ယနေ့ခေတ်မှာ အမျိုးသားတွေချည်းမဟုတ်ဘဲ အမျိုးသမီးလေးတွေလည်း ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးရတာကို သဘောကျနှစ်သက်လာကြပါတယ်။ အချို့လူတွေဆိုရင် အရမ်းထင်သာမြင်သာရှိတဲ့ တက်တူးအကြီးကြီးတွေကို တစ်ကိုယ်လုံးမှာ အပြည့်ထိုးထားတာကို မြင်တွေ့ကြရမှာပါ။ ဒါပေမယ့် တက်တူးဆိုတာက ကိုယ်သေတဲ့အထိ ခန္ဓာကိုယ်ပေါ်မှာ ရှိသွားမယ့်အရာဖြစ်တာကြောင့် ကိုယ်အမှန်တကယ်ကြိုက်နှစ်သက်ပြီးတော့ အဓိပ္ဗာယ်ရှိတဲ့ တက်တူးဒီဇိုင်းကို ရွေးပြီးထိုးတာက အကောင်းဆုံးဖြစ်ပါတယ်။

ကွီးအများစုက တက်တူးအကြီးကြီးတွေကို သဘောကျရူးသွပ်နေချိန်မှာ ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်နှလုံးသားခံစားချက်ကို ပြောပြနေတဲ့ တက်တူးအသေးလေးတွေကို သဘောကျနေကြတဲ့ ကွီးတွေလည်း ရှိကြပါတယ်။ တက်တူးသေးသေးလေးတွေဟာဆိုရင် ရိုးရှင်းပေမယ့်လည်း ကဗျာတစ်ခုလို စကားလုံးသေးသေးလေးတွေ အများကြီးပေါင်းစပ်ပါဝင်နေပါတယ်။

တက်တူးအကြီးကြီးမဟုတ်ဘဲ အသေးလေးတွေထိုးခြင်းနဲ့လည်း အလုပ်ခွင်မှာဖြစ်ဖြစ် စမတ်ကျကျ ကြည့်ကောင်းနေမှာဖြစ်တာကြောင့် သိပ်ပြီးသိသာထင်ထင်ရှားရှားကြီးမရှိတဲ့ တက်တူးဒီဇိုင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။

Source: buzz16.com