ပိုက်ဆံစုတာက ကျွန်တော်ဘဝရှေ့ရေးအတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခုတည်ဆောက်ရမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်။ လူမှုရေး ကျန်းမာရေး ပညာရေး အရေးပေါ်ငွေသုံးစွဲရေး စသည်တို့အတွက် စုဆောင်းထားတဲ့ငွေက အကူညီဖြစ်စေမှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ လူတိုင်းလူတိုင်း လစဉ်ငွေစုရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) လိုအပ်တဲ့အရာတွေပဲဝယ်ပါ
Source : 123RF.com
လူအများစုက ကိုယ့်အတွက် မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေထက် စိတ်အလိုနောက်လိုက်ပြီး မလိုအပ်တာတွေအတွက် ငွေကုန်ကျခံနေကြတာများပါတယ်။ ဒါကြောင့် လကုန်ခါနီးအချိန်တွေမှာ မဖြစ်မနေဝယ်ရမယ့်ပစ္စည်းတွေအတွက် စာရင်းပြုစုထားပါ။ ကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာတွေကိုသိပြီး လိုအပ်တာပဲဝယ်မယ်ဆိုရင် အသုံးစရိတ်လျော့ချနိုင်မှာဖြစ်ပြီး ငွေစုနိုင်ဖို့အတွက် ပိုပြီးရာခိုင်နှုန်းပိုများစေမှာဖြစ်ပါတယ်။
(၂) စာရင်းလုပ်ထားပါ
Source : C2events
ကိုယ့်ရဲ့ တစ်လတာဝင်ငွေကနေ ဘယ်လောက်ကိုစုငွေစာရင်းထဲထည့်မယ် အသုံးစရိတ်အတွက် ဘယ်လောက်သုံးမယ် စသည်ဖြင့်စာရင်းလေးသေချာလုပ်ထားဖို့လိုပါမယ်။ အသုံးစရိတ်ကိုလည်း မှတ်သားထားပါ။ တစ်လတစ်လဘယ်အရာတွေအတွက် ငွေပိုသုံးနေမိလဲဆိုတာ ကိုယ်ရဲ့အသုံးစရိတ်စာရင်းကနေပြနေမှာဖြစ်တဲ့အတွက် မလိုအပ်ပဲ ငွေကုန်နေတာတွေ ရပ်တန့်နိုင်ပြီး ငွေပိုစုနိုင်မှာဖြစ်ပါတယ်။
(၃) အနာဂတ်ကိုပုံဖော်ကြည့်ပါ
Source : Freepik
လက်တလောမှာ စိတ်ကြိုက်သုံးခွင့်မရှိပေမယ့် အနာဂတ်မှာတော့ ကိုယ့်ရဲ့ကြီးမားတဲ့ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တာ ငွေစုခြင်းပါ။ ကိုယ်အနေနဲ့ နိုင်ငံခြားမှာကျောင်းတက်ချင်တာလား အိမ်ပိုင်တစ်လုံးဝယ်ချင်လား ကားတစ်စီးလိုချင်လား စသည်ဖြင့် ကိုယ်ဖြစ်တဲ့စိတ်ကူးအိပ်မက်လေးကို ပုံဖော်ကြည့်ပြီး စိတ်ရှည်ရှည်နဲ့ ငွေစုကြည့်ပါ။