အလုပ်ကိစ္စတွေ လူမှုရေးကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ ကြုံရတက်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံတွေလာရပြီဆိုရင် ကျော်ဖြတ်နိုင်ဖို့အတွက် နည်းလမ်းတွေ သိရှိထားဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုကို မကျော်လွှားနိုင်ဘူးဆိုရင် လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ လူမှုဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီနေ့တော့ စိတ်ဖိစီးမှုကို သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးလိုက်ပါတယ်။
တရားထိုင်ပေးပါ

Source: David L. Christopher
စိတ်ဖိစီးမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းကို ရှေးအစဉ်အဆက်ကတည်းက စိတ်ကျန်းမာရေးအတွက် အသုံးပြုလာခဲ့ကြတာပါ။ တစ်နေ့ကို အနည်းဆုံး (၁၅) မိနစ်ခန့် သက်တောင့်သက်သာ အနေအထားဖြင့် တရားထိုင်ပေးပါ။
အိပ်ချိန်ပြည့်ဝနေပါစေ

Source: Firstbeat
စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းထဲမှာ အိပ်ရေးပျက်တာလည်းပါဝင်ပါတယ်။ ဒါ့ကြောင့် ညဘက်တွေမှာ အိပ်ချိန်ပြည့်ဝစွာအိပ်နိုင်အောင်ကြိုးစားပါ။ ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ အိပ်ချိန် (၇-၉) ကြားရှိသင့်ပါတယ်။
အာဟာရဖြစ်အောင်စားပါ

Source: Medical News Today
ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ကဗ္ဗလာသီးတွေ စားသုံးပေးမှုက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကင်းချင်တယ်ဆိုရင် Omega-3 ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကို စားပေးပါ။
အကောင်းမြင်စိတ်ရှိပါ

Source: Youth Time Magazine
လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အဆိုးပဲမြင်နေမယ်ဆိုရင် စိတ်ဖိစီးမှုပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးပါ။ ကိုယ့်စိတ်ခွန်အားကို ဖြည့်ပေးနိုင်သူက ကိုယ်တိုင်ပဲဆိုတာကို မမေ့ပါနဲ့။ အပျက်သဘောဆောင်တဲ့ အတွေးတွေကို အပြုသဘောဆောင်တဲ့ အတွေးတွနဲ့ အစားထိုးလိုက်ပါ။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

Source: Pixabay
လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း စိတ်ဖိစီးမှုကို တိုက်ထုတ်တဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ စသဖြင့် ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့ မိနစ် (၃၀) ခန့်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပေးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကပဲ စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။
