တကယ်လို့ သင်မနက်အိပ်ယာထတဲ့အခါ ဆပ်ပြာနဲ့မျက်နှာသစ်ပြီးတာနဲ့ အိမ်အပြင်တန်းထွက်တယ်ဆိုရင် သင့်အသားအရေထိန်းသိမ်းမှုကို ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ သင့်အိမ်မှာ သင်အမှန်တကယ်အသုံးမပြုတဲ့ မျက်နှာသစ်ဆေးတွေ ခရင်မ်တွေဝယ်ဖို့ အကြုံမပြုချင်ပါဘူး။ ဒါပေမယ့် သင့်အသားအရည်အတွက် အခုပြောပြမယ့် အသားအရည်ထိန်းသိမ်းမှုဆိုင်ရာ အကြံပြုချက် (၅)ချက်ကိုတော့ လိုက်နာစေချင်ပါတယ်။

မျက်နှာသစ်ဆပ်ပြာကောင်းကောင်းသုံးပါ

Source : Clínicas Persona

ဒါကိုတော့ ယောက်ျားလေးတိုင်းသိပေမယ့် အများစုက မျက်နှာသစ်ဆပ်ပြာကောင်းကောင်း မသုံးတာ ဒါမှမဟုတ် လုံးဝမသုံးတဲ့သူတွေတောင်ရှိပါတယ်။ ယောက်ျားလေးတွေလည်း မိန်းကလေးတွေလိုမျက်နှာသစ်ဆပ်ပြာကောင်းကောင်းတမျိုးရှိဖို့ အရေးကြီးပါတယ်။ ဒါမှသာ မျက်နှာပေါ်က ဆီနဲ့အညစ်အကြေးတွေကို သန့်စင်နိုင်မှာပါ။

ဈေးပေါတဲ့ မုတ်ဆိတ်ရိပ်ဓါးကို မဝယ်ပါနဲ့

Source : istoke

ယောက်ျားလေးအများစုက တပတ်မှာ ၅ ကြိမ်ခန့် မုတ်ဆုတ်ရိတ်တတ်ကြပါတယ်။ အရည်အသွေးကောင်းတဲ့ မုတ်ဆိတ်ရိတ်ဓါးက အချိန်တော်တော်ကြာအသုံးခံတဲ့အတွက် သင့်အသားအရေနဲ့ မုတ်ဆိတ်အထူအပါးပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။ မုတ်ဆိတ်ရိတ်ခရင်မ်အသုံးပြုပေးရင်လည်း ကောင်းပါတယ်။ ဒါမှသာ သင့်မျက်နှာအသားအရေမပျက်စီးအောင် ကာကွယ်နိုင်မှာပါ။

After shave သုံးပေးပါ

Source : Luxury Shaves

မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ သုံးတဲ့ After shave သုံးပေးတာကလည်း အသားအရေကိုအစိုဓာတ်ပြည့်ဝစေပြီး နူးညံ့ချောမွေ့စေမှာပါ။ ဒါပေမယ့် အရက်ပြန်က အသားအရေကို ပိုမိုခြောက်သွေ့စေတဲ့အတွက် သင့်ရွေးချယ်လိုက်တဲ့ After shave မှာ အရက်ပြန်မပါဝင်တဲ့ ( Alcohol free) အမျိုးအစားမျိုးဖြစ်ဖို့ သတိထားပေးပါ။

မျက်နှာအစိုဓာတ်ကိုထိန်းဖို့ moisturizer လိမ်းပေးပါ

Source : CASSIUSLife.com

မျက်နှာပေါ်က အမွှေးအမျှင်တွေက ယောက်ျားလေးတယောက်အနေနဲ့ ဆွဲဆောင်မှုရှိစေပါတယ်။ နေ့စဉ်အစိုဓာတ်ဖြည့်တင်းပေးခြင်းက နူးညံတဲ့မျက်နှာအသားအရေကို ရရှိစေပြီး အမွှေးနံ့မပါတဲ့ ထုတ်ကုန်တွေဆိုရင် နေရာမရွေးသုံးရလည်းလွယ်ကူပါတယ်။

နေရောင်ကာဆေးမသုံးဘဲ အပြင်မသွားပါနဲ့

Source : Grooming Essentials Blog

တကယ်လို့သင်က ဈေးဝယ်ရင်း SPF ပါဝင်မှု 30 သို့မဟုတ် ပါဝင်မှုပိုများတဲ့ နေရောင်ကာလိမ်းဆေးကိုတွေ့တဲ့အခါ သင့်ရဲ့လမ်းကြောင်းကို အဲ့နေရာကိုသာဦးတည်လိုက်ပါ။ နေရောင်ကာဆေးမသုံးတဲ့ အမျိုးသားတွေက နေရောင်ခြည်ကြောင့်အသားအရေပျက်စီးနိုင်ခြေ ပိုများတဲ့အတွက်ပါ။ နေရောင်ကြောင့် အသားအရေနီမြန်းတာ၊ ယားယံတာနဲ့ အရေပြားကင်ဆာအထိတောင်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေ့တိုင်း နေရောင်ကာလိမ်းဆေးအသုံးခြင်းက သင့်ကိုပိုမိုနုပျိုပုံပေါက်စေမှာပါ။