စိတ်ဖိစီးမှု အရမ်းများလို့ ညအိပ်မပျော်နိုင်ဖြစ်တဲ့ အချိန်မျိုးကြုံရတဲ့အခါ နောက်တစ်နေ့ ပိုလို့တောင် စိတ်ဖိစီးမှုတွေ များလာပါသေးတယ်။ စိတ်ဖိစီးမှုတွေ မခံစားရဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ဒီအချက်တွေက သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။

၁။ အလင်းရောင်ကို ကြည့်ပါ

Source : pixel.com

အိပ်ယာနိုးပြီး ၅ မိနစ်အတွင်း မိမိဦးနှောက်ကို “မနက်ခင်း” ရောက်နေပြီ ဖြစ်ကြောင်း အသိပေးဖို့ ကိုယ့်ကိုကိုယ် နေအလင်းရောင်နဲ့ အနည်းဆုံး မိနစ် ၃၀ ထိတွေ့နိုင်အောင် ကြိုးစားပါ။

၂။ မနက်ခင်း လေ့ကျင့်ခန်းလုပ်ပါ

Source : pixel .com

မနက်ခင်း လေ့ကျင့်ခန်း မိနစ် (၃၀) လောက် ပုံမှန်လုပ်တဲ့ လူတွေဟာ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေထက် မြန်မြန်ပိုအိပ်ပျော်ပါတယ်။ အချိန်ကြာကြာပို အိပ်ကြပြီး ၇၅% က နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်စက်အနားယူနိုင်ကြတယ်လို့ သုတေသနပြုချက် အသစ်တစ်ခုမှ ဖော်ပြထားပါတယ်။

၃။ ယောဂကျင့်ပါ

Source : yoga type .com

ယောဂထိုင်ခြင်းဟာ အလွန်တရာမှ ကောင်းမွန်ပါတယ်။ ယောဂကျင့်စဉ်ကို တစိုက်မတ်မတ် လုပ်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

၎။ ညနေစာအတွက် ကစီဓာတ်များတဲ့အစာကို အနည်းငယ်သာစားပါ

Source : pixel.com

မျောက်ဥ၊ ကန်စွန်းဥ သို့မဟုတ် (Pasta) အီတလီခေါက်ဆွဲခြောက်စသည့် အစားအစားတွေ စားသုံးခြင်းဖြင့် ရရှိတဲ့ အင်ဆူလင်က ပိုမိုလျင်မြန်စွာအိပ်ပျော်စေပါလိမ့်မယ်။