ဘဝမှာ ခက်ခဲတဲ့အချိန်ဆိုတာလူတိုင်းကြုံတွေ့ကြရစမြဲပါပဲ။ အခက်အခဲတွေဖြစ်လာတိုင်းမှာ လက်မြောက်အရှုံးပေးလိုက်ရင် သင်ဖြစ်ချင်တဲ့ဘဝပန်းတိုင်တွေဆီရောက်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် သင့်ဘဝမှာ အခက်အခဲတွေကြုံလာတိုင်း ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) အခက်အခဲတွေကနေ သင်ခန်းစာယူပါ

man sitting at workplace,

Source : Freepik

ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် ပြဿနာတွေနဲ့ရင်ဆိုင်ရပြီး မဖြေရှင်းနိုင်တဲ့အခြေအနေတွေနဲ့ကြုံတွေ့လာရပြီဆိုရင် စိတ်အေးအေးထားပါ။ အမှားတွေထဲကနေ သင်ခန်းစာယူတက်အောင်ကြိုးစားပြီး နောက်နောင် တူညီတဲ့အမှားမျိုးမကျူးလွန်မိအောင် သတိထားပါ။ ကိုယ့်ရဲ့အပြစ်ကို သိမြင်နားလည်ပြီး မှတ်မိဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကြိမ်လေးပဲ သတိပြုလိုက်မိတာနဲ့ ဒီထက်ပိုမိုကောင်းမွန်လာအောင် သူ ပြောင်းလဲသွားနိုင်ပြီးတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကနေ သင်ယူလေ့လာနိုင်မှာပါ။

(၂) ကိုယ့်ကိုယ်ကိုထိန်းချုပ်ပါ

man thinking about an eco-friendly wind power project with wind turbines

Source : Freepik

မိမိရဲ့လုပ်ဆောင်ချက်တွေနဲ့ တုံ့ပြန်မှုတွေအားလုံးကို မိမိသာလျှင် ထိန်းချုပ်နိုင်ပါတယ်။ တစ်ပါးသူကို မိမိက ထိန်းချုပ်လို့ မရနိုင်ပါဘူး။ မိမိကိုယ်မိမိ ပြောင်းလဲနိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အခြားသူတွေကို ပြောင်းလဲစွာ မြင်တွေ့လာနိုင်မှာပါ။ ဒါကြောင့် မိမိကိုယ်ကိုထိန်းချုပ်ဖို့ကြိုးစားပါ။

(၃) လက်ရှိအချိန်ကိုအာရုံစိုက်ပါ

businessman sitting in cafe bar with laptop being worried and thinking about solution for his problem

Source : Freepik

အချို့လူတွေဟာ မနက်ဖြန်အကြောင်း စဉ်းစားပြီး စိတ်ပူစိုးရိမ်သောက ရောက်တတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေမှာကို တွေးတော စိတ်ပူကြတယ်၊ ငွေကြေးပြဿနာတွေအတွက် တွေးတော စိုးရိမ်တတ်ကြပါတယ်။ ဒီလို တွေးတောစိတ်ပူနေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် နောင်လာမယ့် အနာဂါတ်တွေ၊ ကျန်ခဲ့တဲ့ အတိတ်တွေမှာ အတွေးတွေကို နယ်ချဲ့အချိန်ကုန်နေမဲ့အစား လက်ရှိပစ္စုပ္ပန်အချိန်ကိုသာ အာရုံစိုက်လိုက်ပါ။ ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားရမှာပါ။

(၄) အဆိုးအကောင်းတလှည့်စီဆိုတာနားလည်ထားပါ

man relaxing at home with smartphone

Source : Freepik

ဒီစကားလုံးတွေက ခက်ခဲပင်ပန်းတဲ့အချိန်ကာလတွေကို ဖြတ်ကျော်ဖို့ အထောက်အကူဖြစ်စေမှာပါ။ အရာအလားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ။ လူတော်တော်များများက ပြောင်းလဲရမှာကို ကြောက်ကြတယ်။ တကယ်တော့ ဘဝမှာ ပြောင်းလဲမူနဲ့ ကြုံတွေ့ရတယ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အဆိုးပြီးရင် အကောင်းတွေနဲ့ကြုံရအုန်းမှာပါ။ သင်ဟာ တကယ်ပဲ ပင်ပန်းခက်ခဲတဲ့အချိန်ကို ကျော်လွှားနေရတယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်ဖို့ နီးစပ်နေပါပြီ။