Anxiety ဟာ လူတိုင်း ကြုံနေရတဲ့ ပြဿနာဖြစ်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အပေါ့စား စိတ်ရှုပ်ထွေးမှုလို နေ့စဉ်ကြုံနေရတဲ့ စိတ်ပိုင်းပြဿနာအတွက် အခုပြောမယ့် အကြံပြုချက်တွေ လိုက်နာမယ်ဆိုရင် သက်သာရာ ရပါလိမ့်မယ်။

စိတ်ရှုပ်ထွေးမှုကို ရင်ဆိုင်ရာမှာ ထိရောက်တဲ့နည်းကတော့ ကိုယ့်ရဲ့ အတွေးတွေကို သေသေချာချာ မေးခွန်းထုတ် အကဲဖြတ်ဖိုပါ။ ကိုယ့်အတွေးထဲက pattern တွေက ဘယ်လိုလဲ။ မကောင်းတာတွေ များလို့ စိတ်ရှုပ်ထွေးနေတာ ဖြစ်ပါလိမ့်မယ်။ ဒီအတွေးဆိုးတွေက ယုတ္တိရှိသလား ။ ကိုယ့်ကိုယ်ကို စိစစ်ပါ။ အဓိက အကြံပေးချင်တာက သင့်အတွေးကို သင်သိပြီး သရုပ်ခွဲဖို့ပါ။ အတွေးဆိုးတွေကို တည့်တည့်ကြည့်ပြီး စိစစ်ပြီးရင်တော့ သင့်အတွေးကို သစ်လွင်တောက်ပတဲ့ မြင်ကွင်းကနေ လှည့်ကြည့်ဖို့ အချိန်ပေးသင့်ပါတယ်။

man looking away

Photo : The Positivity Blog

ကြောက်နေချိန်မှာ ဒါမှမဟုတ် စိုးရိမ်နေချိန်မျိုးမှာ ကျွန်တော်တို့ဟာ အသက်ရှုဖို့တောင် မေ့နေကြပါတယ်။ ဒါကို သတိပြုပါ။ သင် အသက်ပြင်းပြင်း ရှုဖို့ လိုနေပါပြီ။ အသက်ကို နည်းစနစ်တကျ ရှုပြီး အတွေးတွေနဲ့ စဉ်းစားနေတဲ့ အကြောင်းအရာတွေကို ခေါင်းထဲက ထုတ်ထားပါ။ လိုအပ်ရင် ၁၅ မိနစ် မိနစ် ၂၀ လောက် တိတ်ဆိတ်ရာမှာ ထိုင်ပြီး မျက်လုံးမှိတ် အသက်ရှုပြီး စိတ်နဲ့ တင်းနေတဲ့ အကြောတွေ လိုက်လျှော့သင့်ပါတယ်။

စိတ်ရှုပ်ခြင်းဟာ ခန္ဓာဗေဒကိုလည်း တိုက်ခိုက်ပါတယ်။ သင် စိတ်ရှုပ်နေချိန်မှာ ကြာကြာထိုင်လေလေ ပိုပင်ပန်းလာလေလေပါ။ ဒီအချိန်မှာ ၁၅ မိနစ် အချိန်ယူပြီး လမ်းလျှောက်ကြည့်ပါ။ ကိုယ်အင်္ဂါတွေ လှုပ်ရှားလာတာနဲ့အမျှ မြင်ကွင်းသစ်တွေ ၊ အာရုံသစ်တွေနဲ့ စိတ်မနောဟာ ထိတွေ့လာပြီး Mood အသစ် ပြောင်းသွားပါလိမ့်မယ်။ဒါဟာ သဘာဝရဲ့ စိတ်ခံစားမှုတည်ငြိမ်စေတဲ့ Natrue Therapy လည်း ဖြစ်သလို ကိုယ်စိတ် နှစ်ပါး ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းလည်း ဖြစ်ပါတယ်။

man thinking

Photo : Ideal Introductions

တရားထိုင်ခြင်းဖြစ်စေ စိတ်ပင်ပန်းစရာကြုံချိန်မှာ တရားနဲ့ လျော်ညီအောင် အစွန်းနှစ်ဖက်လွတ် ခံစားတဲ့ အလေ့အထမျိုး လုပ်တာ ဖြစ်စေ လုပ်သင့်ပါတယ်။ ကိုယ်တွင်း စွမ်းအင်တွေ တစ်ဖန်ပြန်မွေးတဲ့ Autogenic Training လိုမျိုး နည်းစနစ်ကောင်းတွေနဲ့ ကိုယ်ရော စိတ်ပါ အနားယူပါ။စိတ်နဲ့ ရုပ်နှစ်ဖြာပေါင်းပြီး သမာဓိဖြစ်အောင် ငြိမ်သက်ခြင်း အလေ့အထကောင်းနဲ့ ကိုယ်ပင်ပန်းမှု ၊ စိတ်နွမ်းနယ်မှုတွေကို လျှော့ချခြင်းဟာ နှလုံးခုန်နှုန်း မှန်စေသလို အာရုံကိုလည်း ငြိမ်သက်စေပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ပျော်ရွှင်မှုရသကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

Featured Photo : Introvert, Dear