လူတိုင်းလူတိုင်းအတွက် နေ့တနေ့တာမှာ မနက်ခင်းကအရေးအကြီးဆုံးဖြစ်ပါတယ်။ တနေ့တာလုံးအဆင်ပြေမ ပြေဆိုတာဟာ မနက်ခင်းမှာအများကြီးမူတည်နေတဲ့အတွက် ကိုယ့်အတွက်ကောင်းမယ့်အရာလေးနဲ့ နေ့တနေ့ ကိုစတင်တာဟာ တနေ့တာကိုအများကြီးအဆင်ပြေစေပါတယ်။ ဒါဆို ဘယ်လိုအမူအကျင့်လေးတွေက သင့်ရဲ့တနေ့တာကို ကောင်းမွန်စေလဲဆိုတာပြောပြပေးပါမယ်။

Man wake up and stretching in morning with sunlight

Source : Freepik

သင်အိပ်ရာနိုးခါကာစ သင့်အိပ်ရာထဲမှာ သင်နိုးလာတာနဲ့တပြိုက်နက် ကိုယ့်ကိုယ်ကို ငါဟာ အရာအားလုံးနဲ့ထိုက်တန် ကောင်းမွန်တယ်၊ သန်မာတယ်၊ လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ ကြည့်ကောင်းတယ် စသဖြင့် ကိုယ့်အတွက်ကိုယ် အကောင်းမြင်စိတ်နဲ့ စကား ဒါမှမဟုတ် စိတ်ထဲကနေ ပြောပေးပါ။ ဒါက သင့်ကိုယ်သင်တနေ့တာလုံးအလုပ်တွေမှာ ယုံကြည်မှုရှိရှိလုပ်နိုင်ဖို့ကူညီပေးပါတယ်။သင်က သီချင်းနားထောင်ရတာကြိုက်တဲ့သူဆိုရင် အိပ်ရာကနိုးနိုးချင်းအချိန်မှာ သီချင်းလေးတွေ၊ တီးလုံးသံစဉ်လေးတွေနားထောင်ပေးတာက သင့်ကိုလန်းဆန်းတက်ကြွစေပြီး စွမ်းအင်တိုးစေပါတယ်။

မနက်စာ စားဖို့ကို သင်ခနခနကြားဖူးမှာပါ။ ဒါပေမယ့် သင့်ရဲ့တနေ့တာအတွက်အရေးပါဆုံး အစားတနပ်ဖြစ်လို့ ထပ်မံသတိပေးလိုက်ပါတယ်။ မနက်စာ စားတာက တနေ့တာလုံးဗိုက်ခနခနဆာတာကို လျော့စေပြီး အလုပ်မှာ အာရုံစူးစိုက်မှုပိုကောင်းစေတယ်။ ပြီးတော့ မနက်စာ မစားဘဲနေတာက အဝလွန်ခြင်းကိုအားပေးပါတယ်။ပျော်ရွှင်မှုရဖို့ ရိုးရှင်းတဲ့နည်းလမ်းထဲမှာ မနက်တိုင်းအိပ်ယာသိမ်းတာက ထိပ်ဆုံးကပါပဲ။ တနေ့တာရဲ့လုပ်ငန်း ဆောင်တာတွေမစခင် ဒီလုပ်ဆောင်မှုသေးသေးလေးက တနေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဖို့ သင့်ကို စွမ်းအင်တွေအများကြီးရစေပါတယ်တဲ့။

Silhouette of a young fitness man running on sunrise

Source : Freepik

နောက်ဆုံးအချက်ကတော့ ဒါတွေအားလုံးကို အေးအေးဆေးဆေးလုပ်လို့ရအောင် အနေနဲ့က မနက်စောစောထဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစောထတာက အချိန်ပိုရတဲ့အတွက် အခုပြောခဲ့တဲ့အချက်တွေအားလုံးလုပ်နိုင်ဖို့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ မနက်ခင်းလမ်းလျှောက်တာ၊ ပြေးတာလို လေ့ကျင့်ခန်းတွေလုပ်ပေးနိုင်ရင်လဲ ပိုကောင်းပါတယ်။ ဒါဆို သင့်ရဲ့နေ့ရက်တိုင်းကို အမြဲတမ်းအကောင်းမြင်စိတ်တွေနဲ့ဖြတ်သန်းနိုင်မှာပါ။