တစ်ချို့သူငယ်ချင်းတွေက မိသားစုဝင်တွေလို ခင်တတ်ကြတယ်။ သူငယ်ချင်းကောင်းတွေဆိုတာမျိုးက တစ်ခါတစ်လေ ဆေးထိုးတတ်ပေမယ့် သူတို့တွေက သူငယ်ချင်းတွေကို ရင်နဲ့အမျှချစ်ကြတယ်။

ဒီနေ့တော့ kwee page ကအချစ်ဆုံးသူငယ်ချင်းတွေမှာ တွေ့ရလေ့ရှိတဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။

သူတို့တွေက တစ်ချက်ကြည့်လိုက်တာနဲ့ ကိုယ်ဘာဖြစ်နေတယ်ဆိုတာ တန်းသိတယ်

နှစ်ကိုယ်ကြားပဲ သိတဲ့ဟာသတွေ ရှိကြတယ်

မိမိမပါဘဲ တခြားသူငယ်ချင်းတွေ သွားတာတွေရှိရင် သဝန်တိုကြတယ်

အတူတူရှိနေရရင် ယုံကြည်မူတွေ တိုးစေတယ်

တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပေးတယ်

တစ်ယောက်ကိုတစ်ယောက် အကာအကွယ်ပေးကြတယ်

အခြားလူတွေထက်ပိုပြီး တစ်ယောက်အကြောင်း တစ်ယောက်ပိုသိကြတယ်

တစ်ယောက်ရဲ့ ရူးမိုက်တဲ့အကြံတွေကို နောက်တစ်ယောက်က ထောက်ခံပေးတယ်

နေ့တိုင်းမတွေ့ကြပေမယ့် ဆက်ဆံရေးကို မထိခိုက်စေဘူး

အင်္ကျီ တစ်ထည်တည်းကို နှစ်ယောက် အတူဝတ်ချင်ကြတဲ့ အချိန်တွေလည်းရှိသေး

Source: Bright Side