Relationship တစ်ခုတည်ဆောက်တာဟာ အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။ သိထားရမဲ့အချက်တွေ ရှောင်ရမဲ့အချက်တွေ လုပ်သင့်တဲ့အချက်တွေကို မသိထားရင်တော့ Relationship တစ်ခုဟာ ပြိုကွဲလွယ်ပါတယ်။ အခု Kwee Page ကနေပြီးတော့ ကွီးတို့ သိထားသင့်တဲ့ ရိုးရှင်းပြီး အသုံးဝင်တဲ့ အချက်တွေကို ပြောပြပေးမှာပါ။

Talk of sweethearts

Source : Freepik

သင်ချစ်တဲ့သူက အနားမှာ အမြဲတမ်းထင်နေရင် မှားသွားပါလိမ့်မယ်။ လူတိုင်းက ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်လွတ်လပ် ခွင့်လိုချင်ကြပါတယ်။ သင်ကဒါကိုနားလည်းထားတဲ့သူဆို ကိုယ့်ရဲ့ အဖော်ဖြစ်တဲ့သူကိုလည်း နားလည်အောင် ပြောပြပေးရပါမယ်။ မိသားစု သို့မဟုတ် သူငယ်ချင်းတွေအတွက် ကိုယ်ပိုင်အချိန်တွေ လိုအပ်ပါတယ်။ ဒါက သင်တို့နှစ်ယောက်ကြားက Relationship ကို ရပ်ခိုင်းနေတာမဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် တယောက်အပေါ်တယောက်ထားတဲ့ စိတ်ခံစားမှုကို ရိုးသွားခြင်းမရှိပဲ အသစ်တဖန်လိုဖြစ်နေမှာပါ။

လူတယောက်ချင်းစီမှာ မတူညီတဲ့ ဝါသနာနဲ့ခံစားချက်တွေရှိပါတယ်။ သင်က ဘောလုံးကန်တာကြိုက်လို့ သူလည်း ဘောလုံးဝါသနာပါရမယ်လို့ မထင်လိုက်ပါနဲ့။ အတင်းလည်း လိုက်လုပ်ဖို့ မတိုက်တွန်းပါနဲ့။ နှစ်ယောက်သား အခြေအတင် ဖြစ်ရပါလိမ့်မယ်။ သင် ဝါသနာပါရာကို လုပ်ပါ။ သူ့ကိုလည်း သူဝါသနာပါရာ ဥပမာ အားကစား (သို့) ဂီတာ စသဖြင့် လုပ်ခိုင်းပါ။

Beauty of the nature. couple have arrived to the forest on their brand new black car

Source : Freepik

ဒါကလည်း မှားယွင်းတဲ့ ယူဆမှုတစ်ခုပါ။ ဘယ်တော့မှ ရန်မဖြစ်တာ အခြေအတင် စကားမများကြတာက တစ်ယောက်နဲ့တစ်ယောက် ဂရုမစိုက်ကြတာပါ။ ရန်ဖြစ်လေ့ဖြစ်ထမရှိတဲ့ အတွဲတွေတော်တော်များများ ကွဲသွားကြတာများပါတယ်။ ရန်ဖြစ်တဲ့အခါမှာ တဖက်သားအပေါ် နာကျင်စေမဲ့စကားလုံးတွေ မပြောဖို့လိုပါတယ်။ ရန်ဖြစ်ကြတယ်ဆိုရင် တယောက်အပေါ်တယောက် မကျေနပ်ချက်တွေ ပြောလာကြပါလိမ့်မယ်။ ဒါက တယောက်အပေါ်တယောက် ဘယ်လိုအမြင်တွေရှိနေလဲဆိုတာ လေ့လာနိူင်တဲ့အခွင့်အရေးတခုပါ။

သင့်မိသားစုနဲ့ သူငယ်ချင်းတွေအပေါ် သူ ခင်တွယ်လာဖို့ အများကြီး မမျှော်လင့်ထားပါနဲ့။ သင်ကိုယ်တိုင်တောင် သင့်မိသားစု အဆင်ပြေနေတဲ့လူ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သင်တို့နှစ်ယောက်က တယောက်အပေါ်တယောက် ချစ်ကြဖို့ပဲ ရွေးချယ်ခဲ့ကြတာပါ။

ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့ Relationship အကြောင်းတွေကို ရုပ်ရှင်တော်တော်များများကနေ သိထားကြပါတယ်။ ဒါပေမဲ့ တကယ့်အပြင်လက်တွေ့ဘဝနဲ့ ရုပ်ရှင်ထဲက အဖြစ်အပျက်တွေက ရာနှုန်းပြည့်မတူညီကြတာကို သတိပြုမိဖို့ လိုအပ်ပါတယ်။