ယနေ့ခေတ် လူတော်တော်များများဟာအဲကွန်းခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး အလုပ်လုပ်ရတာ ပိုကြိုက်ကြတာကို တွေ့ရပါတယ်။ တစ်ချို့ဆိုရုံးရောက်တာနဲ့ ထိုင်ခုံကနေကို မထတော့တဲ့ အထိပါပဲ။ ဒီလိုအထိုင်များတာဟာ ကျန်းမာရေးရှူထောက်ကနေကြည့်ရင် ဆိုးကျိုးတွေ အများကြီးရှိနေပါတယ်။

Source: Orthosports Medical Center

အထိုင်များခြင်းရဲ့ ဆိုးကျိုးတွေကဘာတွေလဲ။ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဒီနေ့ kwee ကပြောပြပေးသွားမှာပါ။

အထိုင်များခြင်းရဲ့ ကျန်းမာရေးနောက်ဆက်တွဲများ

  1. အဝလွန်လာမယ်
  2. ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဖြစ်လာနိုင်ခြေကို မြင့်တက်စေတယ်
  3. စားလိုက်တဲ့အစားအစာကနေ အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းမှု နှေးကွေးလာမယ်
  4. ကိုယ်တွင်းကလီစာတွေက အဆီဖုံးလာမယ်
  5. အမြဲတမ်းထိုင်နေရတဲ့အခါ သွေးလည်ပတ်စီးဆင်းနှုန်း နှေးကွေးလာမယ်
  6. လေးလံထိုင်းမှိုင်းလာမယ်
  7. ကိုယ့်အလုပ်ကလွဲရင် တခြားပင်ပန်းလောက်မယ့် အရာမှန်သမျှ လုပ်ချင်စိတ်မရှိတော့ဘဲ ပျင်းလာမယ်
  8. အရိုးအကြောတွေက အားနည်းပြီး အရိုးပါးရောဂါဖြစ်ဖို့ ပိုလွယ်လာမယ်
  9. အမောမခံနိုင်၊ သက်လုံမကောင်းတော့တဲ့အတွက် အသက်ကြီးလာရင် ဒုက္ခရောက်တတ်ပါတယ်။
  10. စောစီးစွာ သေဆုံးနိုင်ပါတယ်။
  11. ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ သို့မဟုတ် တစ်နေရာတည်း ကွက်ပြီး ဗိုက်ပူလာမယ်
  12. ဝမ်းဗိုက်အဆီဖုံးပြီး ဗိုက်ရွှဲလာမယ်
  13. တင်ပါး ပြားချပ်လာမယ်

ဘာတွေ ပြင်ဆင်ရမလဲဆိုရင်

Source: Expertrain

  1. ဓာတ်လှေကား၊ စက်လှေကားထက် ရိုးရိုးလှေကားကို ဖြစ်နိူင်ရင်ပိုပြီး အသုံးပြုပေးပါ။
  2. အလုပ်မသွားခင် မနက်ပိုင်းကို လမ်းထလျှောက်ပေးပါ။
  3. အလုပ်က ပြန်တဲ့အချိန်မှာလည်း အိမ်မရောက်ခင် ၂-၃ မှတ်တိုင်အလိုမှာဆင်းပြီး လမ်းလျှောက်ပေးပါ။
  4. အဆီတက်စေမယ့် အစားအသောက်တွေ ရှောင်ပါ။ ဟင်းသီးဟင်းရွက် များများစားပေးပါ။
  5. ရေများများသောက်ပါ။ ကော်ဖီ၊ ဆိုဒါဓာတ်များတဲ့ အအေးတွေ၊ အရက်သေစာ တတ်နိုင်သလောက် ရှောင်ပါ။
  6. အချိန်ပေးနိူင်ရင် Gym ကစားပေးပါ။
  7. ဝါသနာပါရင် ယောဂ ကျင့်ပေးပါ။
  8. အားလပ်ရက်တွေမှာ အာကစားလုပ်ပေးပါ။

Source: Teeth Bleaching

လူ့ဘဝမှာ ကျန်းမာရေးက အဓိကပါ။ ကျန်းမာရေးကောင်းမှ ကျန်တဲ့ ကိစ္စတွေကို အာရုံစိုက်ပြီး လုပ်ဆောင် နိူင်မှာပါ။