ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ စတင်ဖြစ်လာတဲ့အချိန်ဖြစ်ပြီး လူပျိုဖော်ဝင်စ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အသားအရေဆိုင်ရာပြောင်းလဲမှုတွေ ကြုံလာနိုင်ပါတယ်။ ဒီလိုအချိန်မှာ အသားအရေကို ကောင်းမွန်စွာထိန်းသိမ်းမှုမရှိရင် ဝက်ခြံပြဿနာတွေ အသားအရေယို့ယွင်းပျက်စီးမှုတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒါကြောင့်ဒီဆောင်းပါး လေးမှာတော့ ဆယ်ကျော်သက်အရွယ် ယောင်္ကျားတွေအနေနဲ့ သိထားဖို့လိုမယ့်အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မျက်နှာကိုသေချာစွာ ဆေးကြောသန့်စင်ပေးပါ

Young man spraying water on his face

Photo : Best Life

မျက်နှာသစ်ရုံနဲ့ မျက်နှာအရေပြားပေါ်က အညစ်အကြေးတွေ အဆီတွေက သန့်စင်သွားမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့ ဒါဟာမှားပါတယ်။ မျက်နှာအရေပြားအတွင်း အထိဖုန်နဲ့အညစ်ကြေးတွေဝင်ရောက်နေနိုင်တာကြောင့် ကောင်းမွန်တဲ့မျက်နှာသန့်စင်ဆေးကို သုံးပြီး မနက်တစ်ကြိမ် အိပ်ရာမဝင်မီတစ်ကြိမ်သေချာစွာဆေးကြောသန့်စင်ဖို့လိုပါတယ်။ မျက်နှာသန့်စင်ဆေးရွေးတဲ့အခါ အသားအရေနဲ့ကိုက်ညီမှုရှိတဲ့ non-comedogenic အပျော့စားမျက်နှာသစ်ဆေးတွေကို သုံးသင့်ပါတယ်။

(၂) အစိုဓာတ်ထိန်းပါ

young man applying moisturizing cream

Photo : Men’s Journal

ဆယ်ကျော်သက်အရွယ်ကစလို့ အသားအရေကို ပုံမှန်အစိုဓာတ်ထိန်းသွားမယ်ဆိုရင် နောက် ၁၅ နှစ် , နှစ်၂၀ အထိကို ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းက အရေပြားပျက်စီးမှုကိုပိုဖြစ်စေတာကြောင့် နေ့စဉ်ပုံမှန် အစိုဓာတ်ထိန်းခရမ်င်လိမ်းပေးရမှာဖြစ်ပါတယ်။ ရေကိုအခြေခံထုတ်လုပ်ထားတဲ့ Oil-free Moisturizer တွေ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

(၃) အသားအရေကို သေချာဂရုစိုက်ပါ

Handsome happy young Caucasian man applying face cream after a morning shave

Photo : iStock

ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းလဲတွေကြောင့် အရေပြားပေါ်မှာ အဆီထုတ်လုပ်မှုပမာဏ တိုးလာစေ၎င်းအဆီတွေက ဝက်ခြံနဲ့အမဲစက်တွေကိုဖြစ်စေပါတယ်။ ဆယ်ကျော်သက်တွေမှာ ဝက်ခြံတွေအဖြစ်များဆုံးနေရာတွေက မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ကျောကုန်းလိုနေရာတွေဖြစ်ပါတယ်။

ဒီလိုဝက်ခြံဖြစ်လာပြီဆိုရင် လိမ်းဆေးခရမ်င်လိမ်းတာ အခြေအနေဆိုးပါက အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး သေချာကုသမှုခံယူသင့်ပါတယ်။ တချို့ဝက်ခြံတွေဟာ အချိန် ၁လကနေ ၂လ နီးပါးကြာတက်တဲ့အတွက် စိတ်ရှည်ဖို့လိုပြီး ပိုးဝင်တာမျိုးမဖြစ်စေဖို့ ဝက်ခြံနေကို လက်နဲ့ညှစ်နဲ့ ကိုင်တာတွေ အတက်နိုင်ဆုံးရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

(၄) နေရောင်အောက် အကာကွယ်မဲ့သွားလာခြင်းကိုရှောင်ပါ

Handsome Young Man Applying Sunscreen Lotion

Photo : Crello

ဆယ်ကျော်သက်အသားအရေဟာ အလွန်နုနယ်တဲ့အတွက် ပျက်စီးနိုင်ခြေပိုများပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာအသားအရေးပျက်စီးနိုင်တဲ့အကြီးမားဆုံး အန္တရာယ်ဖြစ်တာကြောင့် နေရောင်အောက်ထွက်တော့မယ်ဆိုရင် အသားအရေကိုနေရောင်တိုက်ရိုက်မထိဖို့ လက်ရှည်ထပ်ဝတ်တာ ဦးထုပ်နဲ့ ထီးဆောင်းတာတွေမဖြစ်မနေလုပ်ဖို့လိုပါတယ်။ နောက်ပြီး SPF အနည်းဆုံး ၃၀ နဲ့အထက်ပါတဲ့ နေရောင်ဒဏ်ကာခရမ်င်လိမ်းသွားဖို့လည်း လိုအပ်ပါတယ်။

အသားအရေပျက်စီးမှုမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် အကြံပြုချက်လေးတွေ

  • မျက်နှာအသားအရေကို မသန့်ရှင်းတဲ့လက်နဲ့ မကိုင်တွယ်မိပါစေနဲ့။ မျက်နှာကိုထိတွေ့ကိုင်တွယ်ရတော့မယ်ဆိုရင် လက်ကိုသေချာစွာဆေးကြောသန့်စင်ပါ။
  • ဘက်တီးရီးယားတွေအများဆုံးကပ်နေနိုင်တဲ့ လက်ကိုင်ဖုန်းကနေတဆင့် အသားအရေကို ထိမိကိုင်မိလွယ်တာကြောင့် သင့်လက်ကိုင်ဖုန်းကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပေးပါ။
  • မျက်နှာအသားအရေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ခေါင်းအုံးစွပ် ၊ အိပ်ရာခင်းတွေကို အနည်းဆုံးတစ်ပတ်တစ်ကြိမ်သေချာလျော်ဖွတ်သန့်စင်ပါ။
  • အသားအရေနုနယ်ချိန်မှာ ဓာတုပစ္စည်းတွေပါဝင်တဲ့ Skincare Products တွေနဲ့ လက်တည့်စမ်းခြင်းရှောင်ကြဉ်ပါ။
  • ရေများများသောက်ပါ။
  • အပူအစပ် အစားအစာတွေမကြာခဏစားချင်ရှောင်ကြဉ်ပါ။
  • အိပ်ရေးဝဝအိပ်စက်အနားယူပါ။

Featured Photo : Tiege Hanley