လူတိုင်းလူတိုင်းက ဘဝအတွက်ကြိုးစားရုန်းကန်းရင်းအောင်မြင်မှု ပန်းတိုင်တွေစီကို အရောက်သွားနေကြသူချည်းပါပဲ။ ဒီတစ်ခေါက်မှာတော့ စာဖတ်သူတို့ ဘဝမှာမျော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်စီကို အရောက်သွားရာမှာ လက်ခံကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) ကြိုတင်ပြင်ဆင်မှုရှိပါ

Source : Shutterstock

ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး ကြုံသလိုလုပ်တက်တဲ့အကျင့်ရှိရင် ချက်ချင်းဖျောက်ဖျက်လိုက်ပါ။ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်မှုရှိရင်အမှားနည်းသလို မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့နဲ့ တိကျစွာလုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ခြင်းကို မဖြစ်မနေဦးစားပေးလုပ်ဆောင်ပါ။

(၂) ကိုယ့်ကိုယ်ကိုနှိမ့်ချပါ

Source : Shutterstock

ကိုယ့်ကိုယ်ကိုနှိမ့်ချတက်တဲ့ အကျင့်ကကောင်းမွန်တဲ့အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်အနေနဲ့ ဘယ်လိုနေရာကိုရောက်နေသည်ဖြစ်စေမာနဂုဏ်ထောင်လွှားနေလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်နေခြင်းက ကျရှုံးမှုနဲ့ ကြုံလာတဲ့အခါ သူများထက် ၂ဆပိုအထိနာနိုင်ပါတယ်။

(၃) လေ့လာသင်ယူပါ

Source : Shutterstock

ကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူတွေ စီနီယာတွေကို မေးမြန်းဖို့ အကူညီတောင်းဖို့ မရှက်ပါနဲ့။ အောင်မြင်ခြင်းရဲ့ အစက လေ့လာသင်ယူခြင်းတွေနဲ့ စခဲ့ရတာပါ။ဒါကြောင့် ကိုယ်မသိတာတွေ ထပ်ဆောင်းသိချင်တဲ့အကြောင်းအရာတွေကို မေးပါ။ကိုယ့်ထက်ဝါရင့်သူတွေဆီကနေ လေ့လာသင်ယူပါ။

(၄) အလုပ်ချိန်ကိုခွဲထားပါ

Source : Shutterstock

တစ်ရက်ကို နာရီ ၂၀ လောက်အလုပ်လုပ်ရင် သေချာပေါက်အောင်မြင်လိမ့်မယ်လို့ မပြောနိုင်ပါဘူး။ လူတစ်ယောက်ဟာ စက်ရုပ်မဟုတ်တဲ့အတွက် အလုပ်လုပ်ချိန် အနားယူချိန်ဆိုတာ ရှိကိုရှိသင့်ပါတယ်။ အလုပ်လုပ်တဲ့အချိန်မှာ သေချာအာရုံစူးစိုက်ပြီးလုပ်ဆောင်သင့်သလို အနားယူတဲ့အချိန်မှာလည်း ပြည့်ပြည့်ဝဝအနားယူသင့်ပါတယ်။

(၅) ဇွဲကောင်းကောင်းရှိပါ

Source : Shutterstock

အောင်မြင်မှုကို လိုလားရင် ကျရှုံးခြင်းဆိုတာကိုလည်းမေ့ထားလို့မရပါဘူး။လောကမှာအောင်မြင်နေသူတိုင်းက တစ်ကြိမ်တစ်ခါထဲနဲ့ ရခဲ့တဲ့သူတွေ မရှိသလောက်ပါပဲ။အကြိမ်ကြိမ်ကြိုးစားခဲ့ရတယ်။ ကျရှုံးမှုတွေကို စိတ်ဓာတ်မကျပဲ နှစ်ဆပိုကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ ရည်မှန်းချက်ကို ပြင်းပြတဲ့စိတ်နဲ့ ဇွဲရှိရှိကြိုးစားလိုက်ပါ။