အချို့အချို့တွေက Single ဖြစ်ရခြင်းက အထီးကျန်ဆန်တယ် တွေးတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ မသိသေးတဲ့အချက်က တစ်ကိုယ်တည်း Single ဖြစ်ရခြင်းက ကောင်းကျိုး တွေ အများကြီးပဲရှိပါတယ်။

တကယ်လို့ ကွီး တို့ မယုံသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းပြချက်များကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကိုယ် သွားချင်တဲ့နေရာတွေကို အချိန်မရွေး စိတ်လွတ်လက်လွတ် သွားလာနိုင်ခြင်း

Single ကောင်းကျိုး

ချစ်သူရည်းစားရှိတဲ့ ကွီးတစ်ယောက်အနေနဲ့ သူ့ကောင်မလေးကို ညနေကျရင် သူငယ်ချင်းတွေနဲ့ Bars သွားထိုင်မယ်၊ နောက်ရက်ထဲမှာ သူငယ်ချင်းတွေနဲ့ ခရီးသွားဖို့ရှိတယ်ဆိုပြီး ပြောကြာည့်လိုက်ပါ။ ဘယ်လိုအဖြေမျိုး ပြန်ကြားရမယ်လို့ ထင်ပါသလဲ။ သူ့ဘက်က သွားခွင့်ပြုတယ်ဆိုရင်တော့မှ ကြည်ကြည်ဖြူဖြူ သွားခွင့်ပေးတာမျိုးတော့မဟုတ်ပါဘူး။ သင့်ကို စိတ်လွတ်လက်လွတ်မသွားနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဘားထိုင်တယ်ဆိုရင်လည်း သင် အိမ်ပြန်မရောက်မချင်း ဖုန်းတဂွမ်ဂွမ်ဆက်နေမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့လည်း အချိန်ကြာလာတဲ့အခါ စိတ်ကျဉ်းကြပ်လာမှာဖြစ်ပါတယ်။

ဒါပေမဲ့ သင်သည် တစ်ကိုယ်တည်း Single သမားတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ထိုဆိုးကျိုးများရဲ့ ဆန့်ကျင်ဘက် ကောင်းကျိုး များကို ခံစားရမှာမဟုတ်လား။

လွတ်လွတ်လပ်လပ်ခရီးသွားနိုင်မယ်။ ဘာအနှောင်အဖွဲ့မှမရှိဘဲ သူငယ်ချင်းများနှင့်အတူ ပျော်ပါးနိုင်ခြင်းကတော့ Single တစ်ယောက်ဖြစ်ရခြင်းရဲ့ ကောင်းကျိုး တစ်ခုပဲမဟုတ်လား။

ဘာကိုမှ ကြောက်စရာမလိုဘဲ Flirt လုပ်နိုင်ခြင်း

Single ကောင်းကျိုး

လူတစ်ယောက်သည် Single ပဲဖြစ်ဖြစ် RS ပဲရှိရှိ အနည်းနဲ့အများတော့ Flirt တတ်ကြပါတယ်။ RS ရှိတဲ့ လူတစ်ယောက်သည် အခြားတစ်ယောက်နဲ့ Flirt နေတယ်ဆိုရင်တော့ ကိုယ့်ကောင်မလေးအပေါ် သစ္စာဖောက်ပြားရာကျပြီး အကျင့်စာရိတ္တမကောင်းတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပါလိမ့်မယ်။ ကိုယ့်ကောင်မလေးကလွဲပြီး အခြားသောကောင်မလေးများအပေါ် Romantic ဖီလင်မျိုး ထားလို့မရပါဘူး။

ဒါပေမဲ့ သင့်မှာ ကောင်မလေးမရှိဘူးဆိုရင်တော့ လွတ်လွတ်လပ်လပ် Flirt နိုင်တယ်မဟုတ်လား။ အတည်တွဲနေတဲ့သူမရှိတဲ့အတွက်ကြောင့် ဘယ်ကောင်မလေးကို ခရက်ရှ်နေသလဲ။ ကိုယ်ခရက်ရှ်နေတဲ့ ကောင်မလေးအပေါ် စိတ်လွတ်လက်လွတ် ချစ်ရေးဆိုနိုင်ပါတယ်။ တကယ်လို့ သူက ပြန်မကြိုက်ရင်လည်း နောက်တစ်ယောက် ပြောင်းပြီး ခရက်ရှ်နိုင်တာပဲမဟုတ်လား။

