ယနေ့ခေတ်မှာ လူတွေဟာ လှုပ်လှုပ်ရှားရှား နေရတာထက် ထိုင်နေရတာကို ပိုနှစ်သက်လာနေကြတယ်။ လေ့လာမူတွေအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။
ဒီလိုမျိုး အချိန်အကြာကြီး ထိုင်နေခြင်းဟာ ခါးနာခြင်း၊ လူနေထိုင်ပုံမမှန်ခြင်းနဲ့ အခြားရောဂါတွေဖြစ်တဲ့ ဆီးချို၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ kwee page က အထိုင်များခြင်းကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ခါးပြဿနာ
Source: Medical News Today
အထိုင်များခြင်းကြောင့် အဓိက ဖြစ်ပွားနိုင်တဲ့ ပြဿနာတစ်ခုကတော့ ခါနားခြင်းဖြစ်ပါတယ်။ လှုပ်ရှားမှုဟာ ကျောရိုးမထဲက ကျောရိုးဆစ်တွေကြားက ပျော့ပြောင်းတဲ့ အဆစ်ပြားတွေကို ကျုံ့ခြင်း ဆန့်ခြင်းတွေ ဖြစ်ပေါ်စေပြီးတော့ သွေးနဲ့ အာဟာရတွေကို ဖြည့်တင်းပေးပါတယ်။ အကြာကြီး ထိုင်နေမယ်ဆိုရင် ဒီ အဆစ်ပြား တွေဟာ မညီမျှပဲ သိပ်သည်းလာပြီးတော့ ကော်လာဂျင် တွေကို အရွတ်တွေကြားမှာ ဖြစ်လာစေပါတယ်။ ခါးရိုးဆစ် တွေ ကျွံကျခြင်းဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးနေတတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။
ခြေထောက်ရောဂါများ
Source: Healthline
အချိန်အကြာကြီး ထိုင်ခြင်းဟာ ခြေထောက်တွေထဲမှာ သွေးလှည့်ပတ်မှုကို တားဆီးပါတယ်။ ဒါဟာ ခြေချင်းဝတ်နားမှာ သွေးစုပြုံခြင်း ဖြစ်စေပြီးတော့ ခြေချင်းဝတ် ရောင်ခြင်း၊ သွေးကြောထုံးခြင်းနဲ့ အန္တရာယ်ပေးနိုင်တဲ့ သွေးခဲဖြစ်ပေါ်မှုတွေကိုပါ ဖြစ်လာနိုင်စေပါတယ်။
လည်ပင်းနဲ့ပုခုံးပြသာနာများ
Source: Penn Medicine
ကွန်ပျူတာကို ကြည့်ဖို့ လူကရှေ့ကိုကိုင်းပြီး အလုပ်လုပ်ခြင်းဟာ လည်ပင်း (အထူးသဖြင့် လည်ပင်း ကျောရိုး) ပေါ်ကို ကြီးမာတဲ့ ဖိအားသက်ရောက်စေပါတယ်။ ကိုယ်နေဟန် မမှန်ခြင်းဟာ သင့်ရဲ့ ခါးနဲ့ ပုခုံး ကြွက်သားတွေကို ပျက်စီးစေပြီးတော့ ကီးဘုတ် ရှေ့ကို အချိန်အကြာကြီး ကုန်းကြည့်နေတဲ့အတွက် ကြွက်သားတွေ လိုတာထက် ပိုဆန့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။