ကောင်းကောင်းအိပ်ဖို့ဆိုတာ လူတွေရဲ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါ။ အိပ်ရေးဝဝအိပ်ခြင်းက သင့်ကိုခံစားချက်ကောင်းနေစေသလို ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်အောင် ကူညီပေးပါတယ်။ တစ်ချို့လူတွေကတော့ အိပ်ပျော်ဖို့အတွက် အခက်အခဲမရှိကြဘူး။ ဒါပေမယ့် တစ်ချို့လူတွေအတွက်တော့ ညဘက် အိပ်ပျော်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေပါတယ်။
အိပ်ချိန်မပြည့်ဝခြင်းက သင့်ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေရှိစေပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ညဘက် လျင်မြန်စွာအိပ်ပျော်စေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အခန်းအပူချိန်လျှော့ချပေးပါ

Source: Furthermore from Equinox
လူတွေရဲ့ခန္ဓာကိုယ်က အိပ်နေစဉ်မှာ အပူချိန်ပြောင်းလဲမှုတွေရှိပါတယ်။ အိပ်နေချိန်မှာ ခန္ဓာကိုယ်က အေးလာပြီး အိပ်ယာနိုးပြီးထလာရင်တော့ နွေးလာပါတယ်။
အကယ်၍အခန်းအပူချိန်ကများနေမယ်ဆိုရင် အိပ်ပျော်ဖို့အတွက် အခက်အခဲရှိနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ အိပ်ပျော်စေဖို့အတွက် အကောင်းဆုံး အခန်းအပူချိန်ဟာ 60–67°F (15.6–19.4°C) မှာရှိသင့်ပါတယ်။
စိတ်ဖိစီးမှုကို အတက်နိုင်ဆုံးရှောင်ပါ

Source: Harvard Health
စိတ်ဖိစီးမှုများလာတာနဲ့ ကိုလက်စထရောပမာဏများလာပြီး အိပ်ပျော်ခြင်းကို ဖြစ်စေတဲ့ မယ်လတိုနင် (melatonin) ဟော်မုန်းဓာတ်ထုတ်လွှင့်မှုကို လျော့ချပစ်နိုင်ပါတယ်။ ဒါက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာမှာ စိတ်ဖိစီးမှုမရှိအောင် ယောဂကျင့်တာ၊ ပြေးတာ၊ တရားထိုင်တာ၊ စာအုပ်ဖတ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။
နေ့အလင်းနဲ့ညအလင်း ထိတွေ့မှုရှိပါ

Source: Shutterstock
အလင်းရောင်က အိပ်စက်ခြင်းအပေါ်မှာ လွှမ်းမိုးမှုအများကြီးရှိဖြစ်ပါတယ်။ ပုံမမှန်တဲ့ အလင်းရောင် ထိတွေ့မှုက သင့်ရဲ့အိပ်ချိန်ကို ထိခိုက်စေပါတယ်။ ပုံမမှန်တဲ့ အလင်းရောင် ထိတွေ့မှုဆိုတာကတော့ ညဖက်မှာ နေ့ဘက်လင်းနေသလို မီးတွေဖွင့်ထားတာ နေ့ဘက်မှာ တစ်ခန်းလုံးအမှောင်ချထားတာ စတာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။
နေ့ဘက်မှာ တက်ကြွနေစေဖို့အတွက် နေ့အလင်းရောင်နဲ့ထိတွေ့ပေးပါ။ ညဘက်ရောက်လာရင်တော့ ကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့အတွက် မီးတွေပိတ်ထားတာ (သို့) အလင်းရောင် မှိန်မှိန်လေး ပြုလုပ်ထားတာ စသဖြင့်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
ညစာကို ပေါ့ပါးတဲ့ အစားအစာ စားပေးပါ

Source: Everyday Health
ညဘက်ကို ဗိုက်အရမ်းပြည့်အင်အောင်ထိ အစာစားတာကို ရှောင်ရှားသင့်ပါတယ်။ ညစာ အများကြီးစားခြင်းက အစာမကြေခြင်းကို ဖြစ်စေပြီး သင့်အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အူက ဆီရိုတိုနင် (Serotonin) ဟော်မုန်းဓာတ်ထုတ်လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ညစာအများကြီးစားလိုက်တာက ဆီရိုတိုနင်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ညဘက်တွေ ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတာ လျော့ပါ

Source: Panda Security
မှောင်သွားတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်က မယ်လတိုနင်ဓာတ်ကို စထုတ်လုပ်ပါတယ်။ ဖုန်းမျက်နှာပြင်၊ ကွန်ပျူတာမျက်နှာပြင်က အပြာရောင်အလင်းက ညဘက် အိပ်စက်ခြင်းကို ခက်ခဲသွားစေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး(၁) နာရီကတည်းက ဖုန်း၊ ကွန်ပျူတာကို မသုံးဘဲနေသင့်ပါတယ်။
