စိတ်ဖိစီးမှုဆိုတာက လူတိုင်းနဲ့မကင်းတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် အသက်ရှင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝမှာ အဆင်မပြေမှုတွေကြောင့် စိတ်ဖိစီးမှုတွေကို ကြုံတွေ့ရတက်ပါတယ်။ ဒီလို ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို နည်းလမ်းမှန်မှန်နဲ့ မကိုင်တွယ်တက်ဘူးဆိုရင် စိတ်ကျန်းမာရေးပြဿနာတွေ ရှိလာတက်ပါတယ်။ တစ်ချို့တွေဆိုရင် စိတ်ဖိစီးမှုကို မခံနိုင်တော့လို့ လုပ်မိလုပ်ရာ လုပ်တာကြောင့် ဘဝပျက်စီးရတဲ့လူတွေလည်းရှိပါတယ်။ ဒီနေ့တော့ အကြောင်းအမျိုးမျိုးကြောင့် ရင်ဆိုင်ရနိုင်တဲ့ စိတ်ဖိစီးမှုဒဏ်ကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
လေ့ကျင့်ခန်းလုပ်ပါ

Source: Today-Show
လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ ခန္ဓာကိုယ်ကို ဖိအားပေးလိုက်ခြင်းက စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက အကျိုးများစွာရှိပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့လူတွေဟာ မလုပ်တဲ့လူတွေထက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု လျှော့ကျတယ်လို့ လေ့လာမှုတွေက ထောက်ပြထားပါတယ်။
ကဖင်းဓာတ် စားသုံးမှုလျှော့ချပါ

Source: Monash Fodmap
ကဖင်းဓာတ်ကို ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် နဲ့ အားဖြည့်အချိုရည်တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးခြင်းက စိုးရိမ်ပူပန်မှုကို တိုးလာစေပါတယ်။ လူတစ်ဦးခြင်းစီမှာ ကဖင်းဓာတ်ခံနိုင်ရည် ရှိပုံခြင်းမတူညီပါဘူး။ တစ်ချို့က ကဖင်းဓာတ် လုံးဝစားသောက်လို့မရတဲ့လူတွေရှိပါတယ်။ လေ့လာမှုတွေအရတော့ တစ်နေ့ကို ကော်ဖီ (၃-၄) ခွက်ထက် ပိုမသောက်သင့်ဘူးလို့ ပြောထားပါတယ်။
သီချင်းနားထောင်ပါ

Source: WellGood
သီချင်းက သင့်စိတ်ကိုအေးချမ်းစေပြီး သောကအမောတွေပြေပျောက်စေမှာပါ။ သီချင်းနားထောင်ပေးတာက စိတ်ဖိစီးမှုကို ပျောက်သွားစေတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဂီတဆိုတာ ဆေးတစ်ခွက်ပါလို့လည်း ပြောကြပါတယ်။
ပြုံးရယ်ပါ

Source: asmile4u
သင့်ကို ရယ်မောပျော်ရွှင်စေမယ့် အရာတွေကိုပြုလုပ်ပါ။ ရယ်စရာဟာသဗီဒီယိုတွေကို များများကြည့်ပေးပါ။ ရယ်မောခြင်းက သင့်နှလုံး၊အဆုတ်၊ ကြွက်သားတွေကို ကောင်းမွန်စေပြီး သင့် ဦးနှောက်က ထုတ်လွှင့်လိုက်တဲ့ အန်ဒေါဖင် (endorphin) ကိုတိုးလာစေပါတယ်။
သူငယ်ချင်း မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းပါ

Source: The Times
စိတ်ဖိစီးမှုကို တိုက်ထုတ်ဖို့အတွက် သူငယ်ချင်း မိသားစုဝင်တွေရဲ့ အထောက်အပံ့လည်း လိုအပ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိနေတာ အတူတူ စားသောက်ပျော်ရွှင်နေခြင်းက ခက်ခဲတဲ့ အချိန်ကို ကျော်ဖြတ်ဖို့အတွက် အားအင်တစ်ခုပါ။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေး ကျဲတဲ့ အမျိုးသားအမျိုးသမီးတွေဟာ စိုးရိမ်ပူပန်မှုများပြီး စိတ်ကျရောဂါ ရလွယ်ကြောင်း ဖော်ပြထားပါတယ်။
