နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတာကြောင့် စိတ်ဖိစီးမှုကတော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။ ဒီလို စိတ်ဖိစီးမှုတွေနဲ့ ကြုံလာတဲ့အခါမှာ အလုပ် ခွင်မှာ အဆင်မပြေမှုတွေ ၊ လူမှုဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ရှိလာတက်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ သိထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ kwee page က စိတ်ဖိစီးမှုကို လျော့ကျစေမယ့် နည်းလမ်းလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
အသက်ကို ပြင်းပြင်းရှုပေးပါ

Source: Unicorn and Co
အသက်ကိုရှိုက်ပြီး ရှုသွင်းလိုက်ပါ။ ဒီနည်းလမ်းလေးက ရိုးစင်တယ်ဆိုပေမယ့် နှလုံးခုန်နှုန်းကို စည်းချက်ညီစေတဲ့အပြင် သွေးပေါင်ချိန်လည်း ကျစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာတဲ့အခါ အသက်ကိုဝဝရှိုက်ယူလိုက်ပါ။ နှာခေါင်းကနေလေတွေကို ဝအောင် ရှုသွင်းလို့ အဆုတ်ထဲမှာ ပြည့်သွားတဲ့ အထိရှုလိုက်ပါ။
တရားထိုင်ပါ

Source: ThinkRight.me
ဒီနည်းကတော့ စိတ်ဖိစီးမှုကို သက်သာပျောက်ကင်းစေနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။ နည်းလမ်မှန်ကန်စွာ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး (၁၀-၁၅) မိနစ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး သက်တောင့်သက်သာဖြစ်တဲ့ အနေအထားမျိုးနဲ့ တရားထိုင်ပေးပါ။ တစ်ပတ်ပုံမှန်လုပ်ပေးရင် ထူးခြားမှုကို ခံစားရပါလိမ့်မယ်။
အိပ်ရေးဝဝအိပ်ပါ

Source: The Active Times
အိပ်ရေးပျက်တာတွေကြောင့်လည်း စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အောင်နိုင်ချင်တယ်ဆိုရင် အိပ်ချိန်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတိုင်းအနည်းဆုံး အိပ်ချိန် (၇) နာရီအထိ ရှိနေဖို့ လိုအပ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ

Source: The Independent
ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါက ချွေးထွက်ပြီး လူကိုလန်းဆန်းပေါ့ပါးစေပါတယ်။ လမ်းလျှောက်တာ ပြေးတာ စက်ဘီးစီးတာတွေ လုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
အကောင်းမြင်စိတ်ထားပါ

Source: thezeroed
စိတ်ဖိစီးမှုရဲ့ အစက အဆိုးမြင်းခြင်းကနေစတာ ဆိုရင်လည်း မမှားပါဘူး။ အဆိုးမြင်တဲ့ လူအများစုဟာ စိတ်ဖိစီးမှုများနေတက်ပါတယ်။ ဒါကြောင့် အရာတော်တော်များများအပေါ် အကောင်းမြင်စိတ်နဲ့ ကြည့်မြင်တက်ဖို့ အရေးကြီးပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက စိတ်ကျန်းမာရေးအတွက်ကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။
