Marvel ရဲ့ Shang-Chi And The Legend of The Ten Rings ဟာ ၂၀၂၁ ရဲ့ ဝင်ငွေအကြမ်းဆုံးရုပ်ရှင်ထဲမှာ ပါလာပါပြီ။ COVID-19 ကပ်ရောဂါကာလထဲမှာ ထွက်ခဲ့ပေမယ့် Box Office မှာ လက်ရှိဝင်ငွေ ဒေါ်လာ ၄၂၃.၆ သန်း အထိ ရရှိခဲ့တဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားပါ။ ဒီကားကြောင့် ရှောင်းချီအဖြစ် သရုပ်ဆောင်ထားတဲ့ ဆီမူလီယုလည်း ကမ္ဘာကျော်သွားပါတယ်။

တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသား ဆီမူလီယုဟာ ရှောင်းချီဇာတ်ရုပ်အတွက် ဘော်ဒီကို အကြီးအကျယ် Transformation လုပ်ခဲ့ရပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆီမူလီယုဟာ Shang-Chi ရုပ်ရှင်မှာ မယုံနိုင်လောက်အောင် ပုံစံပြောင်းခဲ့ပါတယ်။ အဲ့ဒီလို ပုံစံပြောင်းဖို့အတွက် Workout လည်း စနစ်တကျကစားခဲ့ရသလို Diet Plan လည်း သေချာလိုက်နာခဲ့ရပါတယ်။

Simu-Liu-Workout-and-Diet-Plan

Photo: manofmany

Marvel က စီစဉ်ပေးတဲ့ Shang-Chi မင်းသားရဲ့ Diet Plan ထဲမှာ အဓိက ကြွက်သားတက်ပြီး အဆီနည်းဖို့ ဦးစားပေးထားတာပါ။ ဒါကို Marvel Diet လို့ နာမည်ပေးထားပါတယ်။ ၁၂ နာရီခြားတစ်ခါ စားစေပြီး ပရိုတိန်းမြင့်တဲ့အစားအသောက်တွေနဲ့ ကာဗွန်ဟိုက်ဒရိတ်တစ်လှည့်စီစားစေတာပါ။ ကာဗွန်ဟိုက်ဒရိုက်မြင့်တဲ့ Low-Carb နဲ့ High-Carb တွေကို တစ်ရက်မှာ အနည်းဆုံး ၁၂ နာရီခြားပြီး တစ်နေ့တာ နောက်ဆုံးအနပ်နဲ့ နောက်တစ်နေ့ရဲ့ပထမဆုံးအနပ်အကြား စားဖို့ လုပ်တာပါ။

Low-Carb စားတဲ့နေ့တွေမှာ အားကစားမလုပ်ခင် ကြက်ဥအဖြူနှစ်လုံး ၊ အော်ဂဲနစ်ကြက်ဥ ၂ လုံး ၊ ထောပတ်သီးတစ်ခြမ်း ၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ (ပရိုတိန်း ၂၁ ဂရမ် ၊ ကာဗွန်ဟိုက်ဒရိတ် မပါ ၊ အဆီ ၂၁ ဂရမ်) စားခိုင်းပြီး အားကစားလုပ်ပြီး မိနစ် ၂၀ ကနေ ၄၀ အတွင်း Snack အနေနဲ့ Garden of Life ပရိုတိန်းမှုန့် ၁ ဇွန်း ၊ ငှက်ပျောသီးတစ်ဝက် ၊ မြေပဲထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ဟင်းနုနွယ် လက်တစ်ဆုပ် နဲ့ ရေ/ရေခဲသုံးပြီး Smoothie တိုက်ပါတယ်။

နေ့လည်စာအနေနဲ့ ကြက်သား ဒါမှမဟုတ် ကြက်ဆင်သား ၂၀၀ ဂရမ် ၊ အစိမ်းရောင်အသီးအရွက်တွေ ၊ အသုတ်တစ်ပွဲ ၊ ထောပတ်သီးတစ်ခြမ်း ဒါမှမဟုတ် အစေ့အဆံတွေ နဲ့ ထမင်း ၁၀၀ ဂရမ် ကျွေးပါတယ်။ ညစာကိုတော့ ဆယ်လ်မွန်ငါး ၄ အောင်စ ၊ အစိမ်းရောင် အသီးအရွက်တွေ ၊ အသုတ်တစ်ပွဲ ဒါမှမဟုတ် အရွက်ကြော်တစ်ပွဲ စားရပါတယ်။ စုစုပေါင်း ပရိုတိန်း ၁၁၅ ဂရမ် ၊ ကာဗွန်ဟိုက်ဒရိတ် ၇၅ ဂရမ်နဲ့ အဆီ ၅၀ ဂရမ်ကို Low Carb စားတဲ့နေ့မှာ ကျွေးတာ ဖြစ်ပါတယ်။

Simu-Liu

Photo: manofmany

High-Carb စားတဲ့နေ့တွေမှာဆို Pre-Workout မနက်စာအဖြစ် ကြက်ဥအဖြူ ၃ လုံး ၊ အော်ဂဲနစ်ကြက်ဥ ၁ လုံး ၊ ပန်းသီးလို အသီးတစ်မျိုးမျိုး ၊ Oatmeal ခွက်တစ်ဝက် ၊ English Muffin ပေါင်မုန့်ကြမ်း ၁ ချပ် ၊ အုန်းဆီ ၅ ဂရမ် ၊ အစိမ်းရောင် အသီးအရွက်တွေ စားရပြီး Post-Workout အဆာပြေ Snack အဖြစ် Low-Carb Smoothie သောက်ရပါတယ်။ နေ့လည်စာကို ကြက်သား ၄ အောင်စ/ကြက်ဆင်သား ၂၀၀ ဂရမ် ၊ အစိမ်းရောင်အသီးအရွက်တွေ ၊ အသုတ်/အရွက်ကြော်၊ ထောပတ်သီး ၃၀ ဂရမ် ၊ အသုတ်ဆော့စ် ၊ ဆန်ဖြူ ၁၀၀ ဂရမ်ပါဝင်ရပြီး ညစာကို ကြက်ရင်အုံသား/ငါး ၄ အောင်စ ၊ ဆန်ဖြူ ၁၀၀ ဂရမ် ၊ အစိမ်းရောင်အရွက်တွေ ၊ အသုတ်နဲ့ အရွက်ကြော်တွေ စားရပါတယ်။

High-Carb စားချိန်မှာ ပရိုတိန်း ပါဝင်မှု ၁၀၅ ဂရမ် ၊ ကာဗွန်ဟိုက်ဒရိတ် ၁၂၅ ဂရမ် နဲ့ အဆီ ၃၅ ဂရမ် ဖြစ်အောင် စီမံချက်ပြုတ်ကျွေးတာပါ။ ဒီလိုကျွေးမွေးတဲ့အပြင် အနီးကပ်ကြီးကြပ်ပြီး Workout လုပ်တာကြောင့် ဆီမူရဲ့ ခန္ဓာကိုယ်ဟာ အများငေးလောက်အောင် မိုက်တဲ့ဘော်ဒီထွက်လာတာ ဖြစ်ပါတယ်။ ကွီးပရိသတ်ကြီးလည်း ဒီ Marvel Diet Plan လိုမျိုး စားဖို့ပါ အကြံပြုလိုက်ရပါတယ်။

Featured Photo: manofmany