တစ်ကိုယ်ရည်သန့်ရှင်းရေးသည် ယောကျာ်းတိုင်းအတွက် ဘယ်အသက်အရွယ်မှာမဆို အရေးကြီးတဲ့အရာတစ်ခုဖြစ်ပြီး မိမိအသားအရည်ကို ဂရုတစိုက်ထိန်းသိမ်းခြင်းသည်လည်း ထိုနည်းအတိုင်းပါပဲ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အလေ့အကျင့်များကို ပြုလုပ်ပေးတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများက သင့်ကို ကျေးဇူးတင်နေမှာဖြစ်ပြီး မိမိအသားအရေကို ဂရုစိုက်တဲ့အခါမှာတော့ သင့်ရဲ့အသားအရေက သင့်ကို ကျေးဇူးတင်နေမှာပါ။

လူတိုင်းကတော့ ဇရာကို မလွန်ဆန်နိုင်ပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ သင့်တော်မျှတဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်တဲ့အခါမှာတော့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့ ကူညီပေးပါတယ်။

သင့်အသက် ၂၀ အရွယ်မှာ အသားအရေက နုပျိုနေဆဲဖြစ်မှာဖြစ်ပြီး အသက် ၂၅ အရွယ်မှာတော့ ကောလဂျင်ထုတ်လုပ်မှုက တဖြည်းဖြည်းလျော့ကျသွားပါလိမ့်မယ်။ ဒီလိုနဲ့ ရုပ်ကအိုမင်းရင့်ရော်လာပါတော့တယ်။ အထူးသဖြင့် သင်သည် ဆေးလိပ်သောက်တတ်တဲ့သူဆိုရင်တော့ အိုမင်းရင့်ရော်မှုသည် ပိုမိုမြန်ဆန်လာပါတယ်။

ဒီလိုဇရာကို နှေးကွေးစေချင်တယ်ဆိုရင်တော့ မိမိအသက်အရွယ်အလိုက် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရပါလိမ့်မယ်။

အသက် ၂၀ အရွယ် ရောက်တဲ့အခါမှာတော့

skincare tips for men

လူငယ်လေးတစ်ယောက်လို အမြဲတမ်း ငယ်ရွယ်နုပျိုနေချင်တယ်ဆိုရင် အရေးအကြီးဆုံးအချက်ကတော့ မျက်နှာသစ်ဆေးက အရေးအကြီးဆုံးပါပဲ။ မျက်နှာသစ်ဆေးကို ကိုယ့်မျက်နှာအသားအရေနဲ့ လိုက်ဖက်တာအသုံးပြုရပါမယ်။ ထို့နောက် နေလောင်ကာခရင်မ်သည်လည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ အမြင်ထွက်တော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်လေး လူးပေးရပါမယ်။

အသက် ၃၀ ထဲ ဝင်လာတဲ့အခါ

skincare tips for men

ဒီအရွယ်မှာတော့ အရေးအကြောင်းတွေကို စပြီးသတိထားမိလာပါလိမ့်မယ်။ ဒီအချိန်မှာ အရေးအကြီးဆုံးပါတော့ အစိုဓာတ်ထိန်းခရင်မ်ပါပဲ။ စောစောက အသက် ၂၀ အရွယ်မှာ ပြုလုပ်ခဲ့တဲ့ မျက်နှာသစ်ဆေးနဲ့ နေလောင်ကာခရင်မ်ကိုလည်း အသက် ၃၀ အထိ ယူဆောင်လာခဲ့ပါ။ ထို့နောက် Moisturizer လေးပါ ထပ်ပေါင်းထည့်လိုက်တဲ့အခါ တင်းရင်းစိုပြေနေတဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

အသက် ၄၀ နှင့်အထက် ယောကျာ်းများအတွက်

skincare tips for men

ဒီအသက်အရွယ်ရောက်တဲ့အခါမှာတော့ အသက် ၂၀ နဲ့ ၃၀ အရွယ်မှာ ပြုလုပ်ခဲ့သလိုပဲ ဆက်လက်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ထပ်တိုးအနေနဲ့ကတော့ Serum အသုံးပြုပေးရမှာဖြစ်ပါတယ်။ Anti-Aging Serum အမျိုးအစား ဝယ်သုံးရမှာဖြစ်ပါတယ်။ ထို့နောက် ဗီတာမင်စီဓာတ် များများမှီဝဲရပါမယ်။ ဗီတာမင်စီဓာတ်သည် အသားအရေကို ၁၀ နှစ်ခန့် ငယ်ရွယ်သွားအောင် လုပ်ဆောင်ပေးပြီး အသားအရေကိုလည်း နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

ဒီအချက်လေးတွေက သင် ၄၀၊ ၅၀ ကျော်လာပေမယ့်လည်း ၂၀ ကျော်အရွယ်လေးလို အမြဲတမ်းနုပျိုနေစေမှာပဲဖြစ်ပါတယ်။

Source: Themanual.com

Featured Image Source: Insidechronicle.com