Kwee ပရိသတ်တွေထဲမှာ Single ကွီးတို့ရှိပါသလား။ Relationship မဟုတ်လို့ အပေါင်းအသင်းတွေ ဘယ်လိုပဲ စနောက်နောက်၊ ပတ်ဝန်းကျင်က ဘယ်လိုပဲ ပြောပါစေ ဂရုစိုက်ခံစားပြီး စိတ်ပျက်နေစရာ မလိုပါဘူး။ တစ်ကိုယ်တည်း ဘဝက မိမိကိုယ်တိုင် အနာဂတ်ကို အကောင်အထည်ဖော်နိုင်ပြီး ကောင်းကျိုးတွေလည်းရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Single ဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေ ဖော်ပြပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အာရုံပိုစိုက်လာနိုင်ပါလိမ့်မယ်

Single ကောင်းကျိုးတွေ

Photo : Pexels

Single အနေနဲ့ ဘဝကို ဖြတ်သန်းရခြင်းက လွတ်လပ်ခြင်းအရသာကို အပြည့်အဝခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း ပိုမို အာရုံစိုက်မိလာစေပါတယ်။ အချိန်အချို့ကို တစ်ကိုယ်ရည်ဖြတ်သန်းခြင်းက ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ပိုမိုရှင်းလင်းလာစေပြီး ဘာတွေပြုလုပ်ရမလဲဆိုတာလည်း သဘောပေါက်လာစေပါတယ်။ အရင်က ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့အရာတွေကိုလည်း ဂရုပြုသတိထားမိလာပါလိမ့်မယ်။

ပိုမိုတတ်ကြွနေပါလိမ့်မယ်

Single ကောင်းကျိုးတွေ

Photo : Pexels

လေ့လာမှုများအရ တစ်ကိုယ်တည်း ဖြစ်နေသူများ သို့မဟုတ် လက်မထပ်ရသေးသူများက ပိုမိုတတ်ကြွတယ်လို့ ဆိုပါတယ်။ ကိုယ်လုပ်ချင်တာက စိတ်ကြိုက် ပြုလုပ်ရခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အချိန်ပေးနိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကိုယ်ကိုယ် Single ဖြစ်ခြင်းကို ဂုဏ်ယူပြီး အချိန်တွေကို အသုံးချလိုက်ပါ။ ကွီးတို့အနေနဲ့ Relationship အသစ် တစ်ခုကို စတင်တဲ့အခါ ဒါမှမဟုတ် ကိုယ့်အတွက် တစ်စုံတစ်ယောက်နဲ့ ထပ်မံတွေ့ဆုံတဲ့အခါမှာလည်း အဆင်သင့်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပါလိမ့်မယ်။

ပိုမို တီထွင် ဖန်တီးနိုင်လာစေပါတယ်

Single ကောင်းကျိုးတွေ

Photo : Pexels

တစ်ယောက်တည်း အချိန်ကုန်ဆုံးခြင်းက တီထွင်ကြံဆမှု တိုးလာခြင်းနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ တစ်ယောက်တည်း အချိန်ကုန်ဆုံးခြင်းက ကွီးတို့အား ပိုမိုနက်နဲသော တွေးခေါ်တတ်သူဖြစ်ရန် တွန်းအားပေးကာ အခြားနည်းဖြင့် မတွေးခဲ့မိသော ဖြေရှင်းနည်းများကို တွေ့ရှိစေပါတယ်။

ပိုက်ဆံပိုစုမိလာပါလိမ့်မယ်

Photo : Due

ကွီးတို့ရေ ဒါကတော့ သိသာတဲ့ အချက်ပါပဲ။ Date လုပ်တာက အနည်းနဲ့အများတော့ ကိုယ့်အတွက်ပဲဖြစ်ပါစေ ပိုက်ဆံကုန်ပါတယ်။ တစ်ကိုယ်တည်း ဖြတ်သန်းတဲ့အခါ အပြင်ထွက်ရတဲ့ ကုန်ကျစရိတ်ကအစ သက်သာသွားတာ တွေ့ရပါလိမ့်မယ်။ ဒီအချက်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် ကွဲလွဲမှု ရှိနိုင်ပါတယ်။

မိသားစုတွေ သူငယ်ချင်းတွေအတွက် အချိန်ပိုရနိုင်ပါတယ်

Photo : Pexels

Single ဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေ ထဲက နောက်တစ်ခုကတော့ ကိုယ့်ရဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတကွ ကုန်ဆုံးဖို့ အချိန်ပိုရလာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ မိဘဆွေမျိုးတွေနဲ့ အတူတကွ ကုန်ဆုံးရတဲ့ အချိန်က တစ်ကယ်ကို အဖိုးတန်ပါတယ်။ အရင်တုန်းက လျစ်လျူရှုထားမိသလို ဖြစ်တာပဲ ဖြစ်ဖြစ်၊ အချိန်ကောင်းကောင်းမပေးမိတာပဲ ဖြစ်ဖြစ်၊ အခုအချိန်က မိသားစုဝင်များ၊ ချစ်ခင်ရသူများနဲ့ ပြန်လည်ချိတ်ဆက်ပြီး အမှတ်တရကောင်းလေးတွေ ဖန်တီးဖို့ အချိန်ကောင်းပါပဲ။

ဝါသနာအသစ်တွေ၊ စိတ်ဝင်စားမှုအသစ်တွေ တွေ့ရှိနိုင်ပါတယ်

Photo : Semi Delicate Balance

Single အနေနဲ့ ဘဝကို ဖြတ်သန်းတဲ့အခါမှာ ကိုယ်ကိုယ်တိုင်အတွက် အချိန်များပိုမို ရရှိလာပြီး ကိုယ်ပိုင်အချိန်ကို အသုံးချဖို့ နည်းလမ်းတွေ အများကြီးကို တွေ့ရှိလာပါလိမ့်မယ်။ အသစ်အသစ်သော အရာတွေကို သင်ယူလေ့လာနိုင်ဖို့ အခွင့်အရေးတွေလည်း ရရှိလာပါလိမ့်မယ်။ ထိုအခါ ကွီးတို့အနေနဲ့ မိမိစိတ်ဝင်စားတဲ့ အရာအသစ်တွေ၊ ဝါသနာအသစ်တွေကိုလည်း ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။ ဒီအချက်က ကွီးတို့ကို ပိုမိုပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ ကူညီပေးနိုင်ပါတယ်။

ဒီလို ကောင်းကျိုးတွေရှိတာကြောင့် တစ်ကိုယ်တည်း ဆိုလည်း ဘာမှစိတ်မပျက်နဲ့ ကိုယ့်လူ။

Featured Photo : Good Life Family