အိပ်စက်ခြင်းက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ်တဲ့အဓိက အရာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်စက်ချိန်ရှိခြင်းက အောင်မြင်မှု အာရုံစူးစိုက်နိုင်မှု ပျော်ရွှင်မှုတို့နဲ့ အများကြီးဆက်နွယ်နေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ လူတိုင်းလိုလိုသိထားသင့်တဲ့ အိပ်စက်ခြင်းဆိုင်ရာ အလေ့အထတချို့ကို စာဖတ်သူတို့ သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်ချိန်နီးမှ အစားစာခြင်းကို ရှောင်ကျဉ်ပါ

Source : Exploring your mind

အိပ်ချိန်နီးမှအစားစားတာဟာ အစာချေစနစ်ကို ကမောက်ကမဖြစ်စေပြီး အစာအိမ်က ခက်ခက်ခဲခဲ အစာချေဖျက်ရပါတယ်။ဒါကြောင့် ကောင်းစွာအိပ်ပျော်နိုင်ဖို့လည်း ခဲယဉ်းသွားပြီး အိပ်စက်မှုကို အနှောက်ယှက်ဖြစ်စေပါတယ်။ အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီလောက်ခွာပြီးအစားစားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

(၂) ကဖိန်းဓာတ်နဲ့ ယမကာသုံးစွဲခြင်းကိုရှောင်ပါ

Source : The Daily Beast

ကဖိန်းဓာတ်က သင့်ရဲ့ဦးနှောက်ကို နိုးကြားတက်ကြွစေတာကြောင့် ညဘက်မှာကောင်းစွာအိပ်ပျော်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။နောက်တစ်ခုဖြစ်တဲ့ အရက်ဘီယာကဲ့သို့ ယာမကသုံးစွဲခြင်းက သင့်ကိုကောင်းကောင်းအိပ်ပျော်စေနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။တကယ်တော့မဟုတ်ပါဘူး။ အိပ်ပျော်နေစဉ် သင်ကိုယ်တိုင်မသိလိုက်ပဲ မကြာခဏနိုးလာတာကြောင့် အိပ်ရေးပိုပြီးပျက်စေပါတယ်။

(၃) မီးပိတ်အိပ်ပါ

Source : iStock

အမှောင်ထုက အိပ်စက်ခြင်းစက်ဝန်းကို အမှန်တကယ်ထိန်းညှိပေးနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုဖြစ်ပါတယ်။ အခန်းကမှောင်လေလေ သင့်ကိုပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးလေဖြစ်ပါတယ်။ဒါကြောင့်အခန်းမီးတွေပိတ်အိပ်ပါ။ sleep mask လိုအလင်းကိုကာကွယ်ပေးတဲ့ မျက်နှာဖုံးလေးတွေတပ်ပြီးအိပ်လို့လည်းရပါတယ်။

(၄) အလွန်အကျွံအိပ်စက်ခြင်းကိုရှောင်ပါ

Source : Pinterest

အိပ်စက်ခြင်းက ခန္ဓာကိုယ်အတွက် အားအင်တွေပြန်လည်ဖြည့်တင်းပေးတဲ့ သဘာဝနည်းလမ်းဆိုပေမဲ့လည်း အလွန်အကျွံအိပ်ရင်တော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အရွှယ်ရောက်ပြီးလူတစ်ယောက်အနေနဲ့ တစ်ရက်ကို ၈နာရီဝန်းကျင်အိပ်စက်ရင်လုံလောက်ပါတယ်။ဒီလိုမှမဟုတ်ဘဲ အလွန်အကျွံအိပ်မယ်ဆိုရင်တော့ နှလုံးရောဂါ ဆီးချိုနှင့် စိတ်ကျရောဂါတွေဖြစ်စေနိုင်ပါတယ်။