အချိန်ကုန်သက်သာခြင်း

Single ကောင်းကျိုး

Healthy Relationship တစ်ခု ဖန်တီးနိုင်ဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့လိုအပ်ပါတယ်။ ဒါသည် စုံတွဲတိုင်းပြုလုပ်ရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးနိုင်တဲ့ စုံတွဲတွေသည် ကြာကြာမခံကြပါဘူး။ သူတို့သည် မနက်မိုးလင်းတာနဲ့ တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ချ် အပြန်အလှန်ပို့ရတာမျိုး၊ ဖုန်းအပြန်အလှန်ဆက်ရတာမျိုး ပြုလုပ်ရပါတယ်။ ညဘက်ဆိုရင်လည်း ညဘက်အလျောက် အချိန်ပေးကြရပြန်ပါတယ်။ စိတ်ကောက်တဲ့အချိန်မှာလည်း ပိုလို့တောင် အချိန်ပေးကာ ချော့ရပါတယ်။

ဒါပေမဲ့ Single ကွီးတစ်ယောက်အတွက်ကတော့ အချိန်ကုန်သက်သာတဲ့ ကောင်းကျိုး ကို ခံစားရနိုင်ပါတယ်။ သူတို့အချိန်ကို သူတို့ပိုင်ကြပြီး ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စိတ်ဆိုးစိတ်ကောက်တတ်တဲ့သူကိုလည်း ချော့နေစရာမလိုပါဘူး။ ညဘက်မှာလည်း သူတို့ အိပ်ချင်တဲ့အချိန် အိပ်လိုက်ရုံပါပဲ။

ပိုက်ဆံအကုန်သက်သာခြင်း

Single ကောင်းကျိုး

ကောင်မလေး တစ်ယောက်နဲ့ တစ်ခါ တစ်ခါ ဒိတ်လုပ်မယ်ဆိုရင် ဘယ်လောက်ထိ ကုန်ကျနိုင်ပါသလဲ။ မကုန်ဘူးဆိုရင်တောင်မှ အနည်းဆုံး တစ်သောင်းခွဲလောက်ကတော့ အသာလေးပါပဲ။ ဒီကြားထဲမှာ အမှတ်တရနေ့တွေအတွက်လည်း လက်ဆောင်ဝယ်ပေးရ၊ စိတ်ကောက်တဲ့အချိန်မှာလည်း စိတ်ဆိုးပြေအောင် ချော့မြူရနှင့် ပိုက်ဆံအကုန်အကျများလွန်းလှပါတယ်။

ဒါပေမဲ့ သင်သည် တစ်ကိုယ်တည်းလူပျိုကြီးဆိုရင်တော့ စောစောကဖော်ပြခဲ့တဲ့အရာတွေအတွက် ပိုက်ဆံကုန်မှာ စိတ်ပူစရာမလိုတော့ပါဘူး။ ကိုယ် ဘာဝယ်ချင်သလဲ။ ဝယ်ချင်တဲ့ပစ္စည်းကို အသာလေး ဝယ်လိုက်ရုံပါပဲ။ ဘယ်သူ့အတွက်မှ ပိုက်ဆံဖြုန်းနေစရာမလိုပါဘူး။ ကိုယ့်မှာ ပိုက်ဆံမရှိလို့လည်း အငြိုငြင်ခံရတာမျိုးမရှိပါဘူး။ ကိုယ့်ပိုက်ဆံကို ကိုယ့်စိတ်ကြိုက် ခြယ်လှယ်သုံးစွဲနိုင်တာကတော့ Single တစ်ယောက်ဖြစ်ရခြင်းရဲ့ အားသာချက် တစ်ခုပါပဲ။

ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ခြင်း

benefit of being single

Photo: iStock

ကိုယ့်မှာ ချစ်ရတဲ့လက်တွဲဖော်တစ်ယောက်ရှိမယ်ဆိုရင် သူ နေမကောင်းဖြစ်လာခဲ့ရင်လည်း သူ့အတွက် ပူပန်ရပြန်ပါပြီ။ အန္တရာယ်များတဲ့ အချိန်တွေမှာလည်း သူတစ်ယောက်တည်း သွားလာရတာ စိတ်မချလို့ ကိုယ်တိုင်လိုက်ပို့ရပြန်ပါပြီ စသည်ဖြင့် ဘက်ပေါင်းစုံကနေ ဂရုစိုက်ပေးနေရတာဖြစ်ပါတယ်။ ကိုယ် ချစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်မေ့ပြီး အခြားသူကို ဂရုစိုက်ပေးနေရတာမဟုတ်လား။

တကယ်လို့ သင့်မှာ အခြားချစ်ရမယ့်သူမရှိဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ့်အချိန်တွေလည်း ထွက်လာမယ်။ စိတ်ပူပန်ရတာမျိုး၊ စိတ်ညစ်ရတာမျိုးလည်း မရှိတော့ ဘဝကြီးက ပျော်ရွှင်ဖွယ်အတိပါပဲ။

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်ခြင်း

benefit of being FA

ညဘက်တွေမှ ကိုယ့်ကို ရစ်မယ့်သူ၊ စိတ်ဆိုး စိတ်ကောက်မယ့်သူမရှိတဲ့အတွက်ကြောင့် စိတ်အေးအေးချမ်းချမ်းနဲ့ အိပ်စက်နိုင်တာကတော့ တစ်ကိုယ်တည်းသမားတွေရဲ့ အားသာချက်တစ်ခုပါပဲ။

တကယ်လို့ သင့်မှာ အမြဲတမ်း စိတ်ဆိုးစိတ်ကောက်တတ်ပြီး ရစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ သူ စိတ်ကောက်မပြေမချင်း ချော့နေရမှာဖြစ်ပြီး သင်လည်း အိပ်ရေးပျက်နိုင်ပါတယ်။ ကြာလာရင်လည်း ချော့ရတဲ့အလုပ်ကို သင် စိတ်ရှည်တော့မှာမဟုတ်ပါဘူး။ ဒါဆိုရင် သူများ သားသမီးကို တမင်စိတ်ဒုက္ခပေးတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် မကောင်းပါဘူး။

သူငယ်ချင်းများနဲ့ အဆက်အသွယ်မပြတ် ပေါင်းသင်းနိုင်ခြင်း

benefit of being FA

ရည်းစားတစ်ယောက်ရလာတဲ့အခါ အရင်လို ကိုယ်ကြိုက်သလို ပျော်ပါးလို့မရတာကတော့ အမှန်ပါပဲ။ ကိုယ့်ရဲ့ဘော်ဒါအရင်းတွေနဲ့လည်း သွားချင်လာချင်တဲ့အခါ လွတ်လွတ်လပ်လပ်ပျော်ပါးနိုင်မှာမဟုတ်တော့ပါဘူး။ အချိန်ကြာလာတဲ့အခါ ဘော်ဒါတွေနဲ့ အဆက်အသွယ်ပြတ်လာပြီး ကိုယ့်ရဲ့လှုမှုပတ်ဝန်းကျင်စက်ဝိုင်းသည် ကျုံ့သွားမှာပဲဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ကောင်မလေးက ဟိုလူနဲ့ မပေါင်းနဲ့။ ဒီလူနဲ့ မပေါင်းနဲ့လို့ ကန့်သတ်လာခဲ့ရင်လည်း သူတို့အလိုကျ နေပေးရပါသေးတယ်။ ဒါတွေကတော့ ရည်းစားရှိတဲ့လူတိုင်း ကြုံတွေ့ရတဲ့အချက်တစ်ခုပါပဲ။

တကယ်လို့ သင့်မှာ ကောင်မလေးမရှိဘူးဆိုရင်တော့ ထိုအချက်အတွက် စိတ်ပူစရာမလိုပါဘူး။ ကိုယ့်အချစ်ဆုံးဘော်ဒါတွေနဲ့ အဆက်အသွယ်မပြတ်တော့ဘဲ စိတ်ရှိတိုင်း ပေါင်းသင်းနိုင်ပါတယ်။

Source: Lifehack

Featured Image: Goodmenproject