ခန္ဓာကိုယ်မှာ အဆီစုလွယ်တဲ့နေရာတစ်ခုကို ပြောပါဆိုရင် ဝမ်းဗိုက်က ထိပ်ဆုံးကပါဝင်ပါတယ်။ ဝမ်းဗိုက်အဆီတွေဟာ ကြည့်ရဆိုးသလို ခန္ဓာကိုယ်လှုပ်ရှားမှုကိုလည်း နှေးကွေးစေပါတယ်။ဒီတစ်ခေါက်မှာတော့ ဝမ်းဗိုက်တစ်ဝိုက်မှာနေရာယူထားတဲ့ အဆီတွေကို အမြန်ဆုံးလောင်ကျွမ်းဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေကိုပြောပြပေးချင်ပါတယ်။
(၁) လမ်းမြန်မြန်လျောက်ပါ
Source : Showbiz Cheat Sheet
လမ်းမြန်မြန်လျောက်ခြင်းက ဝမ်းဗိုက်ကအဆီတွေကို အလျင်အမြန်ဆုံးလောင်ကျွမ်းစေဖို့ ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။မနက်ခင်းကို အချိန် ၄၅ မိနစ်လောက်ပေးပြီး နေ့စဉ်ပုံမှန်လမ်းလျောက်ပေးမယ်ဆိုရင် ဝမ်းဗိုက်အဆီတွေကျရုံသာမက ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ပြီး ကျန်းမာခြင်းတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၂) စားသောက်မှုပုံစံပြောင်းပါ
Source : Medical News Today
မှားယွင်းတဲ့စားသောက်မှုပုံစံတွေကလည်း ဝမ်းဗိုက်မှာအဆီများစွာစုလာစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ အဆီပါဝင်မှုများတဲ့ အစားအစာတွေ အငံဓာတ်များတဲ့အစားအစာတွေနဲ့ အရက်ဘီယာသောက်သုံးမှုတွေကိုရှောင်ကျဉ်ပါ။ ညအိပ်ခါနီးအစားအစားခြင်းကလည်း ဗိုက်မှာအဆီတွေစုလာစေတာကြောင့် မဖြစ်မနေရှောင်ကျဉ်သင့်ပါတယ်။
(၃) အစားစားပြီးထိုင်နေခြင်းကိုရှောင်ပါ
Source : Dreamstime
များသောအားဖြင့် အစားစားပြီးချိန်မှာ ဗိုက်လေးလို့ခဏတဖြုတ်အိပ်စက်အနားယူတာ လှဲလျောင်းတာ ထိုင်နေတာမျိုးတွေက ဝမ်းဗိုက်မှာအဆီတွေကို များစွာစုဝေးလာစေမှာဖြစ်ပါတယ်။ဒါကြောင့်အစားစားပြီးချိန်မှာ ချက်ချင်းအိပ်လိုက်တာ လှဲလျောင်းတာ ထိုင်နေတာမျိုးတွေရှောင်ကျဉ်ပြီး လမ်းအနည်းငယ်လျောက်ပေးတာမျိုး လှုပ်လှုပ်ရှားရှားနေတာမျိုး ပြုလုပ်သင့်ပါတယ်။
(၄) ဝမ်းဗိုက်လေ့ကျင့်ခန်းလုပ်ပါ
Source : Leadership Newspaper
ဗိုက်အဆီကျရုံမက ကျစ်လစ်တဲ့ဝမ်းဗိုက်ကြွက်သားတွေရဖို့ဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဘယ်လီရိုက်ခြင်း အိပ်ထမတင်လုပ်ခြင်း ခါးလှည်းခြင်း ပလန့်ထောက်ခြင်း စသည်ဖြင့် ဝမ်းဗိုက်အဆီတွေလျင်မြန်စွာ ကျဆင်းစေမယ့် လေ့ကျင့်ခန်းမျိုး ပြုလုပ်ပေးဖို့တိုက်တွန်းခြင်ပါတယ်။