Law of Attraction လို့ ခေါ်ကြတဲ့ ဆွဲဆောင်မှုဥပဒေသရ စကြဝဠာကြီးဟာ ကိုယ်ထုတ်လွှင့်လိုက်တဲ့ စွမ်းအင်နဲ့ ကြိမ်နှုန်းတွေအတိုင်း တုံ့ပြန်တယ်လို့ ဆိုပါတယ်။ အကောင်းမြင်သူတွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရတတ်ခြင်းဟာ ဆွဲဆောင်မှု ဥပဒေသရဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။

အောင်မြင်မှုရဖို့ Law of Attraction နည်းကို တစ်ခါတလေမှာ လွယ်လွယ်လေး အသုံးချလို့ရတယ်လို့ ရနိုင်တာ ရှိပါတယ်။ အခုပြောမယ့် နည်းလမ်းလေးတွေက ကိုယ်လိုချင်တဲ့ အောင်မြင်မှု ကိုယ့်ဆီလာချင်အောင် ဖိတ်ခေါ်ပေးနိုင်တဲ့အစွမ်း ရှိတာကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာပါ အမြဲအသုံးချသွားသင့်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ချိတ်ဆက်ပါ

Photo: Freepik

သင့်ကိုယ်သင် Hello လုပ်နိုင်ဖို့ တစ်နေ့မှာ အနည်းဆုံး နာရီဝက်လောက်တော့ အချိန်ပေးသင့်ပါတယ်။ ပြင်ပက အချက်အလက်တွေပဲ ခေါင်းထဲမှာ ထည့်ဖို့ထက် ကိုယ့်အတွင်းကလာတဲ့ မက်ဆေ့ချ်တွေလည်း ပြန်ဖတ်ကြည့်သင့်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေရင်းနဲ့ ကိုယ့်အတွင်းစွမ်းအင်နဲ့ ပြန်ဆက်သွယ်မှုလုပ်ကြည့်ပါ။

(၂) ကျန်းမာတဲ့ အကျင့်တွေ မွေးထားပါ

Photo: Freepik

ကိုယ့်ခန္ဓာကိုယ်ကို ပိုပြီးကျန်းမာရွှင်လန်းပြီး ဒေါင်ဒေါင်မြည်စွမ်းအင်တွေ ထုတ်နိုင်တဲ့ အင်ဂျင်စက်တစ်လုံးလို ဖြစ်အောင် တည်ဆောက်ပါ။ နေ့တိုင်းမှာ ရေများများသောက် ၊ လမ်းများများလျှောက် ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စား ၊ ညဘက်တွေ ကောင်းကောင်းအိပ်ပြီး အနားယူတာကို အကျင့်လုပ်ထားပါ။

(၃) ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ

Photo: Freepik

ကခုန်ခြင်းဟာ သွေးလည်ပတ်မှုပိုကောင်းပြီး တက်ကြွရွှင်လန်းစေပါတယ်။ ဝါသနာပါတဲ့ အလုပ်လုပ်နေရတာဟာ စိတ်ချမ်းသာစေပါတယ်။ သီချင်းတွေ နားထောင်တာ ပျော်စရာကောင်းပါတယ်။ ပျော်ရွှင်တက်ကြွမှု ရှိသူဟာ သူလုပ်နေတဲ့အလုပ်တွေကို အားသွန်ခွန်စိုက် လုပ်နိုင်တဲ့အစွမ်းရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပျော်အောင် နေခြင်းဟာ အောင်မြင်မှုနဲ့ မဆိုင်ဘူးထင်ရပေမယ့် ဘဝမှာ အရေးကြီးဆုံး အခြေခံနေထိုင်မှုပုံစံတစ်ခုဆိုတာ မမေ့သင့်ပါဘူး။

(၄) ကြည့်ကောင်းအောင် ဝတ်ဆင်ပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် Self-Care လေးလုပ် ၊ ပြင်ပြင်ဆင်ဆင်လေး နေတဲ့အကျင့် လုပ်ထားပါ။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ပါ။ ကိုယ့်ပုံရိပ်ကို မြှင့်တင်ထားခြင်းဟာ အဆင်သင့်ပြင်ထားတာပါပဲ။ လူရိုသေလေးစားအောင် နေတတ်ထိုင်တတ် ဝတ်စားဆင်ယင်တတ်သူဟာ အများက အလေးဂရုပြုတဲ့စိတ်နဲ့ ဆက်ဆံမှုကို ရပါတယ်။ လူတွေနဲ့ ဆက််ဆံရာမှာ ပုံရိပ်ကောင်းရထားရင် အောင်မြင်မှုရအောင် ဖော်ဆောင်ဖို့ အခွင့်အလမ်းပိုများလာပါလိမ့်မယ်။