ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုဆိုတာ လူတိုင်းနဲ့ထိုက်တန်တဲ့ အရာတစ်ခုပါ။ သင့်ရဲ့နေစဉ်နေထိုင်လှုပ်ရှားသွားလာနေမှုအပေါ် အပြောင်းအလဲတချို့လုပ်လိုက်ရုံနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်သူတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source : evox Television
လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ စိတ်ဖိစီးကိုလျော့ကျစေသလို ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ရရှိစေတဲ့ အကောင်းဆုံးအလေ့အထတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းတွေနဲ့ ပျော်ရွှင်တဲ့စိတ်ခံစားမှုတွေကိုပိုင်ဆိုင်နိုင်ဖို့ နေ့တိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။
(၂) ဟက်ဟက်ပက်ပက်ရယ်မောပါ

Source : TrendyMen
အားရပါးရ ဟက်ဟက်ပက်ပက်ရယ်မောခြင်းက ပျော်ရွှင်မှုဟော်မုန်းတွေ တိုးစေပါတယ်။ ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး စိတ်ဖိစီးမှုများ စိုးရိမ်ပူပန်မှုများတဲ့ အပျက်သဘောဆောင်တဲ့အတွေးတွေကိုလည်းရှင်းထုတ်ပေးပါတယ်။ ဒါကြောင့်နေ့ရက်တိုင်းမှာ အားရပါးရရယ်မောဖို့ မမေ့ပါနဲ့။
(၃) တရားထိုင်ပါ

Source : Alt 103.7 – Radio.com
တရားထိုင်ခြင်းက စိတ်နှင့်ခန္ဓာကိုယ်ကို အေးချမ်းမှုအပေးနိုင်ဆုံး အလေ့အထတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်တရားထိုင်တဲ့အခါ တည်ငြိမ်အေးချမ်းမှုတွေကိုခံစားရစေပြီး အကောင်းမြင်စိတ်ကိုတိုးပွားစေပါတယ်။ မအိပ်ခင် ၁၅ မိနစ်လောက်တရားထိုင်ပေးခြင်းဟာ အိပ်စက်ခြင်းကိုအထောက်အပံ့ပေးပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အိပ်ရာမဝင်ခင်တရားထိုင်ပေးပါ။
(၄) အချိန်မှန်မှန်အိပ်ပါ

Source : KTAR News
အချိန်မှန်မှန်အိပ်စက်အနားယူခြင်းက ခန္ဓာကိုယ်အတွက် လုံလောက်တဲ့စွမ်းအင်တွေကို ဖြည့်တင်းပေးပြီး ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။ လုံလောက်တဲ့အိပ်စက်ချိန်ရဖို့အတွက် ညအချိန်မှာဖုန်းတွေသုံးမယ့်အစား စာအုပ်ဖတ်ပါ။ စာဖတ်ခြင်းက ဗဟုသုတတိုးစေတဲ့အပြင် ကောင်းစွာအိပ်ပျော်စေဖို့လည်းကူညီပေးပါတယ်။
