အသက်၂၅ ဝန်းကျင်ရောက်နေလို့ အရပ်ထပ်ရှည်ချင်တာ မဖြစ်နိုင်ဘူးလို့ ခံစားနေရပါသလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့ကွီးတို့ရေ အရပ်ရှည်ဖို့အသက်ငယ်တာကြီးတာနဲ့ မဆိုင်ပါဘူး။ အသက်၂ဝ ဝန်းကျင်ဆိုရင် အစားအသောက်၊ အနေအထိုင်၊ ကိုယ်ခန္ဓာအချိုးအစားအလိုက် အရပ်ရှည်လာစေမယ့် သဘာဝနည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။ သဘာဝနည်းလမ်းတွေဖြစ်လို့ ဘေးထွက်ဆိုးကျိုးလဲမရှိတာကြောင့် ခုပဲလိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပေးလိုက်ရပါတယ်။

(၁) အစာအာဟာရကို လုံလောက်စွာစားသုံးပါ

Photo: The Daily Meal

အစာအာဟာရလုံလောက်မျှတစွာ စားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက်သာမက အရပ်ရှည်ထွက်လာဖို့ကိုပါ အထောက်အကူပြုပါတယ်။ ဗီတာမင်၊သတ္ထုဓာတ်နဲ့ပြည့်စုံတဲ့ အစားအစာများကို မျှတစွာစားပေးမယ်ဆိုရင် အရပ်ရှည်စေတဲ့ဟော်မုန်းတွေကို အထောက်အပံ့ပြုပါတယ်။ ဥပမာအနေနဲ့ မုန်လာဥနီ၊ကြက်ဥ၊အမဲသား၊ငါး၊နို့ထွက်ပစ္စည်း၊ အစေ့အဆံများ နှင့်ပဲအမျိုးမျိုးတို့ကိုစားသုံးပေးမယ်ဆို အကောင်းဆုံးပါပဲ။

(၂) နေရောင်ခံပေးပါ

Photo: The New York Time

မနက်ခင်းနေထွက်ချိန်မှာ နေရောင်ကိုလှုံပေးလိုက်ပါ။ နေရောင်ခြည်မှာဆိုရင် Vitamin Dအပြည့်ပါပါတယ်။ Vit Dဟာအရိုးကြီးထွားဖွံ့ဖြိုးမှုမှာ အဓိကအားဖြည့်ပေးပါတယ်။ နေရောင်လှုံပေးဖို့ဆိုရင် UV raysအနည်းဆုံးကျရောက်တဲ့ မနက်နေထွက်စနဲ့ နေ့ခင်းနေစောင်းချိန်မျိုးမှာ နေရောင်ခံပေးတာအကောင်းဆုံးပါပဲ။

(၃) အကြောလျော့လေ့ကျင့်ခန်းများလုပ်ပေးပါ

Photo: HYDRAGUN Blog

အကြောလျော့ပေးခြင်း၊ အကြောဆန့်ခြင်းလေ့ကျင့်ခန်းများပုံမှန်လုပ်ပေးမယ်ဆိုရင် ရှိရင်းစွဲအရပ်ထပ် ရှည်လာနိုင်ပါတယ်။ အကြောဆန့်ထုတ်ပေးခြင်းဟာ အရပ်ရှည်ဖို့သာမက အသက်ရှည်ရှည်နေရတယ်ဆိုတဲ့ ဆိုရိုးလဲရှိတာကြောင့် အကျိုးမယုတ်စေတာ အသေချာပါပဲ။ အကြောလဲလျော့ပြီးသားဖြစ် ကိုယ်လက်လှုပ်ရှားမှုလဲလုပ်ရာရောက်စေမယ့် စက်ဘီးစီးခြင်းနဲ့ရေကူးခြင်းကို ပုံမှန်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

(၄) အိပ်ရေးဝဝအိပ်ပါ

Photo: iStock

အိပ်ချိန်မှန်ခြင်းဟာ ခေါင်းအစခြေအဆုံး ကျန်းမာလန်းဆန်းစေနိုင်သလို အရပ်ရှည်စေတဲ့ဟော်မုန်းတွေလဲတိုးပွါးစေနိုင်ပါတယ်။ အိပ်တဲ့နေရာမှာလဲ အချိုးအစားကျကျအိပ်ဖို့လိုပါတယ်။ အိပ်စက်ရာမှာသက်တောင့်သက်သာရှိပြီး တောင့်တင်းတဲ့မွေ့ယာမျိုးကိုရွေးပါ။ ကိုယ့်အိပ်ခန်းကို တိတ်ဆိတ်အေးချမ်းအောင် အမှောင်ချပြီး စ်တ်အေးလက်သာဖြစ်စေမယ့်အဝတ်စားမျိုးကိုဝတ်ဆင်ပါ။ နောက်ဆုံးအနေနဲ့ အသက်ရှုလေ့ကျင့်ခန်းကို သေချာလုပ်ပြီး အကြောတွေဆန့်ထုတ်ပြီး အနားယူအိပ်စက်လိုက်ပါ။