လောကမှာ လေ့လာသင်ယူစရာပညာရပ်တွေ မရေမတွက်နိုင်လောက်အောင်ရှိပါတယ်။ လူတိုင်းကတော့ မိမိတို့ စိတ်ဝင်စားပြီး ဝါသနာပါတဲ့ ပညာရပ် အတက်ပညာတွေကို သေချာလေ့လာသင်ယူကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာပြောပြချင်တာက လူတိုင်းလိုလိုလေ့လာသင်ယူထားလို့ အမှားမရှိနိုင်တဲ့ Skill တွေအကြောင်းပါ။

(၁) စာရေးခြင်း

စာရေးတယ်ဆိုတာ ဟိုအရင်ရှေးကတည်းကလူတွေသင်ယူရတဲ့ အတတ်ပညာတခုပါ။ လူတယောက်နဲ့တ ယောက် အချင်းချင်း အတွေးအခေါ်တွေဖလှယ်တာ၊ မျှဝေတဲ့အခါ ဆက်သွယ်ဖို့အရေးကြီးနည်းလမ်းတခုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် စာထဲကနေ ကိုယ်ပြောချင်တဲ့စကားတွေ ကိုယ့်ရင်ထဲကအကြောင်းအရာတွေကို ဖော်ပြလို့ ရတဲ့အကောင်းဆုံးနည်းလမ်းတခုပါ။ စာအုပ်တွေ၊ ကဗျာတွေ၊ ဘလော့ဂ်ဆောင်းပါးတွေရေးပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို တခြားသူတွေကိုမျှဝေလို့ရပါတယ်။ အခုခေတ်မှာဆို စာရေးကောင်းတဲ့သူတွေအတွက် ဝင်ငွေလမ်းကြောင်းတွေလဲ အများကြီးရှိနေပြီဖြစ်ပါတယ်။ ဥပမာ ဘလော့ဂ်ဂါ၊ စာရေးဆရာ၊ content writer၊ ကဗျာဆရာ။

(၂) လူရှေ့ထွက်စကားပြောခြင်း

တကယ်တော့ လူရှေ့ထွက်စကားပြောတာ ဒီလောက်မခက်ခဲပါဘူး။ ဒါက လူတိုင်းနီးပါးကိုစိတ်လှုပ်လျားအောင် လုပ်နိုင်တဲ့ အရည်အချင်းတခုဆိုရင်တော့ မမှားပါဘူး။ တနည်းအားဖြင့် public speaking ဆိုတာ စကားပြောကျွမ်းကျင်မှုစွမ်းရည်ပါပဲ။ ပုံမှန်လေ့ကျင့်သွားရင် public speakingဆိုတာလဲတတ်မြောက်ဖို့မခက်ခဲ တဲ့အရည်အချင်းတခုပါ။ ပထမဆုံး ဖုန်းနဲ့ကိုယ်စကားပြောတာကို ဗွီဒီယိုရိုက်ပြီးအရင်လေ့ကျင့်ကြည့်ဖို့အကြံပြု ချင်ပါတယ်။

(၃) ဓာတ်ပုံရိုက်ခြင်း

ဓာတ်ပုံပညာဟာ ပန်းချီပညာလိုပဲ လေ့လာစရာအလွန်ကျယ်ပြန့်တဲ့ပညာရပ်တခုပါ။ အခုလိုနည်းပညာခေတ်မှာ စမတ်ဖုန်းတွေနဲ့ DLSR ပညာရပ်တွေတိုးတက်လာတာနဲ့အမျှ လူတွေက ဓာတ်ပုံကိုစိတ်ဝင်စားလာကြပါတယ်။ အရင်ကလိုမဟုတ်ဘဲ လက်ထဲမှာစမတ်ဖုန်းတလုံးရှိတာနဲ့ ဒီပညာကိုလေ့လာလို့ရတာဖြစ်ပြီး သင်ရတာရော ကိုယ်တိုင်ရိုက်တဲ့အခါရော နှစ်မျိုးလုံးပျော်ဖို့ကောင်းပါတယ်။

(၄) ဂစ်တာတီးခြင်း

ဂစ်တာက လူတော်တော်များများသင်ချင်ကြတဲ့ လူကြိုက်များတူရိယာပစ္စည်းတခုပါ။ သူငယ်ချင်းတွေတွေ့ရင် ဖြစ်ဖြစ် မိသားစုတွေ့ဆုံပွဲတွေမှာဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်ဂီတာတီးတတ်ကြပါတယ် ဂစ်တာအမျိုးအစားတွေ အများကြီးထဲက သင်နှစ်သက်တဲ့ဂစ်တာကို ရွေးချယ်လို့ရပါတယ်။ ဒါ့အပြင် ဂစ်တာတီးတာကနေ တခြားတူရိ ယာပစ္စည်းတွေတီးတတ်ဖို့ ကြိုးစားချင်စိတ်ပါရလာနိုင်တယ်လေ။