လူတစ်ဦးတစ်ယောက်သည် အခြားသူတစ်ယောက်ရဲ့အသုံးချခံအဖြစ် ခံစားလာရတဲ့အခါ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာသည် အနည်းနဲ့အများ ထိခိုက်ခံစားလာရတတ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ကိုယ့်ရဲ့အရေးပါမှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားသလို ခံစားရလာပါတယ်။

တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ့်ကိုယ် သိမ်ငယ်စိတ်တွေ ဝင်လာပြီး ယုံကြည်မှုများ ပျောက်ဆုံးသွားပါလိမ့်မယ်။ ဒီလို အများရဲ့ကြိုးကိုင်ခြယ်လှယ်ခြင်းကို ခံနေရတဲ့ ယောကျာ်းများအတွက် ထိုနွံထဲကနေ ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။

ဒီအချက်များကို ကျင့်သုံးပါက သင့်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်ချက်များ တဖြည်းဖြည်းတိုးလာပါလိမ့်မယ်။

သင်သည် လေးစားမှုနှင့် ထိုက်တန်ပါတယ်

tips for men to avoid being manipulated

လူသားတိုင်းသည် လေးစားသမှုနှင့် ဆက်ဆံခံရဖို့ ထိုက်တန်ပါတယ်။ သင်သည်လည်း အခြားဘယ်သူ့ ဘယ်သူကိုမှ နှိမ့်ချပြီး ဆက်ဆံမှာမဟုတ်သလို ကိုယ့်ကိုယ် နှိမ့်ချပြီး လေးစားမှုကင်းမဲ့စွာ ဆက်ဆံလာပါကလည်း ထိုသူနှင့် ဝေးဝေးကရှောင်ဖို့ ဝန်မလေးပါနဲ့။

သင့်ရဲ့စိတ်ခံစားချက်များ၊ ထင်မြင်ယူဆချက်နှင့် လိုချင်သည့်အရာများကိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုပါ

tips for men to avoid being manipulated

အခြားသူများရဲ့စိတ်ခံစားချက်ကိုပဲ ဦးစားမပေးပါနဲ့။ သင့်ရဲ့စိတ်ခံစားချက်ကိုလည်း ထည့်တွက်ဖို့လိုပါတယ်။ ဒါမှ မိမိကိုယ်ကိုယ် ချစ်ရာရောက်မှာပါ။

မိမိကိုယ်ကိုယ် ဦးစားပေးဖို့ ဝန်မလေးပါနဲ့

tips for men to avoid being manipulated

မိမိကိုယ်ကိုယ် ဦးစားပေးခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ပါဘူး။ အမြဲတမ်း အခြားသူများကိုပဲ ဂရုစိုက်နေမယ်ဆိုရင် သင့်ကိုရော အခြားသူတွေက ဂရုစိုက်ပါ့မလား။ သင့်ရဲ့လိုအပ်ချက်များကို ဂရုစိုက်မယ့်သူမရှိပါက သင်ပဲ အရာရာမှာ ချို့ယွင်းချက်များရှိလာမှာမဟုတ်လား။

ငြင်းဆန်ဖို့ ဝန်မလေးပါနဲ့

tips for men to avoid being manipulated

အခြားသူတစ်ယောက်က သင့်ကို အကူအညီလာတောင်းတဲ့အခါ ကိုယ့်ဘက်က မကူညီနိုင်တဲ့အရာမျိုး တောင်းဆိုလာပါက ငြင်းဆန်ဖို့ ဝန်မလေးပါနဲ့။ အလကားနေရင်း လက်ခံပြီးခါမှ သင်ပဲ ဝန်ပိသွားပါလိမ့်မယ်။ ငြင်းဆန်ပြီးတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို မခံစားပါနဲ့။

သင့်ရဲ့ပျော်ရွှင်မှုနှင့် ကျန်းမာခြင်းတို့ကို သင်ကိုယ်တိုင် ဖန်တီးပိုင်ခွင့်ရှိပါတယ်

tips for men to avoid being manipulated

ကိုယ့်ကို အနိုင်ကျင့်လွှမ်းမိုးလာသူမှန်သမျှကို မကြောက်မရွံ့ရင်ဆိုင်နိုင်မှသာလျှင် သင့်ကို ထိုသူတွေသည် နောက်တစ်ခေါက် လာမနှောင့်ယှက်နိုင်မှာပါ။ လေ့လာတွေ့ရှိချက်များအရ အခြားသူများကို အနိုင်ကျင့်တတ်တဲ့သူတွေသည် သူတို့ကိုယ်တိုင်ကိုလည်း အနိုင်ကျင့်နေတတ်ကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် သူတို့သည် သူတို့ထက် အားနည်းတယ်လို့ ထင်ရသူများကို ပစ်မှတ်ထားလေ့ရှိပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ သန်မာကြံ့ခိုင်နေဖို့လိုပါတယ်။ ပျော့ညံ့အရှုံးပေးတတ်တဲ့စိတ်ကို ဖယ်ရှားပြီး အခြားသူများရဲ့လွှမ်းမိုးခြယ်လှယ်ခြင်းမှ ရုန်းထွက်လိုက်ပါ။

Source: Brightside.me

Featured Image Source: Lifehack.com