အမျိုးသားအများစုရဲ့ မျက်နှာဟာအဆီပြန်လေ့ရှိကြပါတယ်။ ရာသီဥတုနည်းနည်းလောက်ပူလာတာနဲ့ မျက်နှာမှာချွေးနဲ့ အဆီပြန်မှုတွေက မြင်မကောင်းအောင်ဖြစ်လာတက်ပါတယ်။ ဒီနေ့မှာတော့ အဆီပြန်တက်တဲ့ မျက်နှာအသားရေပိုင်ရှင်တွေအနေနဲ့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကိုပြောပြပေးချင်ပါတယ်။
(၁) မျက်နှာသစ်ဆေးမှန်ကန်အောင်ရွေးချယ်ပါ
Source : Pinterest
အဆီပြန်တက်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာသစ်ဆေးကို အထူးဂရုစိုက်ရွေးချယ်ဖို့ လိုပါတယ်။ သာမာန်မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတုံးလို အပြင်းစားဆပ်ပြာတွေနဲ့ အလွယ်တကူမျက်နှာသစ်တာမျိုးတွေက သင့်ကိုပိုပြီးအဆီပြန်စေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အဆီပြန်တက်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်အသုံးပြုသင့်ပါတယ်။
(၂) အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
Source : Gentleman’s Journal
မျက်နှာအသားအရေအတွက် အစိုဓာတ်ထိန်းသိမ်းခြင်း အဆင့်ကလည်း ကျော်မသွားသင့်ပါဘူး။မျက်နှာသစ်ပြီးခါစအချိန်မျိုးတွေမှာ အသားရေနူးညံ့စိုပြေစေဖို့ အစိုဓာတ်ထိန်းခရင်မ် မဖြစ်မနေလိမ်းပေးရမှာဖြစ်ပါတယ်။သတိထားရမှာတစ်ခုက အစိုဓာတ်ထိန်းခရင်မ်တွေဟာ များများလိမ်းလေ ထိရောက်လေဆိုတာတော့ မဟုတ်ပါဘူး။ အစိုဓာတ်ထိန်းခရင်မ်အများအပြားလိမ်းမယ်ဆိုရင် ပိုပြီးအဆီပြန်စေနိုင်ပါတယ်။အကောင်းဆုံးကတော့ အဆီဓာတ်ပါဝင်မှုနည်းတဲ့ သဘာဝအသီးအနှံတွေနဲ့ပြုလုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်မျိုးလိမ်းသင့်ပါတယ်။
(၃) ဆီစုပ်စက္ကူသုံးပါ
Source : Wix
အဆီပြန်တက်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ အပြင်သွားတဲ့အခါ အထူးနေပူထဲသွားတဲ့အခါတွေမှာ မျက်နှာတစ်ခုလုံးအဆီကွက်တွေ ဖြစ်လာတက်ပါတယ်။ဒီလိုဖြစ်တဲ့အခါဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုက မျက်နှာအတွက် သီးသန့်ထုတ်ထားတဲ့ ဆီစုပ်စက္ကူလေးတွေနဲ့ မျက်နှာပေါ်က အဆီတွေကို သုတ်ပေးလို့ရပါတယ်။ အသုံးပြုရလွယ်ကူပြီး ကတိကထလည်းမများတာကြောင့် အလွယ်တကူအိတ်ထဲဆောင်သွားလို့ရပါတယ်။
(၄) ရွံစေး Mask အသုံးပြုပါ
Source : Man of the Hour
ရွံစေးနဲ့ ပြုလုပ်ထားတဲ့ Face Mask တွေဟာ အဆီပြန်မှုကိုသက်သာစေပြီး မျက်နှာပေါ်က အညစ်အကြေးနဲ့ အမဲစက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ဒါကြောင့် တစ်ပတ်ကိုအနည်း ၂ ကြိမ်ခန့် Mask ကပ်သင့်ပါတယ်။ Mask အသုံးပြုတဲ့အခါ အချိန်အကြာကြီးထားတာမျိုး Mask ကပ်ပြီး အိပ်တာမျိုးတော့ ရှောင်ကျဉ်သင့်ပါတယ်။နာရီဝက်လောက်မျက်နှာမှာကပ်ထားရုံနဲ့ လုံလောက်ပြီး မှန်ကန်တဲ့ထိရောက်မှုဖြစ်စေမှာပါ။