အတွေးလွန်ခြင်းဆိုတာ သင့်ကိုအချိန်တိုင်း စိတ်ဒူက္ခပေးနေတဲ့ အနီးကပ်ရန်သူပါ။ အတွေးလွန်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်စေနိုင်သလို အသက်အန္တရာယ်ကို သက်ရောက်မှုရှိစေတဲ့အထိ ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုဖတ်နေတဲ့ သင်ဟာ ကိစ္စတိုင်းကို အတွေးလွန်ပြီး စိတ်သောကခံစားနေရတယ်ဆိုရင် အခုပြောပြမယ့်နည်းလမ်းတွေလုပ်ဆောင်ကြည့်ပါ။
(၁) စိတ်ကိုတည်ငြိမ်အောင်လေ့ကျင်ပါ
Photo : Freepik
အတွေးလွန်ခြင်းကို ရပ်တန့်ဖို့ စိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ထားရပါမယ်။ အကောင်းဆုံးကတော့ စိတ်ကိုတည်ငြိမ်စေမယ့် တရားထိုင်ခြင်း ယောဂကစားခြင်း စတဲ့လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်နေခြင်းက သင့်ရဲ့စိတ်ကိုတည်ငြိမ်ပြီး အတွေးလွန်ခြင်းကိုရပ်တည့်ပေးဖို့ ကူညီနိုင်ပါလိမ့်မယ်။
(၂) လက်ရှိအခြေအနေကိုအာရုံစိုက်ပါ
Photo : Freepik
အတွေးလွန်တယ်ဆိုကတည်းက လက်ရှိအခြေအနေထက်ပိုပြီး အတိတ် သို့မဟုတ် အနာဂတ်ကိုကြိုတင်တွေးတော့ ပူပန်နေမိခြင်းဖြစ်ပါတယ်။ တကယ်တော့ သင့်အနေနဲ့ ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတင်တွေးတောပူပန်နေမယ့်အစား လက်ရှိပစ္စုပ္ပန်အခြေအနေကိုပဲအကောင်းဆုံး အာရုံစိုက်ထားသင့်ပါတယ်။
(၃) ရင်ဖွင့်ပါ
Photo : Freepik
တစ်ချို့က အတွေးလွန်ခြင်းကို တခြားသူတစ်ယောက်ကိုထုတ်ပြောဖို့ ဝန်လေးတက်ပါတယ်။ ကိုယ်အနေနဲ့ တကယ်ပဲ အတွေးလွန်ခြင်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် အရင်းနှီးဆုံး မိသားစု မိတ်တွေတွေကို ပြောပြပြီး အကြံဉာဏ်တောင်းပါ။လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသမှုတွေခံယူသင့်ပါတယ်။
(၄) ကိုယ်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ပါ
Photo : Freepik
အတွေးလွန်ခြင်းက တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းနေခြင်းဖြစ်ပါတယ်။ကိုယ်မှာလုပ်နိုင်တဲ့စွမ်းအားတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။ တစ်ချို့အရာတွေကို လုပ်နိုင်တဲ့ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်လုပ်ဆောင်ကြည့်ပါ။အောင်မြင်မှုရလေလေ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးလာလေဖြစ်လာမှာပါ။ဒီလိုနည်းနဲ့ ကိုယ်ကိုယ့်ကိုယုံကြည်မှုတည်ဆောက်ပြီး အတွေးလွန်ခြင်းတွေကို အနိုင်ယူနိုင်ပါတယ်။