(၁) Reduce, Reuse, Recycle
Source : Dreamstime
ပထမဆုံး အမှိုက်ပြစ်တာကိုလျော့ချပါ။ သဘာဝအရင်းအမြစ်များနဲ့ မြေပြင်ကိုမပျက်စီးအောင် ထိန်းသိမ်းဖို့ရာ လျှာ့ချခြင်း (Reduce)၊ သုံးပြီးသားကို ပြန်သုံးခြင်း (Reuse)၊ အသစ်ပြန်လည်ဖန်တီး အသုံးပြုခြင်း (Recycle) ဆိုတဲ့ R သုံးလုံးကို လိုက်နာဖို့လိုပါတယ်။
(၂) စေတနာ့ဝန်ထမ်းလုပ်ပါ
Source : PxHere
သင့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့အသင်းအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ကူညီခြင်းကလည်း သင်တတ်နိုင်တဲ့အခန်းကဏ္ဍကနေ ကမ္ဘာကြီးကို ကူညီခြင်းပါပဲ။
(၃) ပညာပေးပါ
Source : ThoughtCo
သင့်ရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ ပတ်သတ်တဲ့အသိပညာကို ပိုတိုးအောင်လုပ်တဲ့အခါ သဘာဝအရင်းအမြစ်တွေရဲ့ အရေးပါမှုနဲ့တန်ဖိုးကိုအခြားသူများ နားလည်အောင် သင်ပြန်ပြောနိုင်ပါတယ်။
(၄) ရေအရင်းအမြစ်ကို ထိန်းသိမ်းပါ
Source : iStock
ရေသုံးစွဲမှုကို လျော့လေလေ၊ သမုဒ္ဒရာထဲကိုနောက်ဆုံးရောက်သွားတဲ့ လူတွေအသုံးပြုထားတဲ့ ရေဆိုးတွေလျော့နည်းလေလေဖြစ်တဲ့အတွက် မလိုအပ်ဘဲရေဘုံဘိုင်ဖွင့်ထားတာမျိုးတွေ ရှောင်သင့်ပါတယ်။
(၅) အမြော်အမြင်ရှိရှိဈေးဝယ်ပါ
Source : Freepik
ဈေးဝယ်တဲ့အခါ ပလတ်စတစ်အသုံးချမှုနည်းအောင် ပြန်အသုံးပြုနိုင်တဲ့ ဈေးဝယ်အိတ်တလုံး ယူလာတာအကောင်းဆုံးပါ။
(၆) ကြာရှည်ခံတဲ့ မီးသီးကိုသာသုံးပါ
Source : Encantada Living
အရည်အသွေးကောင်းတဲ့မီးသီးတွေက ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လုတ်မှုကိုလျော့ချပေးပါတယ်။ အရည်အသွေးကောင်းတဲ့အတွက် ကြာရှည်အသုံးပြုလို့ရလို့ တွက်ချေလည်းကိုက်ပါတယ်။ အပြင်မသွားခင် မီးပိတ်ခဲ့ဖို့ကိုတော့မမေ့နဲ့နော်။
(၇) သစ်ပင်တစ်ပင်စိုက်ပါ
Source : Central Lakes Physio
သစ်ပင်တွေဟာ လူတွေအတွက် အစာနဲ့အောက်ဆီဂျင်ကိုထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် သူတို့ကစွမ်းအင်ချွေတာဖို့ လေထုသန့်ရှင်းအောင်လုပ်ဖို့နဲ့ ရာသီဥတုအပြောင်းအလဲဖြစ်တာတွေကိုလည်း ခုခံတိုက်ခိုက်ပေးပါသေးတယ်
(၈) ရေမြောင်းထဲကို ဓါတုပစ္စည်းတွေ မသွန်ပါနဲ့
Source : Stormwater
အိမ်တွေ ရုံးတွေမှာရှိတဲ့ အသုံးပြုပစ္စည်းတွေမှာ အတတ်နိုင်ဆုံးအဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းမပါဝင်တာတွေကိုသာ ရွေးချယ်သုံးစွဲပါ။ ဒါမှသာ အမှိုက်စွန့်ပြစ်တဲ့အခါလည်း အန္တရာယ်ကင်းမှာဖြစ်ပါတယ်။
(၉) စက်ဘီးစီးလို့ရတဲ့နေရာတွေမှာ စက်ဘီးစီးသွားပါ
Source : Bike and Brew ATX
နောက်ဆုံးတချက်ကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်စေတဲ့ ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျော့ချနိုင်အောင် ကားအသုံးပြုမှုနည်းအောင်လုပ်ရပါမယ်။ ဒါကြောင့် စက်ဘီးစီးတာလို့ရတဲ့နေရာဆိုရင် စက်ဘီးစီးသွားတာမျိုးလုပ်သင့်ပါတယ်။ ဒါက သင့်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါလိမ့်မယ်။