လူတိုင်းကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနေချင်ကြမှာပါပဲ။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာ အမြဲတမ်း မရတဲ့ အခြေအနေတစ်ရပ်ပါ။ တစ်ခါတစ်လေမှာ သင့်ရဲ့ အပြုအမူတစ်ခုကြောင့်လည်း စိတ်ညစ်သွားရတာတွေ ရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပျော်ချင်တယ်ဆိုရင် သင်ငြင်းရမယ့် အခြေအနေတွေတစ်ချို့အကြောင်း ပြောထားပါတယ်။
(၁) သူများနဲ့ နှိုင်းယှဉ်ခြင်း

Photo: wisdompills
လူတွေဟာ ကိုယ့်ကိုယ်ကို တစ်ခြားသူနဲ့ နှိုင်းယှဉ်တာ များသွားရင် အမြဲပဲ စိတ်မကောင်းဖြစ်ပြီး အဆုံးသတ်ရတတ်ပါတယ်။ သင်ဟာ ပြီးပြည့်စုံသူ မဟုတ်ပါဘူး။ တစ်ခြားသူတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။တစ်ခြားသူနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်ခြင်းဟာ မနာလိုခြင်းနဲ့ စိတ်ပင်ပန်းရခြင်းတွေပဲ အဖတ်တင်ကျန်ရစ်ပါလိမ့်မယ်။
(၂) အတိတ်ထဲ ဝဲလှည့်နေခြင်း

Photo: Pexels
မကောင်းတဲ့ အတိတ်ဟာ လူတိုင်းမှာ ရှိနိုင်ပါတယ်။ စီးပွားပျက်တာကနေ ရည်းစားပျက်တာအထိ ပြီးခဲ့တာတွေကို ပြီးပါစေတော့ ဆိုတဲ့ စိတ်ထားနိုင်ရင် ကောင်းပါတယ်။ အတိတ်ဆိုတာ သင်ခန်းစာယူဖို့သာ ဖြစ်ပြီး နောက်ပြန် တရစ်ဝဲဝဲနဲ့ အတိတ်မှာ နေထိုင်ခြင်း မလုပ်ဖို့ လိုပါတယ်။ ပျော်ချင်တယ်ဆိုရင် ပစ္စုပ္ပန်မှာပဲ နေပြီး အတိတ်ရဲ့ အရိပ်ကနေ ရုန်းထွက်သင့်ပါတယ်။
(၃) အထိုင်များခြင်း

Photo: Pexels
ရုပ်ပိုင်းဆိုင်ရာအလေ့အထဟာ စိတ်နဲ့ ခံစားမှုပိုင်းပေါ် သက်ရောက််ပါတယ်။ ကြာကြာထိုင်ခြင်းဟာ နှလုံးကျန်းမာရေးအတွက် မကောာင်းပါဘူး။ ကျန်းမာရေးလိုက်စားခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးခြင်းဟာ သင့်ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း ရွှင်လန်းကြည်နူးစေတဲ့ အကျိုးပေးပါတယ်။
(၄) အဆိုးမြင်သူတွေနဲ့ ပေါင်းခြင်း

Photo: addicted2success
သင့်ဘေးမှာ မကောင်းမြင်တတ်သူတွေရှိရင် သင်လည်း အကောင်းမြင်စိတ် နည်းလာနိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်သဘော နည်းလာခြင်းဟာ စိတ်ခံစားမှုကို ထိခိုက်လာနိုင်ပါတယ်။ စိုးရိမ်စရာ အပြောများသူ ၊ ဝေဖန်အပြစ်ပြောလွန်းသူ ၊ အမြဲတမ်း ငြီးတွားနေသူတွေနဲ့ ခပ်ဝေးဝေးက နေတာလည်း စိတ်ချမ်းသာစေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
(၅) အမြဲတမ်း ကသုတ်ကရက်နိုင်ခြင်း

Photo: Freepik
စိတ်ရော ကိုယ်ရော ဘယ်တော့မှ အငြိမ်မနေဘဲ အလုပ်များနေသူဟာလည်း စိတ်အေးချမ်းဖို့ ဝေးပါတယ်။ တစ်ချိန်တည်းမှာ အလုပ် လေးငါးခြောက်ခုကို ပြီးချင်တယ်။ တစ်ပြိုင်နက်တည်း ဟိုတစ်ခု ဒီတစ်ခု လျှောက်လုပ်နေတယ်ဆိုရင် အလုပ်လည်း မပြီးသလို လူလည်း ပိုပြီး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရပါတယ်။
အကောင်းဆုံးက အရေးကြီးတာ အရင်လုပ်ပါ။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အချိန်စီမံမှုလုပ်ပါ။ ကိုယ်ကိုယ်ကို သိပ်ဖိအားမပေးပါနဲ့။ စိတ်အေးအေးထားပြီး အနားယူဖို့အတွက်လည်း အချိန်ယူပါ။ ကသောင်းကနင်းနဲ့ လုပ်တဲ့ အလုပ်တွေဟာ ရလဒ်မကောင်းသလို ကြာရင် လူရောစိတ်ပါ Burnout ဖြစ်သွားနိုင်ပါတယ်။
