[Zawgyi]

ေန႔ရက္တိုင္းကိုလန္းဆန္းတက္ၾကြမႈအျပည့္နဲ႔ ျဖတ္သန္းခ်င္သူေတြအတြက္ လုပ္ေဆာင္ရမယ့္နည္းလမ္းေကာင္းေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္။ဒီနည္းလမ္းေလးေတြကထိေရာက္မႈရွိၿပီးေငြကုန္ေၾကးက်လဲမမ်ားတဲ့အတြက္လူတိုင္းလုပ္ ေဆာင္သင့္တဲ့အခ်က္ေလးေတြျဖစ္ပါတယ္ေနာ္။

(၁) မနက္ခင္းေလ့က်င့္ခန္းနဲ႔စတင္ပါ

Source : Shutterstock

မနက္ခင္းမွာအိပ္ယာကႏုိးထလာတာနဲ႔ တစ္ၿပိဳင္နက္ ဖုန္းေတြ ကြန္ျပဴတာေတြကိုအရင္ေျပးမကိုင္ပါနဲ႔။တစ္ညလံုးအိပ္ထားတဲ့အတြက္ခႏၶာကိုယ္ကအေၾကာအခ်ဥ္ေတြက တံု႕ဆိုင္းေနႏိုင္ပါတယ္။ဒါေၾကာင့္ခႏၶာကိုယ္အေၾကာအခ်ဥ္ေတြေျပေလ်ာ့ေစၿပီးလန္းဆန္းတက္ၾကြမႈအျပည့္နဲ႔ ေနသစ္ကိုစတင္ႏုိင္ဖုိ႔ ေလ့က်င့္ခန္းတစ္ခုခုလုပ္ေဆာင္ေပးသင့္ပါတယ္။ဥပမာလမ္းေလ်ာက္ျခင္း အေျပးေလ့က်င့္ျခင္း စက္ဘီးနင္းျခင္း စတဲ့ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းတစ္ခုခုလုပ္ေဆာင္ပါ။

(၂) မနက္စာေကာင္းေကာင္းစားပါ

Source : The Healthy

လူတစ္ေယာက္အိပ္ယာႏိုးၿပီးနာရီဝက္အတြင္းမွာ မနက္စာစားသံုးသင့္တယ္လုိ႔ ေဆးပညာရွင္ေတြကအႀကံျပဳထားပါတယ္။ကြ်န္ေတာ္တို႔အမ်ားစုကေတာ့ မနက္စာကိုေသခ်ာျပင္ဆင္ေလ့မရွိပဲ ႀကံဳသလိုပဲစားလိုက္ၿပီး တစ္ခါတစ္ေလမစားတဲ့ရက္ေတြေတာင္မွရွိၾကပါေသးတယ္။ဒါဟာမွားယြင္းတဲ့အယူအဆတစ္ခုပါ။မနက္ခင္းမွအဟာရျပည့္ဝတဲ့မနက္စာေကာင္းေကာင္းတစ္ခုစားသံုးဖို႔လိုအပ္ပါတယ္။ဒါမွလည္း Energy အျပည့္နဲ႔ ေန႔တစ္ေန႔ကိုျဖတ္သန္းႏိုင္မွာပါ။

(၃) ေရခ်ဳိးပါ

Source : Shutterstock

မနက္ခင္းေရခ်ဳိးျခင္းကက်န္းမာေရးနဲ႔လည္းညီညႊတ္သလို အပူလည္းကင္းေစၿပီး ကိုယ္လက္ေပါ့ပါးလန္းဆန္းေစပါတယ္။အမ်ားစုကေတာ့မနက္ခင္းမွာ ေအးလို႔ အခ်ိန္မရလို႔ စတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ကိုယ္လက္သန႔္ရွင္းတာ မ်က္ႏွာသစ္ သြားတာေလာက္ပဲလုပ္ေဆာင္ၿပီး ညေနအျပင္ကျပန္ေရာက္မွ ေရအဝခ်ဳိးတက္တာပါ။တကယ္ေတာ့မနက္ခင္းမွေရခ်ဳိးလိုက္ျခင္းကအေညာင္းအညာေျပေစသလို စိတ္ၾကည္လင္လန္းဆန္းေစၿပီး စိတ္ဖိစီးမႈကိုလည္းေလ်ာ့က်ေစပါတယ္။

