စိတ်ဖိစီးမှုဆိုတာ အသက်အရွှယ်အပိုင်းအခြားမရွေးလူတိုင်းကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေက ကြာရှည်မွေးယူထားလို့ မကောင်းတဲ့အတွက် စိတ်ဖိစီးမှုတွေခံစားရပြီဆိုရင်အမြန်ဆုံးသက်သာသွားစေမယ့် နည်းလမ်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : Shutterstock

နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက စိတ်ဖိစီးမှုကိုတိုက်ဖျက်ဖို့ သင်လုပ်နိုင်တဲ့အရာတွေထဲက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ တစ်ရက်ကို နာရီဝက်လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်မှ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထုတ်လွတ်မှုကိုသက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်ဖြစ်ခြင်းတွေကိုလျော့ကျသက်သာစေပါတယ်။

(၂) အမွေးရနံ့ပါတဲ့ဖယောင်းတိုင်ထွန်းပါ

Source : AARP

တစ်ချို့သောရနံ့တွေဟာ စိတ်ပူပင်ခြင်းနှင့် စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး စိတ်တည်ငြိမ်အေးချမ်းမှုကိုရရှိစေနိုင်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရလည်း ရနံ့ကုထုံးက လူအများစုခံစားရတက်တဲ့ စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုဖြစ်ခြင်းကိုလျော့ကျစေပြိး ညဘက်တွေမှာကောင်းစွာအိပ်ပျော်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ပန်းအနံ့ကဲ့သို့ ရနံခပ်သင်းသင်းလေးတွေပါတဲ့ ဖယောင်းတိုင်လေးတွေထွန်းထားမယ်ဆိုရင်စိတ်ဖိစီးမှုလျော့ကျစေမှာပါ။

(၃) စာရွှက်မှာချရေးပါ

Source : Freepik

စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုမှာ စာအုပ်သို့မဟုတ် စာရွှက်ပေါ်မှာခံစားချက်တွေကိုချရေးခြင်းဖြစ်ပါတယ်။ ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးစေတဲ့ အကြောင်းအရာတွေကို စာရွှက်မှာချရေးလိုက်ပါ။ ရင်ထဲရှိတဲ့အတိုင်း ခံစားချက်တွေအားလုံးကိုချရေးပါ။ ဒီလိုမျိုး ခံစားချက်တွေကိုစာရွှက်ပေါ်ချရေးခြင်းက သင့်ခံစားနေရတဲ့ စိတ်ဖိစီးတွေကိုအလျင်အမြန်လျော့ကျစေပြီး စိတ်ပြန်လည်တည်ငြိမ်လာပါလိမ့်မယ်။

(၄) ပီကေဝါးပါ

Source : SPY

စိတ်ဖိစီးမှုကို လျင်လျင်မြန်မြန်သက်သာစေချင်ရင်တော့ ပီကေဝါးလိုက်ပါ။ပီကေဝါးခြင်းက ဦးနှောက်သို့သွေးစီးဆင်းမှုပိုမိုကောင်းမွန်စေရန် ကူညီပေးပြီး စိတ်ဖိစီးမှုကို အချိန်အတိုအတွင်း လျော့ကျသွားစေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းစေပြီး စိတ်ကိုပြန်လည်တည်ငြိမ်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ ဒေါသစိတ်တွေဖြစ်လာတဲ့အခါ ပီကေဝါးပေးဖို့အကြံပြုချင်ပါတယ်။