မြန်မာနိုင်ငံက အမျိုးသားအများစုက အနောက်တိုင်းက အမျိုးသားတွေလောက် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး ထားတတ်တဲ့အကျင့်မရှိတာကြောင့် အများအမြင်မှာ ကြည့်ရတာ အတန်ငယ်မနှစ်မြို့စရာဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း မုတ်ဆိတ်မွှေး၊ ပါးမြိုင်းမွှေးဆိုတာဟာ ယောကျ်ားတစ်ယောက်အတွက်တော့ ဂုဏ်ယူစရာကောင်းတဲ့သင်္ကေတ တစ်ခုဖြစ်တာမို့ သေချာမထိန်းသိမ်းထားဘူးဆိုရင် မြင်မကောင်းကြည့်မကောင်းဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့်ယောကျ်ားပီသပြီး ရဲရင့်တည်ငြိမ်တဲ့အသွင်ကို ဖော်ဆောင်နိုင်ဖို့ကတော့ မုတ်ဆိတ်မွှေး ၊ ပါးမြိုင်းမွှေးတွေရဲ့ အကူအညီလိုအပ်ပါတယ်။
ဆွဲဆောင်နိုင်မှု

Source: Beard Style
၂၀၁၃ ခုနှစ်မှာတွေ့ရှိခဲ့တဲ့ လေ့လာမှုအသစ်အရ အမျိုးသမီးတွေဟာ မုတ်ဆိတ်မွှေး၊ ပါးမြိုင်းမွှေးထားတဲ့ အမျိုးသားတွေကို ပိုမိုနှစ်သက်သဘောကြကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ တည်ငြိမ်ပြီးခန့်ညားတဲ့အသွင်ကို ဆောင်နေတဲ့ မုတ်ဆိတ်မွှေး၊ ပါးမြိုင်းမွှေးတွေနဲ့ ကွီးတွေဟာ ခေတ်အဆက်ဆက်မှာ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။
ပြုပြင်ထိန်းသိမ်းမှု

Source: Henry Ford Health System
မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေနဲ့ စတိုင်ထုတ်တော့မယ်ဆိုရင် အရေးအကြီးဆုံးအချက်ကတော့ ပြုပြင်ထိန်းသိမ်းမှုပဲဖြစ်ပါတယ်။ သန့်ရှင်းရေးကို ပုံမှန်လုပ်ပေးဖို့လိုအပ်သလို၊ သင့်တော်တဲ့ပုံစံဖြစ်အောင်လည်း ထိန်းညှိပေးမှုတွေလိုအပ်ပါတယ်။
ဂရုစိုက်ပေးမှု

Source: The Bluebeards Revenge
မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကို ဂရုပြုထိန်းသိမ်းတဲ့အခါမှာ ယောကျ်ားလေးတိုင်း မှားယွင်းတတ်တဲ့ အမှားတစ်ခုရှိပါတယ်။ ဒါကတော့ ကိုယ်ပိုင်မုတ်ဆိတ်ရိတ်တဲ့ ကိရိယာမထားတာပဲဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့ကိရိယာကို တစ်ဦးတည်းသာ သုံးသင့်တယ်ဆိုတာကို သေချာလေး သတိပြုရှောင်ကျဉ်သင့်ပါတယ်။
