ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား လူချစ်လူခင်များတဲ့သူတွေ မြင်ဖူးကြမယ် ထင်ပါတယ်။ အဲ့လိုလူတွေကို မြင်ရတိုင်းလည်း အားကျမိကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း လူချစ်လူခင်များတဲ့လူတစ်ယောက် ဖြစ်ချင်စိတ်လည်း ရှိကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူချစ်လူခင်များအောင် နေနည်းထိုင်နည်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) ပြုံးပါ

Photo: Freepik

လူချစ်လူခင်များဖို့ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အထိရောက်ဆုံး အလုပ်က ဖော်ရွေစွာ ပြုံးပြတတ်ခြင်းပဲ ဖြစ်ပါတယ်။ ပြုံးခြင်းဟာ မြင်ရသူအဖို့ပါ ရင်းနှီးစိတ်ဝင်စေသလို ပြုံးလိုက်တဲ့သူအတွက်လည်း စိတ်ခံစားချက် ပိုကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) ဟာသဉာဏ်ရွှင်ပါစေ

Photo: Freepik

လူတွေကို ရယ်မောအောင် လုပ်ပါ။ လူတွေဟာ ရယ်ရတဲ့သူတွေကို အလိုလိုနေရင်း နှစ်သက်ကြစမြဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ချွတ်ချော်လွဲမှားမှုတွေအပေါ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်မောဖို့ မမေ့ပါနဲ့။

(၃) ငယ်ပေါင်းကြီးဖော်လို သဘောထားစကားပြောပါ

Photo; Freepik

လူတစ်ယောက်နဲ့ စကားပြောတိုင်း သူ့ကို လိုလိုလားလား ရင်းရင်းနှီးနှီး ပြောခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုနီးစပ်လာစေပါတယ်။စကားပြောရာမှာလည်း လေးစားမှုအရင်းခံထားပြီး အသိအမှတ်ပြုမှုပါတဲ့ စကားကို ဆိုသင့်ပါတယ်။ ခင်မင်မှုဆိုတာ တစ်ယောက်ကိုတစ်ယောက် စိတ်သက်သာအောင် ထားပြီး နွေးထွေးစွာ ဆက်ဆံခြင်းကနေ လာတာ ဖြစ်ပါတယ်။

(၄) နားထောင်သူကောင်း ဖြစ်ပါစေ

Photo: Freepik

လူတစ်ယောက်ကို အကောင်းဆုံးပေးတဲ့ လက်ဆောင်တွေထဲက တစ်ခုက ကောင်းမွန်စွာနားထောင်တတ်သူ ဖြစ်ဖို့ဆိုတဲ့ အရည်အချင်းလည်း ပါပါတယ်။ နားထောင်သူကောင်းဆိုရာမှာ တစ်ဖက်လူပြောတာချည်း နားထောင်ဖို့ မဟုတ်ဘဲ စိတ်ဝင်စားဖို့ကောင်းအောင် မေးခွန်းလေးတွေ ထုတ်တာ ၊ ရိုးရိုးသားသား ချင့်ချင့်ချိန်ချိန် မှတ်ချက်ပေးတာမျိုးလည်း လုပ်ဆောင်သင့်ပါတယ်။

(၅) စရိုက်ကောင်းပြပါ

Photo: Freepik

တစ်ခြားသူတွေနဲ့ စကားပြောဆက်ဆံတိုင်းမှာ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စရိုက်သဘာဝကိုလည်း သုံးသင့်ပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကောင်းတစ်ခုဟာ မိတ်ဆွေဖြစ်မှုမှာ အရေးပါပါတယ်။ ရိုးသားယဉ်ကျေးခြင်း ၊ ပွင့်လင်းဖော်ရွေပြီး ကူညီတတ်ခြင်း စတဲ့ စရိုက်သဘာဝကောင်းတွေကို မွေးမြူသင့်သလို ချပြဖို့လည်း မမေ့သင့်ပါဘူး။