အသားအရေနှင့် ပတ်သက်လာလျှင် ယောကျာ်းလေးတွေက မိန်းကလေးတွေလိုမျိုး ထိန်းသိမ်းရမှာ Skincare Steps တွေ အများကြီး ပြုလုပ်ရမှာ မလိုလားကြပါဘူး။ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ပဲ အသားအရေကို ထိန်းသိမ်းချင်ကြပြီး ဝက်ခြံနှင့် အမဲစက်များ ကင်းစင်ကာ နုပျိုလှပတဲ့အသားအရေမျိုးပဲ ပိုင်ဆိုင်ချင်ကြတာပါ။

သင့်အနေနဲ့ Skincare Steps တွေ အများကြီး မလုပ်ချင်ဘူးဆိုရင် အခုဖော်ပြပေးမယ့်အခြေခံအချက်လေးတွေကိုတော့ သိထားသင့်ပါတယ်။

Skincare မစလုပ်ခင်မှာ အရင်ဦးဆုံး သင့်အသားအရေက ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်လဲဆိုတာ သိသင့်ပါတယ်။ အသားအရေအမျိုးအစားကို Sensitive အသားအရေ၊ Normal အသားအရေ၊ ခြောက်သွေ့သောအသားအရေ၊ အဆီပြန်သော အသားအရေနှင့် ပေါင်းစပ်အသားအရေဆိုပြီး (၅) မျိုး ခွဲခြားထားပါတယ်။

skincare tips for men

Sensitive သမားတွေကတော့ ထွက်သမျှ Product တိုင်းနဲ့ မတည့်ပါဘူး။ သာမန်အသားအရေပိုင်ရှင်တွေကတော့ ကံကောင်းသူတွေပဲဖြစ်ပါတယ်။ အသားအရေခြောက်ခြင်းကလည်း မကောင်းသလို အဆီပြန်လွန်းခြင်းကလည်း မကောင်းပါဘူး။ မျက်နှာပြင်ရဲ့T-Zone က အဆီပြန်တတ်ပြီး ကျန်နေရာတွေက အသားအရေခြောက်နေသူများကို ပေါင်းစပ်အသားအရေပိုင်ရှင်လို့ ခေါ်ပါတယ်။

မိမိအသားအရေနှင့် လိုက်ဖက်မယ့်ပစ္စည်းများကို သေချာရွေးချယ်ပါ

skincare tips for men

Photo Source: Superdrug.com

အသားအရေထိန်းသိမ်းဖို့အတွက် Product တစ်ခုဝယ်တော့မယ်ဆို ဘယ်သူ့အတွက် ထုတ်လုပ်ထားသလဲဆိုတာကို အရင်ဆုံးကြည့်ရပါမယ်။ သင့်အသားအရေက အဆီပြန်တဲ့အသားအရေဆို အဆီပြန်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ Skincare မျိုးကို ဝယ်ရမှာပါ။ Sensitive သမားများကတော့ အနံ့မပါတဲ့ ထုတ်ကုန်တွေကို ဦးစားပေးဝယ်ရမှာဖြစ်ပါတယ်။

မျက်နှာနေ့စဉ် သစ်ပါ (သို့) လေ့ကျင့်ခန်းပြုလုပ်ပြီးတိုင်း မျက်နှာသစ်ပါ

skincare tips for men

ရေချိုးဆပ်ပြာဖြင့် မျက်နှာသစ်ခြင်းကို လုံးဝ (လုံးဝ) ရှောင်ကြဉ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေချိုးဆပ်ပြာများ ထုတ်လုပ်သောအခါ ပြင်းသောဓာတုပစ္စည်းများ အသုံးပြုထားလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေးဖြင့်သာ မျက်နှာသစ်ပါ။ ကြက်သီးနွေးရေနွေး အသုံးပြုပါ။

Moisturizer အသုံးပြုပါ

skincare tips for men

သင့်ရဲ့အသားအရေကို နူးညံ့စိုပြေပြီး ငယ်ရွယ်ပျိုမျှစ်သယောင် ပေါက်ချင်တယ်ဆိုရင်တော့ Moisturizer အသုံးပြုဖို့ မမေ့ပါနဲ့။ Moisturizer လိမ်းဖို့အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးချိန် (သို့) နှုတ်ခမ်းမွှေး ရိတ်ပြီးချိန် (သို့) မျက်နှာသစ်ပြီးချိန်ပဲဖြစ်ပါတယ်။ ထိုအချိန်များတွင် သင့်အသားအရေက Moisturizer ကို ပိုမိုစုပ်ယူနိုင်လို့ပါပဲ။

အပြင်ထွက်ခါနီးတိုင်း နေလောင်ကာခရင်မ်လိမ်းပါ

skincare tips for men

နေလောင်ဒဏ်ကြောင့် အသားအရေသည် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းပေါ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် နေပူပူ၊ မိုးရွာရွာ၊ အပြင်သွားတော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်လိမ်းဖို့ လိုအပ်ပါတယ်။ နေလောင်ကာခရင်မ်ကို အပြင်သွားခါနီး မိနစ် ၃၀ ခန့်အလိုမှာ လိမ်းသင့်ပြီး အပြင်သွားတိုင်းလည်း ဆောင်သွားသင့်ပါတယ်။ နေလောင်ကာခရင်မ်သည် တစ်နေကုန် မခံတဲ့အတွက်ကြောင့် နှစ်နာရီခြားတစ်ခါ လိမ်းကျံပေးဖို့လိုအပ်ပါတယ်။ ရေစိုခံ နေလောင်ကာခရင်မ်နှင့် SPF 30 ကျော်သောနေလောင်ကာခရင်မ်များကို ရွေးချယ်သင့်ပါတယ်။

Source: Aad.org