မစ်ဒယ်ဘရော့အသင်းကို မန်ချက်စတာယူနိုက်တက်က အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ဆိုးရွားတဲ့ရလဒ်ကြောင့် စိတ်ပျက်ရွံရှာနေခဲ့တာကို အမြင်စူးရှတဲ့ ပရိသတ်တွေက မြင်တွေ့ခဲ့ကြပါတယ်။

Elanga consoled by his team-mates and Gaffer

Photo: Sky Sports

မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံရှစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ခံယူရမှာ အီလန်ဂါရဲ့ လွဲချော်မှုနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲစဉ်တလျှောက်လုံးလည်း အပိုင်အခွင့်အရေးပေါင်းများစွာကို ဖြုန်းတီးပစ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ထပ်ဆိုးရွားလှတဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ပြီး အိုလေဂန်နာ ဆိုးလ်ရှားအလွန် နည်းပြရန်းနစ်ခ်လက်အောက်မှာလည်း ထူးမခြားနား ဖြစ်ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ညက အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မစ်ဒယ်ဘရော့တို့ရဲ့ ပွဲစဉ်ကို ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က တက်ရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ၎င်းရဲ့အသင်းဟောင်းဟာ ရှုံးနိမ့်ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်မှာ နည်းပြဘဝကနေ အနားယူပြီးကတည်းက မန်ချက်စတာယူနိုက်တက် အိမ်ကွင်းပွဲစဉ်တွေကို အထူးသီးသန့်ခုံတန်းက ၎င်းရဲ့ထိုင်ခုံကနေ ကြည့်ရှုလေ့ရှိသူဖြစ်ပါတယ်။

Manchester United fans spotted Sir Alex Ferguson's glum expression during their side's defeat to Middlesbrough

Photo: Daily Star

မစ်ဒယ်ဘရော့နဲ့ ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ITV က မန်ချက်စတာယူနိုက်တက်အသင်းဟာ အနိုင်ရရှိဖို့အတွက် ရုန်းကန်နေရတာကြောင့် မကြာခဏ ဒေါသထွက်နေတဲ့ ဆာအဲလက်စ် ဖာဂူဆန်ရှိရာကို ရိုက်ကူးပြသခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ မျက်နှာအမူအရာကို အိမ်ကနေ တိုက်ရိုက်ကြည့်ရှုနေတဲ့ ယူနိုက်တက်ပရိသတ်တွေက မြင်တွေ့ခဲ့ရတာဖြစ်ပြီး စကော့လူမျိုးနည်းပြဟောင်းကြီးဟာ အသင်းရဲ့စွမ်းဆောင်ရည်ကို ရွံရှာစိတ်ပျက်နေတယ်လို့ အများစုက ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

“သူ့အသက်အရွယ်လောက်နဲ့ဆို ကျွန်တော် ဖာဂူဆန်ကို မန်ယူနိုက်တက်ပွဲတွေကို ကြည့်ရှုတာကို ရပ်တန့်ဖို့ အကြံပေးမှာပါ။ သူ့ရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး”လို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဆာအဲလက်စ် ဖာဂူဆန်က မန်ယူနိုက်တက် ဘယ်လိုအသင်းဖြစ်နေလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတာကို ဒေါသထွက်နေတာ ဖြစ်ရမယ်။ ဖာဂူဆန်ရဲ့ မျက်နှာပေါ်က ရွံရှာစက်ဆုပ်နေတဲ့ အမူအရာကို ကြည့်လေ”လို့ အခြား ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

Featured Photo: Daily Star