ကိုယ့်ရဲ့ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း အစရှိသည်တို့သည် သပ်ရပ်သန့်ရှင်းနေတာမျိုးကိုသာ လူတိုင်းက လိုချင်ကြတာပါ။ ထိုကဲ့သို့ သပ်ရပ်ကျော့ရှင်းလှပတဲ့ အိမ်တစ်လုံးဖန်တီးဖို့က မခက်ခဲပါဘူး။

အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာရုံနဲ့ Luxury ဆန်ပြီး သပ်ရပ်ကျော့ရှင်းတဲ့ အိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အကြံပြုထားပါတယ်။

သပ်ရပ်ခြင်းနဲ့ သန့်ရှင်းခြင်းနှစ်ခုကို ပေါင်းစပ်လိုက်ပါ

Simple Secrets of a Luxury and clean Home from Professionals

သပ်သပ်ရပ်ရပ်ရှိတယ်ဆိုတာကတော့ အဝတ်အစားများက ကြမ်းပြင်ပေါ်မှာ ဟိုတစ်ပုံဒီတစ်ပုံနဲ့ ပြန့်ကျဲနေတာမျိုးမဟုတ်ဘဲ သူ့နေရာနဲ့သူ ရှိနေခြင်းကို သပ်သပ်ရပ်ရပ်ရှိတယ်လို့ ဆိုလို့ရပါတယ်။

သန့်ရှင်းဖို့အတွက်ဆိုရင်တော့ အိမ်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ အခုခေတ်က နောက်ဆုံးပေါ် စက်ပစ္စည်းတွေပေါ်နေပြီဆိုတော့ တံမြက်စည်းလှည်း၊ ကြမ်းတိုက်စရာမလိုဘဲ ဖုန်စုပ်စက်လေး ရှိရုံနဲ့တင် အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် အိမ်သန့်ရှင်းရေး ပြုလုပ်နိုင်နေပါပြီ။

မလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို မဝယ်ယူပါနဲ့

Simple Secrets of a Luxury and clean Home from Professionals

မီးအိမ်အသစ်တစ်လုံး မဝယ်ခင်မှာ ကိုယ့်အိပ်ခန်းထဲက မီးအိမ်က ကောင်းသေးတယ်ဆိုရင် မဝယ်ပါနဲ့။ မလိုအပ်တဲ့ပစ္စည်းတွေ တစ်ခုပြီးတစ်ခုစုပုံလာတဲ့အခါ သင့်အိမ်ပဲ ကြည့်ရရှုပ်နေမှာဖြစ်ပါတယ်။ Luxury ဆန်တဲ့အိမ်မျိုးဖန်တီးချင်တယ်ဆိုရင် အမြင်ရှင်းပြီး သေသပ်လှပတဲ့မြင်ကွင်းမျိုးကို ဖန်တီးဖို့လိုအပ်ပါတယ်။

အရေးပေါ် ပုံးတစ်ပုံးထားထားပါ

Simple Secrets of a Luxury and clean Home from Professionals

ဧည့်သည်တွေဆိုတာ ကိုယ် မမျှော်လင့်တဲ့အချိန်မှာ ရောက်လာတတ်ကြတာမဟုတ်လား။ မိမိက အိမ်သန့်ရှင်းရေး မလုပ်ရသေးခင်မှာ ဧည့်သည်ရောက်လာရင် ရှုပ်ပွနေတဲ့ပစ္စည်းများကို အရေးပေါ်ပုံးထဲသာ ပစ်ထည့်လိုက်ပါ။ ဧည့်သည်ပြန်သွားမှ ပုံးထဲကနေပြန်ထုတ်ပြီး သူ့ရှိသင့်တဲ့နေရာမှာ အစီအရီပြန်ထားသင့်ပါတယ်။

အခန်းထဲက မထွက်ခင်မှာ ထိုအခန်းကို စစ်သွားပါ

Simple Secrets of a Luxury and clean Home from Professionals

Photo: Yellowbrickhome

ဧည့်ခန်းမှာ တီဗွီကြည့်ပြီးနောက် အခြားအခန်းသို့ ပြောင်းတော့မယ်ဆိုရင် ဧည့်ခန်းထဲမှာ ဘာပစ္စည်းတွေ ကျန်ခဲ့သလဲ စစ်ပါ။ ဧည့်ခန်းနဲ့ မဆိုင်တဲ့ပစ္စည်းများအားလုံးကို သက်ဆိုင်ရာနေရာသို့ ပြောင်းပြီးမှ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပါ။ ဒီအလေ့အကျင့်ကောင်းကို မွေးမြူခြင်းသည် သပ်ရပ်ကျော့ရှင်းပြီး Luxury ဆန်တဲ့ အိမ်တစ်လုံး ဖန်တီးနိုင်ကြောင့် ကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါတယ်။

စိတ်ရှုပ်ထွေးလာတဲ့အခါ အိမ်သန့်ရှင်းရေးလုပ်ပါ

Simple Secrets of a Luxury and clean Home from Professionals

Photo: Freepik

စိတ်ရှုပ်ထွေးလာတဲ့အခါ၊ တစ်စုံတစ်ရာကို လေးလေးနက်နက်စဉ်းစားဖို့လိုအပ်လာတဲ့အခါ အိမ်သန့်ရှင်းရေးသာ ကောက်လုပ်လိုက်ပါ။ ပစ္စည်းတွေ စုစုစည်းစည်းဖြစ်သွားတာကို မြင်ရင် သင့်စိတ်လည်း ရှင်းသွားမှာဖြစ်ပြီး စိတ်ခံစားချက်များလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

စာဖတ်သူရော Luxury ဆန်ပြီး သပ်ရပ်ကျော့ရှင်းတဲ့ အိမ်တစ်လုံးဖန်တီးဖို့အတွက် ဘယ်လိုနည်းလမ်းကောင်းလေးတွေ အသုံးပြုသင့်တယ်လို့ ထင်ပါသလဲ။

Source: Brightside.me

Featured Image Source: Medium