ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်ကပြောတဲ့စကားကို နောက်တစ်ယောက်က နားမထောင်တော့ဘူး အကြံဥာဏ်စိတ်ကူးတွေကိုလည်း စိတ်မဝင်စားတော့ဘူးဆိုရင် တဖြည်းဖြည်းနဲ့ လမ်းဆုံးနီးလာပြီလို့ ပြောလို့ရပါတယ်။ တစ်ယောက်က ပြောလိုက်တဲ့ စကားကို အခြားတစ်ယောက်က မကြိုက်နှစ်သက်တော့ဘူးဆိုရင် တစ်ယောက်ကိုတစ်ယော်က အဝေးကို တွန်းထုတ်နေသလို ဖြစ်သွားပါလိမ့်မယ်။
ဒါ့ကြောင့် ဒီနေ့ kwee page က ချစ်သူစုံတွဲတွေကြားမှာ နားလည်မှုလွဲမှားတာတွေမဖြစ်အောင် ကူညီနိုင်မယ့် အကြံတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ရဲ့ ဆန္ဒကိုထုတ်ဖော်ပြောကြားတဲ့အခါမှာ အငြင်းစကားလုံးတွေကို တက်နိုင်သမျှရှောင်ရှားပါ

Source: Pinterest
အငြင်းစကားလုံးတွေဖြစ်တဲ့ “မလုပ်ဘူး၊ မလုပ်ချင်ဘူး” စတဲ့ စကားလုံးတွေဟာ အဆိုးမြင်ဝါဒ တွေကိုထုတ်ဖော်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောပြချင်တဲ့အခါမှာ ဒီလိုစကားလုံးတွေကို တက်နိုင်သမျှရှောင်ရှားပေးပါတယ်။ ဒီစကားလုံးတွေသုံးမယ်ဆိုရင် သင့်ရဲ့ပါတနာအနေနဲ့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို နားလည်ရခက်နေပါလိမ့်မယ်။
အဆိုး – နင်ငါ့ကို ထိန်းချုပ်မှာ မလိုလားဘူး
အကောင်း – နင်ငါ့ကို ယုံကြည်စေချင်တယ်။
“ဒါပေမယ့်” ဆိုတဲ့စကားလုံးအစား “ပြီးတော့” ဆိုတဲ့စကားလုံး သုံးပေးပါ

Source: PsychAlive
ဒီစည်းမျဉ်းလေးက ရိုးရှင်းပုံပေါ်ပါတယ်။ ဒါပေမယ့် တကယ်လိုက်နာကျင့်သုံးတဲ့အခါမှာတော့ အချိန်တွေအများကြီး ပေးကာ လေ့ကျင့်ယူရလေ့ရှိတာကို တွေ့မြင်လာပါလိမ့်မယ်။ ဒီစည်းမျဉ်းလေးက ချစ်သူစုံတွဲတွေကြားမှာ တကယ်ကို အသုံးဝင်ပါတယ်။ ချစ်သူနှစ်ဦးကြား စကားအခြေအတင် ဖြစ်စေမယ့် အခြေအနေတွေကနေ ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒီစည်းမျဉ်းကို အသုံးချကြည့်ပါ။ ရလဒ်ကို သင် ကျေနပ်ပါလိမ့်မယ်။
အဆိုး – ငါနင့်ကိုနားလည်းတယ်။ ဒါပေမယ့် နင်လည်းငါ့ကို နားလည်စေချင်တယ်။
အကောင်း – ငါနင့်ကိုလည်းတယ်။ ပြီးတော့ နင်လည်းငါ့ကိုနားလည်စေချင်တယ်။
ချီးမွမ်းတာတွေကို အဆိုးမြင်စကားလုံးတွေနဲ့ မဖျတ်စီးပါနဲ့

Source: Psychology Today
တချို့လူတွေက ချီးမွမ်းစကားပြောတာနဲ့ ဝေဖန်တဲ့ စကားလုံးတွေကို ရောနှောပြီး သုံးတတ်ကြပါတယ်။ ဒါကို သူတို့က ကျေနပ်နေလေ့ရှိကြပြီး သူတို့ကိုယ်သူတို့ တော်တဲ့ထက်တဲ့လူတွေလို့လည်း ယူဆထားကြတယ်။ တကယ်တော့ သူတို့တွေဟာ မကောင်းတဲ့အရာတွေအပေါ် တုံ့ပြန်မှုအားကောင်းတဲ့ ဦးနှောက်တွေရှိနေကြလို့ပါပဲ။ လူတစ်ယောက်ကို ချီးမွမ်းစကားပြောတော့မယ်ဆိုရင် ဝေဖန်တဲ့စကားလုံးတွေ မသုံးတာအကောင်းဆုံးပါ။
အဆိုး – ညစာက စားလို့ကောင်းတယ်။ မနေ့ညကနဲ့မတူဘူး။
အကောင်း – ညစာက စားလို့ကောင်းတယ်။ ကျေးဇူးပဲ။
လူတွေက စကားလုံးရဲ့ စွမ်းအားကို နားလည်ကြပေမယ့် ကျင့်ကြံအားထုတ်ဖို့ လုပ်ဖို့အတွက် ပျင်းရိနေတက်ကြတယ်။ စကားအပြောအဆို တက်တဲ့လူတွေဟာ ချစ်သူရည်းစားကြားမှာသာမက စီးပွားရေးလုပ်ငန်းတွေမှာလည်း အဆင်ပြေချောမွေ့ကြပါတယ်။
