မိန်းကလေးတွေပဲ Skincare ပြုလုပ်သင့်တာမဟုတ်ပါဘူး။ ယောကျာ်းများသည်လည်း Skincare ပြုလုပ်သင့်ပါတယ်။ Skincare ပုံမှန်ပြုလုပ်မှသာလျှင် ကိုယ့်ရဲ့အသားအရေက ငယ်ရွယ်နုပျိုနေမှာဖြစ်ပြီး အရေးအကြောင်း၊ ပါးရေတွန့်ခြင်းတို့မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်အသားအရေကို အပျက်စီးမခံနိုင်တဲ့ ယောကျာ်းများအတွက် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဘယ်လို Skincare ရမလဲဆိုတာကို ဝေမျှပေးလိုက်ရပါတယ်။

Skincare မပြုလုပ်ခင်မှာ အရင်ဦးဆုံး ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲပါသလဲဆိုတာ သိထားသင့်ပါတယ်။

ပုံမှန်အသားအရေပိုင်ရှင်များအတွက်

skincare steps for men

အဆင့် (၁) – မျက်နှာသစ်ဆေးဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။

အဆင့် (၂) – တစ်ပတ်လျှင် နှစ်ကြိမ်ခန့် မျက်နှာကြေးချွတ်ပါ (သို့) ပေါင်းတင်ပါ

အဆင့် (၃) – တိုနာလိမ်းပါ။

အဆင့် (၄) – Serum အသုံးပြုပါ။

အဆင့် (၅) – Moisturizer လိမ်းကျံကာ မျက်နှာအစိုဓာတ်ဖြည့်ပါ။

အဆီပြန်သော အသားအရေပိုင်ရှင်များအတွက်

 

skincare steps for men

အဆင့် (၁) – မျက်နှာသစ်ဆေးဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။

အဆင့် (၂) – တစ်ပတ်လျှင် နှစ်ကြိမ်ခန့် မျက်နှာကြေးချွတ်ပါ (သို့) ပေါင်းတင်ပါ

အဆင့် (၃) – တိုနာလိမ်းပါ။

အဆင့် (၄) – Serum အသုံးပြုပါ။ Serum ကို Hyaluronic Acid ပါပြီး Lightweight ဖြစ်တဲ့ Serum မျိုးကို ရွေးချယ်သင့်ပါတယ်။

အဆင့် (၅) – Moisturizer လိမ်းကျံကာ မျက်နှာအစိုဓာတ်ဖြည့်ပါ။

အသားအရေ ခြောက်သွေ့သူများအတွက်

skincare steps for men

အဆင့် (၁) – မျက်နှာသစ်ဆေးဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။

အဆင့် (၂) – တစ်ပတ်လျှင် တစ်ကြိမ်သာ မျက်နှာကြေးချွတ်ပါ (သို့) ပေါင်းတင်ပါ

အဆင့် (၃) – တိုနာကိုတော့ တစ်ရက်လျှင် တစ်ကြိမ်သာ လိမ်းပါ။ အယ်လ်ကိုဟောမပါသော တိုနာကို သေချာရွေးဝယ်ပါ။

အဆင့် (၄) – Serum အသုံးပြုပါ။

အဆင့် (၅) – Moisturizer လိမ်းကျံကာ မျက်နှာအစိုဓာတ်ဖြည့်ပါ။

Sensitive အသားအရေပိုင်ရှင်များအတွက်

skincare steps for men

အဆင့် (၁) – မျက်နှာသစ်ဆေးဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။

အဆင့် (၂) – တစ်ပတ်လျှင် တစ်ကြိမ်သာ မျက်နှာကြေးချွတ်ပါ (သို့) ပေါင်းတင်ပါ

အဆင့် (၃) – တိုနာလိမ်းပါ။

အဆင့် (၄) – Serum အသုံးပြုပါ။

အဆင့် (၅) – Moisturizer လိမ်းကျံကာ မျက်နှာအစိုဓာတ်ဖြည့်ပါ။

Sensitive အသားအရေပိုင်ရှင်များအနေနဲ့ ကိုယ်သုံးမယ့် Product တိုင်းကို Mild ဖြစ်ပြီး ရနံ့မပါတဲ့ ထုတ်ကုန်များသာရွေးချယ်ဖို့ အထူးသတိပေးချင်ပါတယ်။

Source: Boots.com

Featured Image Source: istockphoto.com