ပြုပြုပြင်ပြင် နေတတ်ဆင်တတ်သူဟာ ဆွဲဆောင်မှုရှိပါတယ်။ တော်ရုံရုပ်မလှတောင် ဖက်ရှင်မှာ အတုခိုးချင်အောင် တော်တဲ့သူတွေ မြင်ဖူးကြမှာပါ။ အဝတ်အစားကို ဘယ်လိုဝတ်ရမလဲ သိခြင်းဟာ တကယ်ပဲ အသုံးတည့်လှတဲ့ အရည်အချင်းတစ်ရပ်တစ်ခုဆိုတာ ငြင်းမရပါဘူး။ ဒီလို အရည်အချင်းမျိုးရဖို့အတွက် ဖက်ရှင်ကျကျ ဝတ်စားတတ်သူတွေ ပေးတဲ့ အကြံဉာဏ်တစ်ချို့ကို အလေးထားဖို့ လိုပါတယ်။

ရိုးရှင်းပါစေ

Photo: popoptiq

ဘာဝတ်ရမလဲ ။ ဘာကို မဝတ်ရဘူးလဲဆိုတာ စဉ်းစားလို့ မရဘူးဆိုရင် အလွယ်ဆုံးက ရိုးနိုင်သမျှ ရိုးအောင် ဝတ်ဖို့ပါပဲ။ Simple Style ဟာ ရိုးသွားတယ် မရှိတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ အလွယ်ဆုံးက Classic Jeans နဲ့ T-Shirt ဝတ်ဖို့ပါပဲ။

Brand Crazy မဖြစ်ပါစေနဲ့

Photo: tfortrends

Brand တွေနောက်လိုက်တာဟာ ငွေကုန်တဲ့အပြင် မဝတ်တတ်ရင် စတိုင်ပါ ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ Brand Crazy ဖြစ်သူဟာ အဝတ်အစားထက် Brand နောက် လိုက်တာ ဖြစ်လို့ အဝတ်အစားပုံစံ ၊ ကိုယ့်အကြိုက်နဲ့ ကိုယ်နဲ့ လိုက်ဖက်တာထက် ဘယ်ကုမ္ပဏီက ထုတ်တာလဲဆိုတာကိုပဲ ဦးစားပေးစဉ်းစားရာကနေ အဝယ်မှားတတ်ပါတယ်။

တစ်ယောက်တည်း မဝယ်ပါနဲ့

Photo: ValuePenguin

အဝတ်အစား သွားဝယ်မယ်ဆိုရင် တစ်ယောက်တည်း ဘယ်တော့မှ မသွားသင့်ပါဘူး။ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်ကို ခေါ်ပြီး သူ့အမြင်ကိုပါ ယူသင့်ပါတယ်။ အဖော်လေးနဲ့ ဝယ်ရင် ပစ္စည်းအဝယ်မှားတာမျိုး သိပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

မုတ်ဆိတ်နဲ့ ဆံပင် ဂရုစိုက်ပါ

Photo: Freepik

မုတ်ဆိတ်ကတော့ ကိုယ့်မျက်နှာနဲ့ လိုက်မှ ထားသင့်တာမျိုးပါ။ သင့်မုတ်ဆိတ်က သင်နဲ့ ကြည့်မကောင်းရင် ၊ သင့်အတွက် သက်တောင့်သက်သာ မဖြစ်ရင် ရိတ်ပစ်နိုင်ပါတယ်။ ဆံပင်ပုံစံဆို ပိုလို့တောင် ကြည့်ကောင်းအောင် Hair Stylist ပညာရှင်နဲ့ တိုင်ပင်ပြီး ညှပ်သင့်ပါတယ်။

ဖိနပ်ကောင်း စီးပါ

Photo: Emogency

ယောင်္ကျားလေးအများစုဟာ သပ်သပ်ရပ်ရပ် ဝတ်ချင် ဝတ်မယ် ။ အရည်အသွေးကောင်းတဲ့ ဖိနပ် ဝယ်စီးဖို့တော့ သိပ်ပြီး အလေးအနက်မထားတာမျိုး ရှိကြပါတယ်။ ကိုယ်စီးတဲ့ ဖိနပ်ဟာလည်း ကိုယ်ဝတ်တဲ့ အဝတ်အစားလိုပဲ သန့်ရှင်းတောက်ပြောင်နေသင့်ပါတယ်။ ဖိနပ်ကောင်း စီးဖို့ မတွန့်တိုသင့်ပါဘူး။ အရည်အသွေးမြင့်တဲ့ ဖိနပ်တစ်ရံဟာ ရေရှည်လည်း အစီးခံသလို စီးတိုင်းလည်း စိတ်ချမ်းသာနေမှာပါ။