အမျိုးသားအများစု ဆေးလိပ်သောက်တယ်လို့ပြောရင် ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ဆေးလိပ်ကခန္ဓာကိုယ်ကိုယ်တွင်းအင်္ဂါတွေကိုပျက်စီးစေရုံသာမက အရွှယ်မတိုင်ခင်အိုမင်းရင့်ရော့်ခြင်း ၊အသားအရေးမွဲခြောက်ခြင်း ၊ ဝက်ခြံနဲ့ အရေးအကြောင်းတွေပေါ်လာခြင်း စတဲ့အသားအရေဆိုင်ရာပြဿနာတွေပါကြုံတွေ့ခံစားကြရမှာဖြစ်ပါတယ်။

ဒီနေ့ မှာတော့ ဆေးလိပ်သောက်တက်တဲ့အမျိုးသားတွေအတွက် ဆေးလိပ်မှာပါတဲ့ဓာတုပစ္စည်းတွေကြောင့် ပျက်စီးသွားတဲ့အသားအရေကိုပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) မျက်နှာဂျီးချွတ်ဆေးကြောပါ

Source : businessinsider.com

ဆေးလိပ်မှာပါဝင်တဲ့ဓာတုပစ္စည်းတွေကြောင့် တဖြည်းဖြည်းမျက်နှာပေါ်မှာ ဆဲလ်သေတွေများလာပြီး အသားအရေညစ်နွမ်းမှုတွေဖြစ်လာစေပါတယ်။မျက်နှာဂျီးချွတ်ဆေးကြောခြင်းက အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကိုဖယ်ရှားသန့်စင်ပေးတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ဒါကြောင့်တစ်ပတ်ကိုအနည်းဆုံး(၁) ကြိမ်ခန့်မျက်နှာ ဂျီးချွတ်သန့်စင်မယ်ဆိုရင် မျက်နှာပေါ်ကအညစ်အကြေးနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပြီး ကြည်လင်သန့်ရှင်းတဲ့အသားအရေကိုပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်

(၂) အစိုဓာတ်ထိန်းပါ

Source : rwtimes.com

ဆေးလိပ်သောက်တက်တဲ့အမျိုးသားတွေအနေနဲ့ မိမိအသားအရေကိုပြန်လည်ထိန်းသိမ်းချင်တယ်ဆိုရင်တော့ အစိုဓာတ်ထိန်းခရင်တစ်မျိုးမျိူးလိမ်းပေးသင့်ပါတယ်။ရှာဇောင်းလက်ပတ် သို့မဟုတ် ဝါးနဲ့ ပြုလုပ်တဲ့အစိုဓာတ်ထိန်းခရမ်တွေက အမျိုးသားတွေရဲ့ အသားအရည်နဲ့ အကိုက်ညီဆုံးဖြစ်ပါတယ်။အစိုဓာတ်ထိန်းခရင်တွေကို မျက်နှာဆေးကြောသန့်စင်ပြီးတိုင်းနဲ့ ညဘက်အိပ်ယာဝင်ခါနီးတိုင်းမှာ ပုံမှန်လိမ်းပေးပါက ကျန်းမာစိုပြေတဲ့ အသားအရေကို ပြန်လည်ရရှိစေမှာပါ။

(၃) ဆေးလိပ်လျော့သောက်ပါ

Source : shutterstock

ဆေးလိပ်သောက်ခြင်းကအရွှယ်မတိုင်ကိုအိုမင်းရင့်ရော်မှုကို ဖြစ်စေတယ်ဆိုပေမယ့် ဆေးလိပ်ဖြတ်ပြီး (၂) ပတ်အတွင်း နဂိုမူလကျန်းမာတဲ့အသားအရေကိုပြန်လည်ရရှိစေပါတယ်။ဆေးလိပ်လုံးဝမဖြတ်နိုင်သေးရင်တောင် သောက်နေကြပမာဏထက်လျော့သောက်ပါ။ဆေးလိပ်လျော့သောက်ခြင်းကလည်း အကောင်းဆုံးအသားအရေပြန်လည်ကောင်းမွန်လာစေတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် ခန္ဓာကိုယ်မှာလည်း သွေးလည်ပတ်မှုကောင်းစေတာကြောင့် အရေပြားပေါ်က ဆဲလ်တွေကျန်းမာလာပြီး အသားအရေပြန်လည်နုပျိုလာစေမှာဖြစ်ပါတယ်။

(၄) ရေသောက်ပါ

Source : shutterstock

ခန္ဓာကိုယ်အတွက်အကောင်းဆုံး ရေဓာတ်ဖြည့်တင်းပြီး အသားအရေစိုပြေလှပေစေတဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက ရေသောက်ခြင်းပါ။ဆေးလိပ်သောက်တက်တဲ့အမျိုးသားတွေအနေနဲ့ ရေများများသောက်သုံးပေးဖို့လိုပါတယ်။ခန္ဓာကိုယ် မှာရေဓာတ်လုံလုံလောက်လောက်ဖြည့်တင်းပါက အသားအရေစိုပြေလှပပြီး ကြည်လင်သန့်ရှင်း အသားအရေကိုရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့် တစ်နေ့ကို ပုံမှန် ရေ (၇) ဖန်ခွက်အနည်းဆုံးသောက်သုံးပေးပါ။

(၅) အစိမ်းရောင်အသီးအရွှက်တွေစားပါ

Source : shutterstock

အစိမ်းရောက်ရှိတဲ့အသီးအရွှက်တွေမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ သံဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ဗီတာမင်ဓာတ်လုံလောက်စွာစာသုံးခြင်းက အသားအရေပျက်စီးခြင်း ၊အမဲစက် များဖြစ်ပေါ်ခြင်း နဲ့ အိုမင်းရင့်ရော်ခြင်းပြဿနာတွေကိုအကောင်းဆုံးပြန်လည်ပြုပြင်ထိန်းသိမ်းပေးပါတယ်။ဒါကြောင့် တခြားသော ဆီကြော်တွေ ၊အပူအစပ်တွေထက်စာရင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွှက်တွေကို နေ့စဉ်မပါမဖြစ်အစားအစာတစ်ခုအဖြစ်စားသုံးပေးသင့်ပါတယ်။