ယနေ့ခေတ်လို ဖုန်မှုန့်နှင့် လေထုညစ်ညမ်းမှု ပိုမိုများပြားလာတဲ့ ခေတ်ကြီးထဲတွင် Skincare ထုတ်ကုန်များ အသုံးပြု ခြင်းကို အမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုလာကြပါတယ်။ Skincare သည် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။

သို့သော် Skincare အလွန်အကျွံ အသုံးပြု ခြင်းသည်လည်း အသားအရေကို ပျက်စီးသွားစေနိုင်တာကိုလည်း သတိထားသင့်ပါတယ်။ အရေပြားဆရာဝန်များသည် သင်က Skincare ထုတ်ကုန်အသစ်တစ်မျိုး အသုံးပြုတော့မယ်ဆိုရင် သေသေချာချာဂရုတစိုက်ဖြင့် လေ့လာစောင့်ကြည့်သင့်ကြောင်း အကြံပြုထားပါတယ်။ မျက်နှာပေါ်မှာ တိုက်ရိုက်မလိမ်းကျံခင်မှာ လက်ကောင်ဝတ် (သို့) လည်ပင်းအသားအရေပေါ်တွင် အရင်ဦးဆုံး လိမ်းကျံပေးလိုက်ပါ။ ၂၄ နာရီအတွင်း ယားယံမှုမရှိဘူးဆိုရင်တော့ ထို Skincare ထုတ်ကုန်အသစ်ကို စိတ်ချလက်ချ အသုံးပြုနိုင်ပါပြီ။

ကိုယ်အသုံးပြုနေကျ Skincare နဲ့ မတည့်တာမျိုးရော မရှိနိုင်ဘူးလား။

Skincare အသုံးပြု

ကိုယ် အသုံးပြုနေကျ Skincare နဲ့ မတည့်တော့တာမျိုးလည်း ရှိနိုင်ပါတယ်။ အရင်ကတော့ သုံးနေစဉ်မှာ အဆင်ပြေနေပေမယ့် လတ်တလောကျမှ မတည့်သလို ခံစားနေရသလား။ တကယ်လို့ အခုဖော်ပြမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်ဆိုရင် အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်လိုက်ရမှာပဲဖြစ်ပါတယ်။

အသားအရေက အရင်ကထက် သိသိသာသာ အဆီပြန်လာခြင်း

Skincare အသုံးပြု

အရင်တုန်းကတော့ တည့်ပေမယ့် နောက်ပိုင်းကျမှ သိသိသာသာ အဆီပြန်လာတာမျိုး ခံစားရပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ Skincare အသုံးပြု ခြင်းကို ရပ်တန့်ပစ်လိုက်သင့်ပါတယ်။

ခန္ဓာကိုယ်အနှံ့ ယားယံလာသလို ခံစားရခြင်း

Skincare အသုံးပြု

တစ်ခါတစ်လေမှာ အရေပြားယားယံခြင်းသည် ချက်ချင်းလက္ခဏာမပြတာမျိုးတွေရှိတတ်ပါတယ်။ အရေပြားအထူးကုပညာရှင်တစ်ယောက်ရဲ့ ပြောကြားချက်အရ အရေပြားဓာတ်မတည့်ခြင်းသည် ယားယံဖို့အတွက်ဆိုရင် အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ်အထိ ကြာမြင့်တတ်တယ်လို့ ပြောကြားထားပါတယ်။

အသားအရေ အရောင် မညီမညာဖြစ်လာတဲ့အခါ

man skin

နေလောင်ကာခရမ်ကို အသုံးပြုတာတောင်မှ နေလောင်ဒဏ် ခံရတယ်ဆိုရင် သင့်ရဲ့နေလောင်ကာခရင်မ်သည် နေဒဏ်မှ လုံလောက်အောင် မကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ အသားအရေက ဟိုတစ်ကွက်၊ ဒီတစ်ကွက် အရောင်တွေ မညီမညာဖြစ်လာပါသလား။ ဒါသည်လည်း အရေပြားဓာတ်မတည့်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပစ်ဖို့လိုအပ်ပါတယ်။

အသားခြောက်ခြင်း၊ အသားကွာခြင်း၊ နီမြန်းခြင်းတို့ ခံစားရတဲ့အခါ

man skin

သင့်အသားအရေက ပုံမှန်ထက် ပိုမိုနီမြန်းလာသလို မြင်တွေ့နေရတယ် အသားအရေကလည်း အလွန်အမင်း ခြောက်လာပြီး ခြောက်လွန်းလို့ အရေပြားတွေပါ အဖတ်လိုက် ကွာကျနေတယ်ဆိုရင်တော့ ထို Skincare အသုံးပြုခြင်းကို (လုံးဝ) ရပ်တန့်ပစ်လိုက်သင့်ပါပြီ။

အခြေအနေက အလွန်အမင်းဆိုးဝါးလာပါက အရေပြားဆရာဝန်ထံကုသမှုခံယူသင့်ပါတယ်။

Source: Thehealthy

Featured Image: Asterclinic