောင့်၊ အပေါင်းအသင်းကြောင့် စသည်ဖြင့်အပြစ်တင်တတ်ကြပါတယ်။ အမှန်တကယ်တော့ မိမိကိုယ်ပိုင်ရည်မှန်းချက်တွေ ၊ အောင်မြင်မှုတက်လမ်းတွေဟာ ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်ကြိုးစားယူရမှာဘဲ ဖြစ်ပါတယ်။

ပြင်းပြင်းထန်ထန် ကျရှုံးဖူးခြင်း

Source: Czech & Slovak Leaders

အရှုံးနဲ့ ရင်မဆိုင်ဖူးတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ အဲ့ထဲမှာမှ အရှုံးတွေက သင်ခန်းစာယူပြီး အောင်မြင်သွားကြတာတွေလဲရှိပါတယ်။ ဒါပေမယ့် ဆုံးရှုံးမှုဒဏ်ကို အလူးအလဲ ခံရသူအဖို့တော့ နာလန်ထူဖို့တော်တော်အားယူရမှာဘဲ ဖြစ်ပါတယ်။ နောက်ထပ်ကျရှုံးဖို့ တော်တော်ကြောက်သွားတာမို့ လုပ်ငန်းသစ်ပြန်စဖို့ အချိန်တော်တော် ရှိနေတတ်ကြပါတယ်။