(၄) စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္စာေတြဖတ္ပါ

Source : Shutterstock

မနက္အိပ္ယာႏုိးတာနဲ႔ လူအမ်ားစုကဖုန္းေတြပဲသံုးေနမိၾကတာပါ။စာဖတ္ျခင္းကသင့္အတြက္အေကာင္းဆံုးေသာစြမ္းအားေတြကိုေပးစြမ္းတယ္ဆိုတာေမ့ေလ်ာ့ေနတက္ပါတယ္။လက္ရွိနယ္ပယ္အသီးသီးကေအာင္ျမင္ေနတဲ့ပုဂၢိဳလ္တိုင္းလိုလိုမနက္ခင္းကိုစာဖတ္ျခင္းနဲ႔စတင္ၾကပါတယ္။မနက္ခင္းမွာစိတ္ကိုအဆိပ္အေတာက္ျဖစ္ေစမယ့္သတင္းေတြ Post ေတြကိုလူမႈကြန္ယက္ေတြဖုန္းေတြသံုးၿပီးၾကည့္မယ့္အစား စာတစ္အုပ္သာေကာက္ကိုင္လိုက္ပါ။

(၅) စိတ္ပူပန္မႈေတြကိုေလ်ာ့ခ်ထားပါ

Source : Shutterstock

တစ္ေန႔တာလံုးခြန္အားအျပည့္နဲ႔ လန္းဆန္းေနဖို႔ မနက္ခင္းမွာ မေကာင္းတဲ့အေတြးေတြ စိတ္ပူပန္စရာေတြကိုေမ့ေပ်ာက္ထားဖို႔လည္းလိုပါမယ္။မထင္မွတ္ႀကံဳလာရတဲ့ စိတ္ညစ္စရာေတြကိုလည္းအတက္ႏိုင္ဆံုးေမ့ေပ်ာက္ထားပါ။မဟုတ္ရင္ေတာ့ သင့္ရဲ႕တစ္ေန႔တာလံုးက စိတ္ညစ္စရာေတြနဲ႔ျဖတ္သန္းေနရေတာ့မွာမလို႔ လန္းဆန္းတက္ၾကြမႈဆိုတာလည္းရွိလာႏိုင္မွာမဟုတ္ပါဘူး။

[Unicode]

နေ့ရက်တိုင်းကိုလန်းဆန်းတက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းချင်သူတွေအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်။ဒီနည်းလမ်းလေးတွေကထိရောက်မှုရှိပြီးငွေကုန်ကြေးကျလဲမများတဲ့အတွက်လူတိုင်းလုပ် ဆောင်သင့်တဲ့အချက်လေးတွေဖြစ်ပါတယ်နော်။

(၁) မနက်ခင်းလေ့ကျင့်ခန်းနဲ့စတင်ပါ

Source : Shutterstock

မနက်ခင်းမှာအိပ်ယာကနိုးထလာတာနဲ့ တစ်ပြိုင်နက် ဖုန်းတွေ ကွန်ပြူတာတွေကိုအရင်ပြေးမကိုင်ပါနဲ့။တစ်ညလုံးအိပ်ထားတဲ့အတွက်ခန္ဓာကိုယ်ကအကြောအချဉ်တွေက တုံ့ဆိုင်းနေနိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အကြောအချဉ်တွေပြေလျော့စေပြီးလန်းဆန်းတက်ကြွမှုအပြည့်နဲ့ နေသစ်ကိုစတင်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ဆောင်ပေးသင့်ပါတယ်။ဥပမာလမ်းလျောက်ခြင်း အပြေးလေ့ကျင့်ခြင်း စက်ဘီးနင်းခြင်း စတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခုလုပ်ဆောင်ပါ။

