ရေအသက် တစ်မနက်ဆိုတဲ့ စကားလေးအတိုင်းပဲ ရေကို လူသားများ အသက်ရှင်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး ရေသာက်သုံးခြင်းရဲ့အရေးပါမှုနဲ့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝဖို့ ဘာ့ကြောင့် လိုအပ်သလဲဆိုတာကို သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သန့်ရှင်းတဲ့ရေက အရောင်၊ အနံ့၊ အရသာ ကင်းမဲ့တဲ့အတွက်ကြောင့် လူတော်တော်များများက ရေကို တကူးတက မသောက်ချင်ကြပါဘူး။

ဒီလိုမျိုး ရေသောက်ပျင်းတဲ့ စာဖတ်သူတို့အတွက် ရေကို အရသာရှိပြီး သောက်ချင်စဖွယ်ဖြစ်အောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

သံပုယိုသီးနှင့် စတော်ဘယ်ရီသီး ထည့်ပါ

strawberry water for men

သံပုယိုသီးကို အကွင်းလိုက် ပါးပါးလှီးပြီးနောက် စတော်ဘယ်ရီသီးကိုလည်း အနေတော် လှီးဖြတ်ထားပါ။ ထို့နောက် ရေကရားထဲထည့်ကာ တစ်နာရီခန့် စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ရေက သံပုယိုသီးနှင့် စတော်ဘယ်ရီသီးရနံ့လေး သင်းပျံ့နေပါလိမ့်မယ်။

လိမ္မော်သီး၊ သံပုယိုသီးနှင့် သံပုရာသီး ထည့်ပါ

lime water for men

ထိုသစ်သီးသုံးမျိုးစလုံးကို အကွင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ရေဖြည့်ထားသော ရေကရားထဲထည့်ပါ။ ဒီ့ထက်အနံ့မွှေးချင်တယ်ဆိုရင်တော့ ပင်စိမ်းရွက်အနည်းငယ် ထည့်နိုင်ပါတယ်။ ထိုဖျော်ရည်ကိုလည်း ရေအဖြစ် အစားထုး သောက်သုံးနိုင်ပါတယ်။

နာနတ်သီး ထည့်ပါ

pineapple water for men

နာနတ်သီးများကို အတုံးသေးသေးလေး တုံးထားပြီးနောက် ဖန်ခွက် (သို့) ရေကရားထဲထည့်ကာ အဆင်သင့် သောက်သုံးနိုင်ပါတယ်။

ဖရဲသီး ဖျော်သောက်ပါ

watermelon for men

ဖရဲသီးများကို သစ်သီးဖျော်စက်ထဲထည့်ပြီး မွှေဖျော်ပေးလိုက်ပါ။ ဖျော်စက်မရှိပါကလည်း ခရင်းဖြင့် ချေမွနိုင်ပါတယ်။ ရရှိလာတဲ့ ဖရဲသီးအနှစ်များကို ရေထဲထည့်ကာ မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးဖျော်ရည်လေး ရရှိသွားပါပြီ။

သခွားသီးနှင့် ပင်စိမ်းရွက်

cucumber water for men

သခွားသီးများကို အကွင်းလိုက် ပါးပါးလှီးပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ပါ။ ပင်စိမ်းရွက်အနည်းငယ် ရောနှောကာ အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

သစ်သီးရေခဲတုံး ပြုလုပ်ပါ

fruit ice cubes for men

သစ်သီးများကို ရေခဲတုံးပုံစံခွက်ထဲထည့်ပြီးနောက် အအေးခန်းထဲ အအေးခံထားလိုက်ပါ။ ရရှိလာတဲ့သစ်သီးရေခဲတုံးများကို ရေထဲ ထည့်သောက်ပါက သစ်သီးရဲ့အရသာက ရေထဲကို ချက်ချင်းစိမ့်ဝင်သွားပါလိမ့်မယ်။

Source: Brightside.me