(၂) မနက်စာကောင်းကောင်းစားပါ

Source : The Healthy

လူတစ်ယောက်အိပ်ယာနိုးပြီးနာရီဝက်အတွင်းမှာ မနက်စာစားသုံးသင့်တယ်လို့ ဆေးပညာရှင်တွေကအကြံပြုထားပါတယ်။ကျွန်တော်တို့အများစုကတော့ မနက်စာကိုသေချာပြင်ဆင်လေ့မရှိပဲ ကြုံသလိုပဲစားလိုက်ပြီး တစ်ခါတစ်လေမစားတဲ့ရက်တွေတောင်မှရှိကြပါသေးတယ်။ဒါဟာမှားယွင်းတဲ့အယူအဆတစ်ခုပါ။မနက်ခင်းမှအဟာရပြည့်ဝတဲ့မနက်စာကောင်းကောင်းတစ်ခုစားသုံးဖို့လိုအပ်ပါတယ်။ဒါမှလည်း Energy အပြည့်နဲ့ နေ့တစ်နေ့ကိုဖြတ်သန်းနိုင်မှာပါ။

(၃) ရေချိုးပါ

Source : Shutterstock

မနက်ခင်းရေချိုးခြင်းကကျန်းမာရေးနဲ့လည်းညီညွှတ်သလို အပူလည်းကင်းစေပြီး ကိုယ်လက်ပေါ့ပါးလန်းဆန်းစေပါတယ်။အများစုကတော့မနက်ခင်းမှာ အေးလို့ အချိန်မရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်လက်သန့်ရှင်းတာ မျက်နှာသစ် သွားတာလောက်ပဲလုပ်ဆောင်ပြီး ညနေအပြင်ကပြန်ရောက်မှ ရေအဝချိုးတက်တာပါ။တကယ်တော့မနက်ခင်းမှရေချိုးလိုက်ခြင်းကအညောင်းအညာပြေစေသလို စိတ်ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်။

(၄) စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စာတွေဖတ်ပါ

Source : Shutterstock

မနက်အိပ်ယာနိုးတာနဲ့ လူအများစုကဖုန်းတွေပဲသုံးနေမိကြတာပါ။စာဖတ်ခြင်းကသင့်အတွက်အကောင်းဆုံးသောစွမ်းအားတွေကိုပေးစွမ်းတယ်ဆိုတာမေ့လျော့နေတက်ပါတယ်။လက်ရှိနယ်ပယ်အသီးသီးကအောင်မြင်နေတဲ့ပုဂ္ဂိုလ်တိုင်းလိုလိုမနက်ခင်းကိုစာဖတ်ခြင်းနဲ့စတင်ကြပါတယ်။မနက်ခင်းမှာစိတ်ကိုအဆိပ်အတောက်ဖြစ်စေမယ့်သတင်းတွေ Post တွေကိုလူမှုကွန်ယက်တွေဖုန်းတွေသုံးပြီးကြည့်မယ့်အစား စာတစ်အုပ်သာကောက်ကိုင်လိုက်ပါ။

(၅) စိတ်ပူပန်မှုတွေကိုလျော့ချထားပါ

Source : Shutterstock

တစ်နေ့တာလုံးခွန်အားအပြည့်နဲ့ လန်းဆန်းနေဖို့ မနက်ခင်းမှာ မကောင်းတဲ့အတွေးတွေ စိတ်ပူပန်စရာတွေကိုမေ့ပျောက်ထားဖို့လည်းလိုပါမယ်။မထင်မှတ်ကြုံလာရတဲ့ စိတ်ညစ်စရာတွေကိုလည်းအတက်နိုင်ဆုံးမေ့ပျောက်ထားပါ။မဟုတ်ရင်တော့ သင့်ရဲ့တစ်နေ့တာလုံးက စိတ်ညစ်စရာတွေနဲ့ဖြတ်သန်းနေရတော့မှာမလို့ လန်းဆန်းတက်ကြွမှုဆိုတာလည်းရှိလာနိုင်မှာမဟုတ်ပါဘူး။